
ကလေးကိုအိပ်တတ်အောင်သင်ပေးရမယ်… အပိုအလုပ်တွေ..သူ့ဘာသာအချိန်တန်တော့အိပ်တတ်သွားမှာပေါ့..ဘာသင်စရာလိုလို.လဲ..
ဟုတ်ပါတယ်…အချိူ.ကံကောင်းတဲ့ မေမေတွေမှာ မွေးပြီးလအနည်းငယ်အကြာမှာပဲသူ့အလိုလို ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး ၊အအိပ်နှစ်သက်တဲ့ကလေးလေးတွေရှိကြပါတယ်။ ဒါပေမယ့်ကျမတို. မေမေတော်တော်များများမှာတော့ ကလေး ညဘက်ခဏခဏထလို. အိပ်ရေးပျက်တဲ့ဒါဏ်ကိုအလူးအလဲခံရတတ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာ အဖေရောအမေပါအလုပ်လုပ်ရတဲ့မိဘတွေအတွက်တော့ အိပ်ရေးမ၀လို. စိတ်မကြည်တာ စိတ်မရှည်တာအလုပ်မှာလည်း performance စွမ်းဆောင်မှုကျတာတွေရှိလာတဲ့အခါတစ်မိသားစုလုံးအတွက်မကောင်းပါဘူး။
ဒီ အကြောင်းအရာကိုမပြောမီကျမအကြောင်းလေးနဲနဲပြောပါရစေ။ ကျမက အလုပ်ကို ကလေးမွေးတဲ့နေ.အထိ full-time လုပ်ခဲ့ပြီး မွေးပြီး ၃လ ကလေးနဲ.တူတူနေနိုင်ဖို. ခွင့်ရက်လေးတွေကိုစုထားခဲ့ရသူပါ။ ဒီအနောက်နိုင်ငံမှာ တစ်လလုပ်မှတစ်လစား အိမ်ဖိုး ကားဖိုး ကျောင်းကြွေးတွေပေးဖို. အလုပ်ထွက်ချင်ရင်တောင် မထွက်နိုင်သူတွေများပါတယ်။ အဲ့ဒီတော့ကလေး ၃လအရွယ်မှာ ကျမအလုပ်ပြန်သွားရပါတယ်။ အဲ့ဒီမှာကြုံရတဲ့ပြဿနာက ကလေးကညဘက် ၃နာရီ ၄နာရီ ထက်ဆက်တိုက်ပိုမအိပ်ပါဘူး။ ကျမတို.မှာ အိမ်အကူလဲမရှိအတူလာနေမယ့်ဆွေမျိုးလည်းမရှိပါဘူး။ ဒီတော့ ဖေဖေနဲ.မေမေဒီလိုပဲ အလှည့်ကျထပြီးကလေးကြည့်ရပါတယ်။ ၁လလောက်ကြာတော့မပြောင်းလဲလာတာနဲ.ကျမ လည်း ကလေးအိပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းတွေကိုအသည်းအသန်ရှာမိပါတယ်။ ဒီနိုင်ငံမှာ ကလေးကို အိပ်တတ်အောင်သင်ကြားပေးတဲ့ သင်တန်းတွေရှိပါတယ်။ အဲ့ဒီအထဲမှာ takingcarababy ဆိုတဲ့ လူထောက်ခံမှုများတဲ့ website ကနေသင်တန်းလေးကို ၀ယ်လိုက်ပြီး လိုက်လုပ်ကြည့်ဖို.ဆုံးဖြတ်ခဲ့တယ်။ ကျမရဲ. ဆုံးဖြတ်ချက်မှန်ကန်တယ်လို.ဆိုရမလား သမီးလေးက ၅လအရွယ်လောက်မှာ ညဘက်၈နာရီလောက်ဆက်တိုက်အိပ်ပြီး ၆လအရွယ်မှစပြီး ည ၇နာရီမှ မနက်၇နာရီအထိ ၁၂နာရီ ကြာဆက်တိုက်အိပ်တတ်သူလေးတစ်ယောက် ဖြစ်လာပါတယ်။ အခုသမီး က၁နှစ် ၁လအရွယ်ပါ။ အမြဲပြုံးရွှင်နေတတ်ပြီးအိပ်ချိန်မှန် စားချိန်မှန် အလွန် active ဖြစ် သူလေးမို. ၁၀လခွဲမှာတင်လမ်းလျှောက်တတ်နေပါပြီ။ ဒီ milestone ဖွံဖြိုးမှုမိုင်တိုင်တွေကိုစောစောရောက်တာ အငိုနည်းတာတွေက အိပ်ရေး၀တာနဲ.ဆက်စပ်နေမယ်လို.ကျမယုံကြည်ပါတယ်။ အဲ့ဒါကြောင့်ကျမသိထားတဲ့ အကြောင်းအရာလေးတွေကို အကုန်ဖောက်သည်ပြန်ချပါမယ်နော်။
- sleep training စမလုပ်ခင် ကလေးရဲ.ကိုယ်အလေးချိန်ဟာ မွေးတဲ့အချိန်ထက် ၂ဆကျော်ရှိနေရပါမယ် ။ဥပမာ- မွေးတဲ့အချိန်မှာ၆ပေါင်ရှိတဲ့ကလေးကို အနည်းဆုံး ၁၂ပေါင်ပြည့်တဲ့အထိ လိုသလောက် ညဘက် နို.တိုက်ပေးရနိုင်တဲ့အတွက် အဲ့ဒီအချိန်ထိတော့သည်းခံပြီးစောင့်ပေးပါ။ ကလေးဝိတ်နှစ်ဆတက်ပြီဆိုရင်တော့ ဒီ training ကို ကလေး ၃ လ၄လအရွယ်မှစတင်နိုင်ပါတယ်။
- တကယ်တော့အိပ်ရာထဲခေါင်းချတဲ့အချိန်ကနေ မနက်မိုးလင်းတဲ့အချိန်ထိ တဆက်တည်းအိပ်တဲ့သူဆိုတာမရှိပါဘူး ။ sleep cycle အိပ်လိုက်နိုးလိုက် ဖြစ်တဲ့အချိန်တွေဟာဆက်တိုက်ဖြစ်နေလို. တဆက်ထဲအိပ်တယ်လို.ထင်ရတာပါ။ အချို.ကျတော့လဲ နိုးပြီးပြန်အိပ်မပျော်တဲ့အချိန်တွေရှိတတ်ပါတယ်။ များသောအားဖြင့်တော့ ကျမတို.ဟာ နိုးလာရင်ဘယ်လိုကြိုးစားပြီးပြန်အိပ်ရမလဲဆိုတာသိပါတယ်။ ဒါပေမယ့်ကလေးငယ်လေးတွေဟာ ဒီလိုမျိုးမသိသေးပါဘူး..သူတို.သိတာက မေ့မေ့ရင်ဘတ်နွေးနွေးလေးထဲမှာအိပ်ပျော်သွားတယ် နိုးလာတော့မေမေမရှိတော့ဘူး နွေးလဲမနွေးတော့ဘူး။ အဲ့ဒီတော့အော်ငိုမယ်။ မေမေပြန်လာမယ် အိပ်ပျော်သွားအောင်ပြန်လုပ်ပေးမယ်။
- အဲဒါကြောင့်ရှေ့လူကြီးတွေကကလေးအိပ်ပျော်သွားရင်နွေးနွေးလေးဖြစ်အောင် ရင်ဘတ်လေးပေါ်မှာ အ၀◌တ်ခေါင်းအုံးလေးတင်ပေးထားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင် ကလေးမျက်နှာပေါ်ရောက်ပြီး အသက်ရှူလမ်းကြောင်းပိတ်တာဖြစ်နိုင်တာမို. ကျမကတော့ ညဘက်မလုပ်ပါဘူး။အနှီးနဲ.ထုတ်တဲ့အရွယ်ကနေလွန်တဲ့အခါကလေးကို wearable blanket နဲ.သိပ်ပါတယ်။
- ၃လ ၄လအရွယ်ကလေးလေးတွေဟာ လုပ်ရိုးလုပ်စဉ်အရာတွေ ခဏခဏတွေ့ကြုံနေရတာတွေကို သူတို.မှတ်မိနေပါပြီ။ အိပ်ရာမ၀င်ခင်မေမေကရေချိုးပေးတယ် နို.တိုက်ပြီး သီချင်းဆိုတယ် ပြီးတော့မေ့မေ့ရင်ဘက်နွေးနွေးလေးထဲမှာအိပ်ပျော်သွားတယ်။ ဒီအရွယ်ဟာဒီလို sequence ဘာပြီးရင်ဘာလာတယ်ဆိုတဲ့ သိတတ်မှုလေးကို အခွင့်ကောင်းယူပြီး ကလေးကို sleep foundation သူ့ဘာသူအိပ်တတ်တဲ့အကျင့်ဖြစ်အောင်သင်ပေးဖို.အချိန်ဖြစ်ပါတယ်။
- ဒီအောက်မှာဖော်ပြထားတဲ့ အချက် ၇ချက်ကိုသုံးပြီး sleep training လေးစတင်နိုင်ပါတယ်။ အရွယ်ကြီးသွားတဲ့ကလေးတွေအတွက် ဒီ နည်းက အသုံးဝင်ချင်မှဝင်ပါ့မယ်။
- Fill the tank- maintaining adequate feeding during the day နေ.ဘက်မှာ နို.ကို ၂နာရီမှ၄နာရီ ခြားတိုင်း လိုသလောက်တိုက်ပေးဖို.လိုပါမယ်။ နေ.လည်မှာကောင်းကောင်းနို.မသောက်တဲ့ကလေးက ညဘက်နို.ဆာတာသဘာ၀ပါပဲ။
- Check the engine- examining your nightly routine ပတ်၀န်းကျင်ကိုလေ့လာပါ။ ကလေးအိပ်တဲ့နေရာက TVအလင်းရောင်ဝင်တာ၊ ပြင်ပသံတွေအရမ်းဆူညံနေတဲ့ နေရာမျိုးမ ဖြစ်ရပါဘူး။ အလင်းရောင်ကကလေးရဲ.ဉီးနှောက်ကိုလုံ့ဆော်ပေးနိုင်လို. ကလေးအိပ်တဲ့နေရာကိုကာပေးထားမယ်။ sound machine လိုခေါ်တဲ့ မိုးရွာတဲ့အသံလို ရေလှိုင်းသံလိုမျိုးအသံထုတ်ပေးတဲ့စက်လေးတွေရှိရင်လည်း အသုံး၀င်နိုင်ပါတယ် ဒါကတော့ အပြင်ကအသံတွေကိုဖုံးပြီးကလေး sleep cycle တခုနဲ.တခုအပြောင်းမှာလွယ်ကူစေဖို.ပါ။ နောက်ပြီး ရှေ့မှာပြောထားသလို အကျင့်လေးတွေမှတ်မိတတ်တဲ့ကလေးသဘာ၀ကိုအခွင့်ကောင်းယူပြီး sleep routine အိပ်ရာ၀င်အကျင့်လေးတခုခုလုပ်ပေးပါ။ နေ.တိုင်းလုပ်ပေးဖို.တော့အရေးကြီးပါတယ်။ ကျမ routine ကတော့ ရေချိုးlotion လိမ်း pajama လဲ၊ စာအုပ်ဖတ်ပြ သီချင်းဆိုပြီး နို.တိုက်သိပ်တာပါ။
- Set the Cruise control- allowing your baby to put themself to sleep ဒါက အရေးကြီးပါတယ်။ အတိုက S.I.T.B.A.C.K ပါ -Stop- ကလေးနိုးတိုင်းအော်ငိုတိုင်းထမကြည့်ပါနဲ. ဟုတ်ပါတယ် အချို.မေမေတွေလက်ခံချင်မှလက်ခံပါမယ်။ ဒါပေမယ့်ကလေးကို သူ့ဘာသာပြန်အိပ်တတ်အောင်လေ့ကျင့်ဖို.၅ မိနစ်အချိန်လေးပေးပါ။ ဒါမှမအိပ်ဘူးဆိုရင် Increase sound machine အသံစက်လေးကို အသံချဲ့ပေးပါ အချိန် ၂မိနစ်ပေးပါ။ ဒါလည်းမရဘူးဆိုရင် Touch baby’s chest ကလေးရင်ဘက်လေးကို လက်ဖဝါးနဲ. အသာလေးဖိထားပါ။ကလေးဘယ်လောက်ငိုငိုအဲ့လိုလေးပဲ၂ မိနစ်နေပေးပါ။ မရဘူးဆိုရင် Binky ချိုလိမ် သုံးပါ။ ချိုလိမ်မကြိုက်တဲ့ကလေးဆိုရင်အခြားအဆင့်ကိုကျော်ပါ။ ကလေးကချိုလိမ်ကိုထွေးထွေးထုတ်နေမယ်ဆိုရင် နောက်တဆင့် Add in rocking of baby’s body ကလေးကိုအိပ်ရာထဲမှာပဲဟိုဘက်ဒီဘက်အသာလေးလှုပ်ပေးပါ ဖင်လေးပုတ်ပေးပါ။ အဲ့ဒါကိုလည်း ၂ မိနစ်အချိန်ပေးပါ။ မရရင်နောက်တဆင့်က cuddle ပွေ့ချီလိုက်ပြီး ၂မိနစ်လှုပ်သိပ်ပေးပါ။ ဒါလည်းမရဘူးဆိုရင်တော့ နောက်ဆုံးအဆင့် K its time to feed နို.တိုက်လိုက်ပါ။ ဒါကတော့နောက်ဆုံးအဆင့်ပါ၊ဘာလို.လဲဆိုတော့ နို.တိုက်မှအိပ်ပျော်ရင် အမြဲတမ်း နို.ထတိုက်နေရတော့မှာပါ။ ကျမမှားခဲ့တဲ့အတွေ့အကြုံကတော့ အဆင့်ကျော်တာပါပဲ ကလေးငိုနေတာ ချိုလိမ်ထည့်ပေးလိုက်ရင်တမ်းတိတ်သွားတာပဲ အိပ်ချင်နေတော့ ချိုလိမ်ပဲတပ်ပေးမိတယ်၊ ပြီးတော့ အချိန်အပြည့်မစောင့်နိုင်ပဲ တဆင့်ကနေ နောက်တဆင့်ကိုမြန် မြန်ကူးလိုက်တာ။ အဲ့ဒါတွေကိုတွေ့ကြုံခဲ့ရပေမယ့်အားမလျော့ပဲ သေချာဆက်လုပ်လိုက်တာ ၁ပတ်လောက်အကြာမှာ ကလေးက ၈နာရီ ၉နာရီလောက်စအိပ်ပါတယ်။
- Top off the tank- considering a dream feed ဒါကတော့ကလေး ဗိုက်ပြည့်တာသေချာအောင် တညလုံးကောင်းကောင်းအိပ်နိုင်အောင် ည ၉နာရီခွဲကနေ ည၁၁နာရီအတွင်းမှာ အိပ်နေတဲ့ကလေးကို နို.ထပ်တိုက်တာပါ။၊ ကလေးကအိပ်ချင်မူးတူးနဲ. သောက်ပါလိမ့်မယ်။ ကလေးကမသောက်ရင် ဒါမှမဟုတ်ကလေးကနိုးသွားပြီးပြန်အိပ်ဖို.ခက်တာတွေဖြစ်နေရင်တော့ dream feed မလုပ်ပါနဲ.။
- Hit the break- planning to stop/reduce night wakings ဒါကတော့ခက်ကောင်းခက်ပါလိမ့်မယ်။ အပေါ်မှာပြောခဲ့တဲ့ကျမလုပ်ခဲ့တဲ့အမှားတွေလို အလွယ်နည်းမလိုက်ပါနဲ.။ အဆင့်မကျော်ပါနဲ.၊ ပထမပိုင်းမှာ ဒီအဆင့်တွေအကြာကြီးစောင့်ပြီးမှကလေးကအိပ်တယ်။တခါနိုးတိုင်းဒီအဆင့်တွေလုပ်နေရရင် အချိန်ကုန်တယ် အိပ်ရေးပိုပျက်တယ်လိုထင်ပါလိမ့်မယ်၊ ဒီတော့ အလွယ်ဆုံးနည်း နို.လေးထုတ်တိုက်လိုက်တာ ချိုလိမ်လေးပေးလိုက်တာတွေ လုပ်မိတတ်ပါတယ်။ ဒါပေမယ့်စိတ်ရှည်ရှည်နဲ. ၃ညလောက် ကြိုးစားကြည့်ပါ။ ရေရှည်အကျိူးရလဒ်ကိုခံစားရနိုင်ပါတယ်။ နောက်ပြီးတော့ realiastic goal သဘာ၀ကျတဲ့ပန်းတိုင်ထားပါ။ ညဘက် ၃ ခါ၄ခါ နို.ထသောက်နေတဲ့ကလေးဟာ ၃ရက်တည်းနဲ.တော့ ည ၈ နာရီဆက်တိုက်အိပ်ချင်မှအိပ်ပါလိမ့်မယ်။ ၃ခါ ကနေ ၂ခါ ၂ခါ ကနေ ၁ခါ နို.တိုက်ရတဲ့အကြိမ်ရေ ဒါမှမဟုတ်နို.တိုက်တဲ့အချိန်တာနည်းသွားတာဟာလည်း အောင်မြင်မှုတစ်ခုပါပဲ။
- Plan your rest stops- Handling Naps ဒါကတော့ နေ့လည်အိပ်ချိန်ပါ။နေ့လည်အိပ်ချိန်မှန်မှလဲ ညအိပ်ချိန်မှန်နိုင်မှာပါ။ ဒါပေမယ့် ကလေးတော်တော်များများဟာ ၅လ ၆လအထိ နေ.လည်အိပ်ချိန်ပုံမှန်မရှိသေးပါဘူး။ တနေ့မှာ အိပ်ချင်တဲ့အချိန်အိပ်မယ် ထချင်တဲ့အချိန်ထမယ်။ ၃လ၄လအရွယ်ရှိတဲ့ကလေးရဲ. wake window နိုးနေတဲ့အချိန်က ၁နာရီခွဲကနေ ၂ နာရီဆိုရင်ပုံမှန်ပါပဲ။ကလေးကြီးလာတာနဲ.အမျှ နိုးနေတဲ့အချိန်ကြာလာပါမယ်၊ အဓိကတော့ ညဘက်nighttime routine လိုပဲ ပုံမှန်လုပ်ရိုးလုပ်ဆင်လေးတွေရှိနေရင်ကောင်းပါတယ်။ကလေးကိုအပြင်သွားနေရင်းလက်ပေါ်မှာအိပ်ပျော်သွားစေတာ၊နေ့လည်မှာ အလွန်အမင်း အိပ်စေတာမဖြစ်အောင် အိပ်ချိန်၂နာရီကျော်ရင် နိုးပြီးနို.တိုက်ပေးပါ။ အရှေ့မှာပြောထားတဲ့ SITBACK ကိုတော့နေ့လည်ဘက်မှာလုပ်စရာမလိုပါဘူး ကလေးအိပ်ဖို.အရေးကြီးလို. အဆင်ပြေသလိုသိပ်ပါ။
- Unload the baggage – releasing the sleep props ကလေးပိုအိပ်ပျော်အောင် အနှီးထုပ်တာတို. လှုပ်ပေးတဲ့မွေ့ရာလေးတွေက ရေရှည်သုံးလို့မရပါဘူး။ ကလေးမှောက်တတ်တဲ့အချိန်ရောက်ရင် ဒါတွေသုံးနေရင်ပိုပြီးအနရာယ်ရှိနိုင်တာမို. ဒီလိုအချိန်ဖွံဖြိုးမှုမိုင်တိုင်တခုကနေတခု transition စပ်ကူးမပ်ကူးကာလတွေ ၊ကလေးနေမကောင်းတဲ့အချိန်၊ သွားပေါက်တဲ့အချိန်တွေမှာ sleep training မလုပ်ဖြစ်အောင်သတိထားပါနော်။
အခုပြောပြခဲ့တာကတော့၃လ၄လကစပြီး လုပ်ကြည့်လို.ရတဲ့ကျမဖတ်သားခဲ့ရတဲ့နည်းလေးတွေပါ။ကလေးနဲ.တအိပ်ရာထဲမှာ တူတူအိပ်တဲ့မေမေတွေ ကလေးငိုတာမခံစားနိုင်တဲ့မေမေတွေအတွက်ခက်ခဲမှာကို နားလည်ပါတယ်။ဒီအနောက်တိုင်းကမေမေတွေအတွက်အသုံးဝင်ပေမယ့် မြန်မာမေမေတွေအကုန်လုံးအတွက်တော့အသုံး၀င်ချင်မှလည်းဝင်မှာပါ။အချို.မေမေတွေမလုပ်ချင်တဲ့အပိုင်းတွေလည်းပါကောင်းပါနိုင်ပါတယ်။ ကလေးတစ်ယောက်နဲ.တစ်ယောက်ဟာလည်းမွေးရာပါပင်ကိုယ်ဗီဇလေးတွေမတူနိုင်တဲ့အတွက် အချို့ကလေးတွေအတွက်လွယ်လွယ်ကူကူပဲ ဖြတ်ကျော်နိုင်ပေမယ့် အချို့ persistent personality ဇွဲကောင်းလွန်းသောကလေးတွေအတွက်ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ကိုယ့်ကလေးနဲ့ကိုယ်အဆင်ပြေမယ့်အရာကိုပဲရွေးချယ်ကျင့်သုံးကြပါ။ ကလေးလေးတွေနှစ်နှစ်ချိုက်ချိုက်အိပ်လို့ မေမေတွေအိပ်မက်လှလှမက်နိုင်ကြပါစေရှင်။
လွပ်လပ်စွာ share နိုင်သည်
Burmese American Home