How to handle tantrum

ဒီလိုအခြေအနေမျိုးတွေမှာ ဖေဖေမေမေတို.လဲ အော်ဟစ်ချင်၊ ပစ္စည်းတွေနဲ.ပစ်ပေါက်ချင် ထုချင်ရိုက်ချင်စိတ်တွေဖြစ်လာကြမှာပါပဲ။ သူတို.နေရာလေးကို၀င်ကြည့်ပြီး သူတို.ခံစားနေရတာကို ခံစားကြည့်ပြီး ကိုယ်ဆိုရင်ကော ဘယ်လိုဆက်ဆံခံရတာကို ကြိုက်မလဲ တွေးကြည့်ပါ။ လူကြီးရောကလေးပါ ကိုယ့်ကိုနားလည်စေချင်ကြတာပါပဲ။ ကျမတို့လူကြီးတွေက ကိုယ့်ကိုအထင်လွဲခံရတဲ့အခါ ပြောပြဖြေရှင်းပြလို့ရတယ်။ ကိုယ့်စိတ်ထဲမှာဘာတွေဖြစ်နေလဲ နားလည်သုံးသပ်နိုင်စွမ်းရှိတယ်။ ကလေးတွေမှာ သူလိုချင်တာကတမျိုး ရတာတမျိုးဖြစ်တဲ့အခါ ရှင်းရှင်းလင်းပြောပြနိုင်စွမ်းလည်းမရှိသလို တခါတလေသူတို့စိတ်ထဲမှာဖြစ်လာတဲ့ ခံစားချက်တွေကို တောင်သူတို့နားလည်နိုင်စွမ်းမရှိသေးပါဘူး။ သူတို့သိတာက အော်မယ်ငိုမယ် ပစ္စည်းတွေနဲ့ပစ်ပေါက်မယ်။ သူတို့စိတ်ထဲမှာတော့ မေမေရေ သမီး ၊သားစိတ်ထဲမှာဘာတွေဖြစ်နေမှန်းမသိဘူး။သားကို သမီးကို ဖက်ထားပေးပါ။ ကြင်ကြင်နာနာစကားပြောပေးပါ။ စိတ်ပျော်ရွှင်စေမယ့် အခြာအရာတခုနဲ့ အစားထိုးပေးပါ။ မလိုချင်တဲ့ဟာကို အတင်းပေးနေမယ့်အစားရွေးချယ်စရာလေးပေးပါ။ ဘယ်အချိန်အိပ်ရမယ်စားရမယ်ဆိုတာ သိအောင် routine လေးလုပ်ပေးပါ။

Tantrum ဖြစ်ရခြင်း အကြောင်းရင်း အများကြီးရှိတဲ့အထဲမှာ မဖြစ်ခင် ကြိုတင်ပြင်ဆင်လို.ရတဲ့ အရာတွေက များပါတယ်။ Routine မှန်မှန်ပေးတာ၊ အိပ်ရေး၀အောင်အိပ်စေတာ၊ ပုံမှန်စားနိုင်သလောက်ကို pressure မပေးပဲစားစေတာ၊ အပြောင်းအလဲလုပ်ရတော့မယ်ဆိုရင် ကြိုပြောထားတာ၊ ရွေးချယ်မှုပေးတာတွေက ကြိုတင်ကာကွယ်ခြင်းရဲ. ဥပမာတွေပါပဲ။ အခြား Tantrum အကြောင်းရေးတဲ့ ထဲမှာလည်းဖတ်ကြည့်နိုင်ပါတယ်။

ဒါကတော့ ကြိုတင်ကာကွယ်လို့မရတော့ပဲ ကလေးတွေ အကြီးအကျယ် Tantrum  ဖြစ်လာတဲ့အခါ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာပါ။

အတိုကောက် STOP method လေးသုံးကြည့်နိုင်ပါတယ်။

Stop- ဥပမာ အိမ်ကိုဧည့်သည်ရောက်နေတဲ့အချိန်မှာ ကလေးက အော်ဟစ်ပြီး ပစ္စည်းတွေကို ပေါက်နေမယ်။ ပြောခါမှ ပိုဆိုးပြမယ် ခြေဆောင့်မယ် တံခါးစောင့်ပိတ်မယ်ဆိုပါစို.။ မေမေတို.ရဲ. တုံ့ပြန်မှုက ရှက်ရှက်နဲ. ကိုယ့်သားသမီးကိုထိန်းနိုင်တယ်ဆိုတာပြဖို့ကလေးကို အော်မယ် ဆွဲမယ် ရိုက်မယ်။ဧည့်သည်မှာ ကလေးပါလာရင်လည်း ဟိုမှာသူများကလေးတွေလိမ္မာတယ် မရှက်ဘူးလား ဘာညာနဲ. နှိုင်းယှဉ်မယ်။ အဲ့လိုမျိုး ကလေးနဲ.ပတ်သတ်ပြီးစိတ်ညစ်စရာ စိတ်ရှုပ်စရာအနေအထား ကြုံလာတဲ့အခါမှာရုတ်တရတ်ဖြစ်လာတဲ့ auto တုံ့ပြန်မှုလေးတွေကိုမလုပ်ခင် mental bubble လေးဆွဲလိိုက်ပါ။ အဲ့ဒီထဲမှာ ကလေးနဲ့ကိုယ်နဲ့ ၂ ယောက်ထဲပဲရှိတယ်။ပတ်ဝန်းကျင်ဆိုတာမရှိဘူး။ ပြီးရင်ဘာမှမပြော၊ ဘာမှမလုပ်ပဲ ခဏရပ်ပြီးစောင့်ကြည့်ပါ။

Take a deep breath- ပြီးရင်အသက်ကိုပြင်းပြင်းရူပါ။ စောစောတုန်းက အော်ချင်ရိုက်ချင်နေတဲ့စိတ်ကနေ ကိုယ့်ရူနေတဲ့ လေကို အာရုံလွဲလိုက်ပါ။

Observe- စိတ်နည်းနည်းငြိမ်သွားပြီဆိုရင် အခြေအနေကို နက်နက်ရှိုင်းရှိုင်း ကလေးရှုထောင့် ကလေးနေရာက ၀င်ကြည့်ပြီး ဘာလို.ဖြစ်တာလဲဆိုတာကိုသုံးသပ်ပါ။

Proceed- ဒီအချိန်မှာတော့ သတိလေးကပ်သွားပြီးမို. ချစ်ခြင်းမေတ္တာနဲ. နားလည်မှုကို အခြေခံပြီးအကောင်းဆုံး ပြန်တုန်.ပြန်နိုင်ပါပြီ။ အရမ်းငယ်သေးတဲ့ကလေးတွေက စကားနားမလည်ရင်တောင် tone လေသံကိုနားလည်ပါတယ်။ ဒီတော့ အသံချိုချိုနဲ့သားက အိပ်ချင်နေတာလား။ မေမေခဏနေရင် သိပ်မယ်နော်။ သမီးက မေမေနဲ့တူတူကစားချင်နေတာလား ။ မေမေတို့ အားလုံးတူတူကစားကြမယ်နော်။ နည်းနည်း စကားနားလည်နေတဲ့ကလေးကြီးဆိုရင်လည်း ပုံမှန်အသံနဲ့ house rule လုပ်လို့မရတာနဲ့လုပ်လို့ရတာကို ပြောပြပါ။ ကိုယ့်ခံစားချက်ကို ပါးစပ်ကပြောပြစေပါ။ ပြောပြလာတဲ့အခါမှာလည်း အဓိပ္ပါယ်သိပ်မရှိရင်တောင် အသိအမှတ်ပြုပေးပါ။

အခြားတဖက်မှာလည်း ကိုယ့် ကလေး ဘာတွေဖြစ်နေလဲဆိုတာ ကို နားလည်အောင် fully present သေခြာစောင့်ကြည့်ပါ။ ကလေးနဲ.ရှိနေတဲ့အချိန်မှာ ဖုန်းသုံးတာ TV ကြည့်တာမျိုးကို တတ်နိုင်သမျှရှောင်ပါ။ ကျမဒီစာအုပ်ကိုဖတ်ပြီးတဲ့အချိန်မှာတော့ ကလေးရှိတဲ့အချိန်မှာ vlogging လုပ်တာ ဖုန်းသုံးတာမျိုးကိုကြိုးစားရှောင်ပါတယ်။

သူ.ရဲ. ခံစားနေရတာကို ထုတ်ပြောနိုင်အောင် အသုံးအနုန်းဝေါဟာရတွေကိုသင်ပေးပါ။ ကြောက်တာ၊ပျင်းတာ၊ ၀မ်းနည်းတာ၊ အံ့ဩတာ စသဖြင့် ခံစားချက်တွေကို ဥပမာနဲ.တကွ ရှင်းပြပါ။ ဖတ်ပြလို.ရတဲ. စာအုပ်လေးတွေလည်းရှိပါတယ်။

ကျမတို့လူကြီးတွေရန်ဖြစ်ဒေါသထွက်တဲ့အခါမှာတောင် တဖက်ကလူ ကိုယ့်အပေါ်နားလည်တာ ပြေရာပြေကြောင်းလာပြောတာကို လိုချင်ကြပြီး အသိညာဏ်မဖွံ့ဖြိုးသေးတဲ့ကလေးတွေ ဒေါသထွက်Tantrum ဖြစ်လာတဲ့အခါ ကျမတို့ဘာတွေလုပ်မိနေပါလိမ့်နော်?

Leave a comment