ကလေးနေ.လည်အိပ်စက်ချိန် (Nap Time) အခက်အခဲများ

ကလေးနေ.လည်အိပ်ချိန်ဟာ မေမေတွေအတွက်ပျော်ရွှင်ရတဲ့အချိန်ပါပဲ..ဘာလို.လဲဆိုတော့ ကလေးနေ.လည်အိပ်မှ ရေချိုးရမယ် ဟင်းချက်ရမယ်အိမ်ရှင်းနိုင်မယ် ခဏအနားယူနိုင်မယ်မဟုတ်လား….

ကလေးနေ.လည်အိပ်စက်ချိန်ဟာ အသက်၅လအောက်မှာ ပုံမှန်မရှိတတ်သေးပါဘူး ။၅လအောက်ကလေးတွေဟာ အိပ်ချင်တဲ့အချိန်အိပ်မယ် ထချင်တဲ့အချိန်ထမယ် တခါတရံ အိပ်ချိန် ၂ နာရီကျော်လို. နိုးပြီးနို.တိုက်ရတဲ့အချိန်တွေတောင်ရှိကောင်းရှိမယ်။ မွေးကင်းစ လသား ကလေးတွေကို အိပ်ချင်တဲ့ပုံပေါ်တိုင်းသိပ်ဖို.လိုအပ်ပေမယ့် ၅လကျော်သွားတဲ့ ကလေးတွေမှာ အိပ်ချင်တဲ့ အချိန်အိပ်မယ် ထချင်တဲ့အချိန်ထမယ် တခါတလေ အိပ်ချိန် က မိနစ်သုံးဆယ်လောက်ပဲရှိပြီးတခါတလေ ၂ နာရီကျော်ကြာမယ် တနေ.မှာ ၄ ခါလောက် အိပ်ပြီး နောက်နေ.ကျ ၁ ခါပဲအိပ်မယ်။ ဒီလိုအိပ်ချိန်မမှန်တာတွေရှိလာရင်တော့ မေမေတွေအနေနဲ. ဒီမေးခွန်းလေးတွေကိုကိုယ့်ကိုကိုယ်အရင်မေးကြည့်ပါ။

ကလေးအိပ်တဲ့နေရာနဲ. routine လုပ်ရိုးလုပ်စဉ်တွေကနေ.တိုင်းပြောင်းလဲနေသလား။ နေ.တိုင်းပြောင်းလဲနေရင်တော့ ကလေးကလည်း သူ.အိပ်ချိန်ကိုအပြင်ကလုံ.ဆော်မှုတွေအတိုင်းလိုက်ပြောင်းလဲပါလိမ့်မယ်။

အိပ်ယာ သို. ရာသီဥတုက အရမ်းပူလွန်းနေသလား။ ကလေးတွေဟာ အေးတဲ့အပူချိန်ရာသီ ဥတုမှာပူတဲ့ရာသီဥတုထက်ပိုအိပ်တာကိုလေ့လာတွေ့ရှိထားပါတယ်။ ကလေးကိုအေးမှာစိုးပြီး လိုတာထက်ပိုပြီး စောင်ခြုံပေးတာတို.အနှီးထုတ်တာတို.မလုပ်မိပါစေနဲ.နော်။

ကလေးအိပ်တဲ့နေရာကပြင်ပအလင်းရောင်တိုက်ရိုက်ကျနေသလား။ ဒါဆိုရင်တော့နေရောင်ကာတဲ့ လိုက်ကာလေးတွေလိုအပ်နေပါပြီနော်။

ကလေး ကသိပ်မပင်ပန်းသေးတာဖြစ်နိုင်လား။ ကလေးသိပ်မပင်ပန်းသေးပဲသိပ်မိရင် ကလေးက ခဏပဲအိပ်ပြီးပြန်နိုးလာတာဖြစ်တတ်ပါတယ်။ နာရီ၀က်လောက်သိပ်လို.မှ ကလေးအိပ်မပျော်ရင်လည်း ဆက်မသိပ်ပါနဲ.တော့ သူမပင်ပန်းသေးတာဖြစ်နိုင်ပါတယ်။ သူနဲ.ဆက်ဆော့ နာရီ၀က်လောက်နေမှပြန်ကြိုးစားကြည့်ပါ။ ပြင်းပြင်းထန်ထန်နဲ.အရမ်းစိတ်လှုပ်ရှားစရာကောင်းအောင်တော့မဆော့မိပါစေနဲ. နော်။ ဒါဆိုရင်လည်းချက်ချင်းအိပ်ပျော်ဖို.ခက်ပါတယ်။ အိပ်ခါနီးရင် စာအုပ်ဖတ်တာ ငြိမ်ငြိမ်သက်သက် puzzle ဆော့တာလေးတွေပဲလုပ်သင့်ပါတယ်။

ကလေးက နေ.ဘက်သိပ်အိပ်ဖို.မလိုတော့တာလား။ ကလေးလေးတွေဟာအသက်ကြီးလာတာနဲ.အမျှ နေ.လည်အိပ်ချိန် ၄ ကြိမ်မှ ၃ကြိမ်၊ ၃ကြိမ်မှ ၂ကြိမ်၊ ၂ကြိမ်မှ၁ ကြိမ် သူ့အလိုလိုပြောင်းလဲသွားတတ်ပါတယ်။ အသက်နဲ. wake window နိုးနေတဲ့အချိန်ဘယ်လောက်လိုအပ်လဲဆိုတာ အောက်ကပုံလေးမှာဖော်ပြထားပါတယ်။ အဲ့တော့ ကလေးမအိပ်ချင်ရင် မေမေတွေသိပ်စိတ်မပူပြီး အသက်နဲ. အိပ်ချိန်ကိုက်ညီမှုရှိမရှိကြည့်ကြည့်ပါနော်။

ကလေးက overtired အပင်ပန်းလွန်သွားပြီလား။ သူ့အိပ်ချိန်မှာမအိပ်ရပဲအပင်ပန်းလွန်သွားတဲ့ကလေးဟာလည်း ကောင်းကောင်းကြာကြာအိပ်မပျော်တတ်ပါဘူးတဲ့။

ကလေးနောက်ဆုံး အိပ်တဲ့ အိပ်ချိန်ဟာ ညဘက် အိပ်ချိန်နဲ.အရမ်းနီးနေပြီလား။ ဒါဆိုရင်တော့ cat nap လို.ခေါ်တဲ့ မိနစ် ၂၀ကနေ ၄၅မိနစ်ပဲပေးသိပ်လိုက်ပါ။အိပ်ပါစေဆိုပြီး ဆက်တိုက်သိပ်လိုက်ရင်တော့ ကလေးလည်းညဘက် တရေးနိုးထ အိပ်မပျော်တော့သလို ညဘက် routine လည်းပျက်သွားတတ်ပါတယ်နော်။

အခြားတဖက်မှာလည်း ကလေးကို နေ.ဘက်ညဘက်အိပ်ချိန်အတိုင်းသိပ်ရမယ်ဆိုပေမယ့် အရမ်း rigid တိတိကျကျကြီးမသတ်မှတ်ပါနဲ.။ ကလေးမနက်နိုးလာတဲ့အချိန်၊ အသက်နဲ.ညီမျှတဲ့ wake window နိုးနေတဲ့အချိန်ကိုကြည့်ပြီးတော့သာ ပြန်သိပ်ပေးပါ။ တခါတရံ အပြင်သွားလို. ကလေးအိပ်ရာ၀င်နောက်ကျတာဧည့်သည်ရောက်နေလို. ကလေးအိပ်ရာ၀င်နောက်ကျတာလောက်ကတော့ ပြန်ပြီး အကျင့်လုပ်ပေးလို.ရပါတယ်။ နောက်တနည်းပြောရရင် ၁ ရက် ၂ ရက် routine ပျက်တာနဲ. အရင်က ကောင်းကောင်းအိပ်တတ်နေတဲ့ ကလေးကအကျင့် မပျက်တတ်ပါဘူး။

ကလေးကဗိုက်ဆာနေတာလား။ ကလေးတစ်ယောက်ဟာ ၂နာရီခွဲကနေ ၃နာရီခွဲလောက်တခါ ဗိုက်ဆာတတ်ကြပါတယ်။ ကောင်းကောင်းမစားပဲ အိပ်ပျော်သွားရင်တော့ ခဏလေးနဲ.ပြန်နိုးတတ်ပါတယ်တဲ့။

နောက်ဆုံးတစ်ချက်က နို.တိုက်နေတဲ့မိခင်တွေ။ ကိုယ်စားတဲ့အစားအစာထဲမှာ ကလေးအိပ်မပျော်စေမယ့် ကော်ဖီ၊ချော့ကလက်၊လက်ဖက်ရေ၊လက်ဖက်သုတ်၊ ကိုကာကိုလာ..ကာဖိန်းဓာတ်တွေပါနေလား။ ဒါဆိုရင်လည်း ကလေးကောင်းကောင်းအိပ်မပျော်ရတဲ့အကြောင်းရင်းတွေပါပဲ။

Signs it is time to drop a nap: ဘယ်အချိန်မှာနေ့လည်အိပ်ချိန်ကိုလျော့ဖို.အချိန်တန်ပြီလဲ

4 naps → 3 naps: 4 to 5 months
3 naps → 2 naps: 6 to 7 months
2 naps → 1 nap: 13 to 17 months

၄လမှ ၅လ လောက်ဆိုရင် နေ.လည်အိပ်ချိန် ၄ကြိမ်မှ ၃ ကြိမ်

၆လမှ ၇လ လောက်မှာ နေ.လည်အိပ်ချိန်၃ ကြိမ် မှ ၂ ကြိမ်

၁၂လ ၁၇လလောက်မှာ အိပ်ချိန် ၂ကြိမ်မှ ၁ကြိမ် စသဖြင့် ယေဘူယအားဖြင့်ပြောင်းလဲသွားတတ်ပါတယ်။ အဲ့လို transition ပြောင်းလဲတတ်တဲ့ကာလလေးမှာ မေမေတွေအနေနဲ.အောက်ပါ လက္ခဏာတွေကိုကြည့်ပြီး အိပ်ချိန်ရွေ.ပေးခြင်းအားဖြင့်ကူညီပေးလို.ရပါတယ်။

*လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ပြီးသိပ်ပေမယ့် ကလေးက အိပ်ဖို. ငြင်းဆန်နေတာ.

*အိပ်ပျော်သွားခဲ့ရင်တောင်ခဏပဲအိပ်ပြီးချက်ချင်းပြန်နိုးလာတာ

*တနေကုန် အိပ်ဖို.ငြင်းဆန်ပြီး ညနေစောင်းမှအိပ်ပျော်သွားလို. ညဘက်အိပ်ချိန်အနောက်ရွေ့ရတာ

*မနက်အစောကြီးနိုးနိုးနေတာ

စတဲ့လက္ခဏာတွေပြလာပြီဆိုရင်တော့ ငါ့ကလေးဘာဖြစ်နေပါလိမ့်လို့ မေမေတွေစိတ်မပူပဲ နေ.လည်အိပ်ချိန်ကိုတစ်ချိန်လျော့လိုက်ပါ။ ဘယ်လိုလျော့ရမလဲဆိုတော့ ၁နေ.ကို ၁၅မိနစ်လောက် အိပ်ချိန်ကိုနောက်ဆုတ်ဆုတ်သွားပါ။ ဥပမာ- ကျမသမီးက ၁ နှစ် အောက်တုန်းက မနက် ၁၀နာရီမှ ၁၁နာရီအတွင်း ၁ခါသိပ်တယ်၊နေ့လည် ၂နာရီမှ ၃နာရီအတွင်း ၁ခါသိပ်တယ်။ အချိန်တိတိကျကျကြီးသိပ်တာမဟုတ်ပေမယ့် သူနိုးလာတဲ့အချိန်ကိုမူတည်ပြီး ၂နာရီ ၃နာရီကျော်သွားရင် နောက်တခါထပ်သိပ်ကြည့်တယ်။ များသောအားဖြင့်တော့ နို့တိုက်ပြီးအိပ်ရာထဲ ထည့်လိုက်တာနဲ့ သူ့အိပ်ချိန်အတွင်းသူ.ဘာသာသူအိပ်ပျော်သွားတတ်တယ်။ ၁နှစ်၁လကျော်လာတော့ မနက်၁၀နာရီကျော်လောက်မှာသိပ်ပေမယ့် အိပ်ရာထဲထည့်တာနဲ. တမ်းနိုးလာတယ် အိပ်ဖို.ခေါ်မရပဲလျှောက်ပြေးနေတယ်။ မနက်တခါအိပ်ပျော်သွားရင်လည်း နေ.လည် ၂နာရီမှာ သိပ်မရပြန်ဘူး။ ညနေ ၅နာရီလောက်ကျတော့ အရမ်းပင်ပန်းပြီးဂျီကျလာတယ်။ သိပ်လိုက်ပြန်ရင်လည်း ည အိပ်ချိန် ၇နာရီနဲ. နီးသွားပြီး routine ပြန်ပျက်သွားတယ်၊၊ မသိပ်ပြန်ရင်လည်း ရက်စက်ရာရောက်တယ်။ ဒီလိုနဲ.တစ်ပတ်လောက်ကြာလာတော့ မနက် ၁၀နာရီသိပ်မယ့်အစား ၁၅မိနစ် တဖြည်းဖြည်းနောက်ဆုတ်ပြီး ၁၁နာရီခွဲလောက်မှသိပ်လိုက်တော့အဆင်ပြေသွားပါတယ်။

ဒါတွေက sleep training tips and trick လေးတွေပါ။ အကုန်လုံးလိုက်လုပ်ရမယ်လို့မဆိုလိုပါဘူး။ အချို့ ဆူညံပြီးလင်းထိန်နေတဲ့နေ့လည်မှာကောင်းကောင်းအိပ်ပျော်တဲ့ကလေးတွေလည်းရှိမှာပါ။ ဒါကယေဘူယ guideline ပါ။ ကလေးတစ်ယောက်နဲ.တစ်ယောက်မတူတာမို. ကိုယ့်ကလေးရဲ.အရိပ်အခြေကိုကြည့်ပြီးအဆင်ပြေသလိုကျင့်သုံးနိုင်ပါတယ်။

လွပ်လပ်စွာ share နိုင်သည်။

Burmese American Home

Leave a comment