ကလေးတွေsharing မျှဝေခြင်းကို ဘယ်လိုသင်ယူရမလဲ

ဒီ topic ကိုရေးပေမယ့် ကျမတို့မြန်မာလူမျိုးတွေက သူတပါးကို စာနာသနား ဝေမျှတတ်တဲ့နေရာမှာ ကမ္ဘာမှာစံပြပါပဲ။ ဒါလေးကိုဆက်ပြီးထိန်းသိမ်းကြဖို့ရယ် သားသမီးတွေကိုပိုပြီးနားလည်စေဖို့ ရယ် ဒီ ဆောင်းပါးလေးကိုလဲပြန်ပြီးဝေမျှလိုက်ပါတယ်။

၃ နှစ်အောက်ကလေးတွေဟာ သူတို့မှာရှိတဲ့ပစ္စည်း တခုခု ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်ကို အခြား ကလေးတစ်ယောက်နဲ့ မျှဝေခြင်းဆိုတဲ့အရာမှာ ခက်ခဲနေတတ်ကြပါတယ်။ ဒါဟာ ပုံမှန် ဖွံဖြိုးခြင်း ဖြစ်စဉ်တစ်ရပ်ပါပဲ။ ၂ နှစ်အရွယ်လောက်မှာ မေမေ့ဟာ ဖေ့ဖေ့ဟာ ငါ့ဟာ သူ့ဟာ စသဖြင့် နားလည်နေပါပြီ။ဒါဟာကိုယ့်ပစ္စည်း ကိုယ့်ဟာ ငါဆိုတာကို စွဲလန်းသိတတ်တဲ့စိတ်ကြောင့်ဖြစ်ပြီး emotionally healthy စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာတဲ့သူတစ်ယောက်ဖြစ်လာဖို့အရေးပါတဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ၃ နှစ်အောက်မှာ မျှဝေခြင်းဆိုတာကို သင်ကြားပေးဖို့ ခက်ခဲပါလိမ့်မယ်။

ဘယ်အရွယ်လောက်မှာ မျှဝေခြင်း စ မြင်တွေ့ရမလဲ?

တကယ့်မျှဝေခြင်းဆိုတာကကိုယ်ချင်းစာခြင်း စာနာသနားခြင်း empathy ကနေအရင်းခံပါတယ်။ သူတပါးစိတ်ထဲမှာဘယ်လိုခံစားနေလဲဆိုတာကို ရိပ်မိခံစားမိပြီး သူတို့နေရာကဝင်ကြည့်တတ်ဖို့ကအသက် ၆ နှစ်အောက်ကလေးတွေအတွက် မလွယ်ကူပါဘူး။ ငယ်တဲ့အရွယ်မှာ ကိုယ့်မှာရှိတာကို သူများကိုပေးကစားတယ်ဆိုတာက မိဘက လုပ်ခိုင်းလို့လုပ်ရတာများပါတယ်။ ဒါပေမယ့် အခြားကလေးတွေနဲ့များများကစားစေတာ pressure မပေးပဲ ပြောပြဆုံးမပေးရင် ၄ နှစ်လောက်မှ စပြီး ပြောစရာမလိုပဲလိုလိုလားလား sharing လုပ်တာကို တွေ့ရနိုင်ပါတယ်။

မျှဝေတတ်အောင်ဘယ်လိုသင်ကြားပေးမလဲ ( Tips)

၁။ တွန်းအားမပေးပါနဲ့ ။ ကလေးတွေ့ရဲ့ စိတ်ပိုင်းဆိုင်ရာပုံမှန်ဖွံဖြိုးမှုကိုနားလည်ပြီး တွန်းအားပေးတာမျိုးမလုပ်ပဲမျှဝေနိုင်မယ့် ပတ်ဝန်းကျင် တခုကို တည်ဆောက်ပါ။ သမီးမှာ ၂ ခုရှိတယ် မေ့မေ့ကို ၁ ခု ပေးမလား။ မေမေ့မှာ ၂ ခုရှိတယ် သမီး တခုယူနော်။ play date ဆိုလည်း အားလုံးကစားနိုင်ဖို့ ပစ္စည်းတခုထက်ပိုထားပါ။ သူများဆီသွားကစားမယ်ဆိုကိုယ့်ကလေးအရမ်းကြိုက်တဲ့ ကစားစရာကို ယူသွားပါ။ သူများလာကစားတယ်ဆိုရင်လည်း ကိုယ့်ကလေးအရမ်းကြိုက်တဲ့ကစားစရာကို ဖယ်ထားစေပါ။ သူ share မလုပ်နိုင်တဲ့အရာကို အလေးထားပါ။ ကျမရဲ့ လက်ထပ်လက်စွပ်ကိုခဏငှါးပါဆိုရင် မငှါးနိုင်သလိုပဲ ကလေးတွေမှာ လည်း share လုပ်နိုင်တဲ့အရာနဲ့ share မလုပ်နိုင်တဲ့အရာဆိုပြီးရှိပါတယ်။ တွန်းအားပေးပြီး share လုပ်စေတာက နောက်ပိုင်းမှာ ပိုပြီးတကိုယ်ကောင်းဆန်တဲ့ကလေးတွေဖြစ်လာစေတတ်ပါတယ်။

၂။ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်မှုတွေကိုနားလည်ဖြည့်ဆည်းပေးပါ။ အသက် ၂ နှစ်အောက်မှာ စိတ်ပိုင်းဆိုင်ရာလုံခြုံခဲ့တဲ့၊ မိဘနဲ့ရင်းနှီးမှုရှိတဲ့ကလေးတွေဟာနောက်ပိုင်းမှာ ပိုပြီး ရက်ရောတာ ဝေမျှတတ်တာကိုတွေ့ရှိထားပါတယ်။ ကိုယ့်စိတ်ထဲမှာလုံခြုံသာယာပြီး စိတ်လိုအပ်မှုတွေပြည့်ဝနေတဲ့ကလေးဟာကိုယ့်ရဲ့တန်ဖိုး self worth ကိုပြင်ပကပစ္စည်းတွေမှာမထားတဲ့အတွက်သူတပါးကို ပိုပြီးဝေမျှနိုင်ပါတယ်။

၃။ မိဘတွေကစံပြကောင်းဖြစ်ပါစေ။ ကလေးတွေကပတ်ဝန်းကျင်မှာ မြင်တွေ့ရတဲ့အရာတွေကို အတုခိုးတတ်ကြလို့ မိမိသာလျှင် ဝေမျှတတ်တဲ့သူအရင်ဖြစ်ပါစေ။ ဝေမျှတဲ့အခါမှာလည်း teachable moment လေးတွေမှာဘာကြောင့်ဝေမျှတယ်ဆိုတာအလေးထားပြီး ပြောပါ။ မေမေ့သူငယ်ချင်းက မေ့မေ့ရဲ့ဒီစာအုပ်လိုချင်နေတာ မေမေ ပေးလိုက်တယ်။ သူလိုချင်တာရသွားတော့ မေမေလည်းပျော်တယ်။

၄။ တချိန်ထဲမှာပဲ ကိုယ်လိုချင်တဲ့အရာကိုလည်းလုမယူပဲတောင်းတတ်အောင် အလှည့်စောင့်တတ်အောင် ပြောပြပါ။ Play date တွေမှာ ပစ္စည်းလုကြတဲ့အခါငယ်သေးတဲ့ကလေးဆိုရင် အာရုံပြောင်းပြီး၊ ကလေးကြီးတွေဆိုရင် မျှမျှတတဖြစ်အောင်random နာပါတ်တခုကို ရေးချခိုင်းပါ။ ကြားဝင်လူကြီးကလည်း နာပါတ်တခုရေးချပါ။ လူကြီးနာပါတ်နဲ့ပိုနီးတဲ့သူကိုအရင်ကစားစေပါ။ အချိန်မှတ်ထားပါ။ ၂ မိနစ်ကနေ ၅မိနစ် ဆိုတဲ့အချိန်ပြီးရင်နောက် တစ်ယောက်ကိုပြောင်းကစားခိုင်းဖို့သင့်တော်ပါတယ်။ ၂ ယောက်ထဲဆိုရင်လည်း rock paper scissor ဆုံဆုံစိလုပ်ပြီး ဘယ်သူအရင်ကစားမလဲဆုံးဖြတ်စေလို့ရပါတယ်။ တခါတလေမှာ အချိန်နဲ့အလှည့်ကျကစားတာမဟုတ်ပဲ သမီး သူငယ်ချင်း ကလည်း သမီးကစားတဲ့ ဟာနဲ့ကစားချင်နေတယ်။ သမီးကစားလို့ပြီးရင်ပြောနော်ဆိုပြီး သူ့ကိုဆုံးဖြတ်ခိုင်းလို့လဲရပါတယ်။ အထူးသဖြင့် Terrible two အရွယ်မှာ သူတို့က ရွေးချယ်ရတာမျိုးကို လုပ်ရတာကြိုက်ကြပါတယ်။ ကြီးတဲ့ကလေးက အရင် ကစားရမယ်။ ဧည့်သည်က အရင်ကစားရမယ်ဆိုတဲ့ rules တွေကတော့ ကလေးကို ဝေမျှတတ်အောင် သင်ယူစေဖို့ မဖြစ်နိုင်ပါဘူး။ အလှည့်ယူလို့မရပဲ ရန်တွေဖြစ်ကြရင်တော့ အဲ့ဒီကစားစရာကိုပဲ Time out လုပ်လိုက်ပါ။ တူတူကစားနိုင်မှ ဘယ်သူအရင်ကစားမလဲဆုံးဖြတ်နိုင်မှ အရုပ်ကိုထုတ်ပေးလိုက်ပါ။ ဒါကလည်းကလေးတွေ ဘယ်လို အပေးအယူလုပ်ရမလဲ ညှိနှိုင်းရမလဲဆိုတာကို သင်ယူစေပါတယ်။ ကလေးတွေ play date ကို ၂ နာရီထက်ပိုမကြာစေပါနဲ့။

၅။ စာအုပ်ဖတ်ပြပါ။ နှစ်ခုရှိရင် တစ်ခုကို အခြားတစ်ယောက်ကိုပေးတာ၊ တယောက်တလှည့်စီသုံးတာ၊ တူတူကစားတာတွေကို အသားပေးပြီးရေးထားတဲ့ရုပ်ပြစာအုပ်လေးတွေ ဖတ်ပြပါ။

၆။ ခံစားချက်အကြောင်းပြောပါမေးခွန်းမေးပါ။ သမီးကစားချင်တာနဲ့မကစားရလို့ စိတ်မကောင်းဖြစ်နေတာလား။ သမီးကစားနေတုန်း ညီမလေးလာနှောက်ယှက်လို့ စိတ်တိုသွားတာလား။ သမီးမှာရှိတဲ့ကစားစရာကိုသူ့ကိုပေးလိုက်တော့ သမီးဘယ်လိုခံစားရလဲ။ ဟိုကောင်လေးက ငိုနေတယ်နော် သူဘာလို့ငိုနေတယ်ထင်လဲ?

၇။ sharing လုပ်ရတဲ့ game လေးတွေကစားပေးပါ။ အလှည့်ကျကစားရတဲ့ board game တွေ တူတူကစားလို့ရမယ့် အိမ်ဆောက်တဲ့ အတုံးတွေနဲ့ ခဏခဏ ကစားပေးပါ။

၈။ Practice makes perfect. ခဏခဏလေ့ကျင့်ပြီးကောင်းတဲ့အရည်အချင်းကို ယူလို့ရပါတယ်။ အရုပ်လေးတွေကို အခန်းရဲ့ တနေရာဆီမှာထားပါ။ သမီးက အရမ်းချမ်းသာတာ ဒါသမီးပိုင်ဆိုင်တာတွေဆိုပြီး Pom Pom ဂွမ်းလုံးတွေ block တုံးတွေ မုန့်တွေကို ခွက် အကြီးတစ်လုံးထဲထည့်ပြီးပေးပါ။ အရုပ်တွေကိုလိုက်ဝေပေးခိုင်းပါ။ ဒါက နိုင်ငံခြားမှာမြန်မာနိုင်ငံမှာလို လှူဖို့အခွင့်အရေးအမြဲမရှိလို့ pretend play လုပ်ခိုင်းရတာပါ။ မြန်မာနိုင်ငံမှာလို လှူဖို့ အခွင့်အရေးရှိရင် လမ်းဘေးမှာအလူုခံတဲ့သူတွေကို ကလေးကို ပဲသွားလှုုခိုင်းပါ။ မွေးနေ့မှာ သူငယ်ချင်းတွေကိုမုန့်ဝေတာ အလူုလုပ်တာမျိုးလည်းလုပ်ခိုင်းလို့ရပါတယ်။

ကလေးတွေရဲဲ့ဘဝသင်ခန်းစာတွေကိုလုမယူပါနဲ့လားမေမေ

ဒီအကြောင်းကို ရေးရင် မိဘတော်တော်များများလက်ခံကြမှာမဟုတ်ဘူးဆိုတာ ကျမသိတယ် ။ အထူးသဖြင့်ကျမတို့ အာရှ မိဘတွေဟာ များသောအားဖြင့် stay home mom တွေများတယ်။ nurturer role ကို တာဝန်ယူထားတဲ့သူတွေလည်းဖြစ်တဲ့အတွက် အိမ် တစ်အိမ်ရဲ့တာဝန်၊ ကလေးတွေရဲ့တာဝန် ကိုယူနိုင်လေလေ မိခင်ပီသလေလေ အိမ်ထောင်ရှင်ပီသလေလေဖြစ်တယ်လို့ထင်ကြတယ်။ တချို့ကျတော့လည်း ကလေးဆိုတာ ငယ်တုန်းပဲစောင့်ရှောက်ရတာ အကုန် လိုလေသေးမရှိအောင်လိုက်လုပ်ပေးနေမှ ကြီးလာရင် မိဘကို သိတတ်မှာ မိဘကို ပိုချစ်မှာ။

🎓အရင်ကတော့ ကျမလည်း ဒီလိုတွေးမိတာပါပဲ။ နိုင်ငံခြားဇာတ်လမ်းထဲကက သားသမီးနဲ့ မိဘ ဆက်ဆံရေးကိုကြည့်ပြီး ငါ့ကလေးကိုတော့ ဒီလိုမဖြစ်စေချင်ဘူး ငါ့ကို ချစ်စေချင်၊တွယ်ကပ်စေချင်၊ အားကိုးစေချင်တယ်။ အကုန်လိုက်လုပ်ပေးချင်တယ်။ ဒါပေမယ့် Montessori workshop တွေ နားထောင် စာအုပ်တွေဖတ်ပြီး self reflection တွေလုပ်ပြီးတဲ့အခါမှာ ကျမမှာ clarity တစ်ခုရသွားတယ်။ ကလေးတွေရဲ့ဖွံဖြိုးမှု child psychology နဲ့ development ကိုပိုနားလည်သွားတယ်။

🎓ကလေးကို လ်ိုလေသေးမရှိအောင်လိုက်လုပ်ပေးနေတာတွေ ကလေးခက်ခဲနေတဲ့ အရာတခုကို ဝင်ကူလိုက်တာတွေက ကလေးကိုချစ်တာလား။ ကိုယ့်ကိုအားကိုးစေချင်နေတာက ကြီးလာရင်ကိုယ်က ပြန်ပြီးအားကိုးဖို့လား။ ကိုယ့်ကိုပြန်စောင့်ရှောက်စေချင်လို့လား?အိမ်ထောင်တာဝန် မကြေဘူး မိခင်ကောင်းမပီသဘူး အပျင်းကြီးတဲ့မေမေလို့ပတ်ဝန်းကျင်ကပြောမှာစိုးလို့လား။ ဒါဆိုရင် အခုကလေးကို ဝင်ကူညီ ကယ်ဆယ် လိုက်လုပ်ပေးနေတာတွေက ကလေးကိုချစ်တာလား ကိုယ့်ကိုယ်ကိုယ်ချစ်နေတာလား self reflect ပြန်ပြီး သုံးသပ်ကြည့်ပါ။

🎓တချို့မိဘမေတ္တာငတ်မွတ်ခဲ့တဲ့ သူတွေကလည်း သူတို့ကြီးလာတဲ့အခါ ငါ့ကလေးကို ငါ့လိုမဖြစ်စေချင်ဘူးဆိုပြီး အကုန်လိုက်လုပ်ပေးတာ မျိုးဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်သေချာတာ တခုကတော့ လူတိုင်းလူတိုင်းဟာ challenge တွေ အခက်အခဲတွေကို ကြုံရပြီး အဲ့ဒါတွေကိုကျော်လွှားနိုင်မှ growth အောင်မြင်ခြင်း တိုးတက်ခြင်းဖြစ်ပါတယ်။ ဒီအောင်မြင်မှုကအပြင်မှာမမြင်ရရင်တောင် ကိုယ့်စိတ်ကိုအောင်မြင်ခြင်းပါ။

🎓ကျမက အစွန်းရောက်ပြီး ကလေးတွေကို အကုန်သူ့ဘာသာသူလုပ်ခိုင်းဘာမှလိုက်လုပ်ပေးစရာမလိုဘူးလို့ပြောနေတာမဟုတ်ပါဘူး။ ကလေးတိုင်းဟာ ပင်ကိုယ် စူးစမ်းစိတ်နဲ့လုပ်ချင်စိတ်ဆိုတာ အသက်အရွယ်အပိုင်းအခြားအလိုက်ဖြစ်ပေါ်လာကြပါတယ်။ sensitive period လို့ခေါ်ပါတယ်။ ဒီ window လေးကိုကလေးတိုင်းရောက်ပြီးရင် ပြန် ပိတ်သွားပါတယ်။ အဲ့ဒီတော့ သူလုပ်ချင်တဲ့အချိန်မှာ Basic life skill တွေကို ၁၈ လမှစပြီး ငယ်စဉ်ကတည်းက ပေးလုပ်လိုက်ပါ။ ကလေးမို့လို့ ဘာမှပေးမလုပ်ပဲ ကိုယ်ကပဲအကုန်ဝင်လုပ်ပေးနေရင် ကလေးလုပ်ချင်တာကို ပေးမလုပ်ရင် ဒါဟာ သူတို့လေးတွေရဲ့ ဘဝသင်ခန်းစာနဲ့အောင် မြင်မှုတွေကိုလုယူလိုက်တာနဲ့တူတူပါပဲ။

🎓ဒါဟာ မိဘတွေအနေနဲ့ခက်ခဲတဲ့အရာဆိုတာ နားလည်ပါတယ် ကျမကိုယ်တိုင်လည်းကြိုးစားနေတုန်းပါပဲ။ အထူးသဖြင့်ကလေးတွေstruggle ဖြစ်တဲ့အချိန်မှာ သူလုပ်နိုင်တယ်ဆိုတာကိုယုံကြည်ပြီး ဝင်ပြီး ချက်ချင်းဝင်ပြီး rescue မလုပ်ပေးဖို့က တော်တော် ကြိုးစားရပါတယ်။

🎓အရမ်း ဝင်ပါလိုက်ချင်ပေမယ် ခဏစောင့်ပြီး ဝင်မကူပေးလိုက်ပဲ သူ့ဘာသူ ကြိုးစားပြီး ပြီးမြောက်သွားတဲ့ puzzle တွေ problem solving activity တွေသူ့ဘာသူကြိုးစားပြီး ဝတ်လို့ရသွားတဲ့အင်္ကျီအဝတ်အစား လေးတွေ achieve ဖြစ်သွားလို့ကျေနပ်သွားတဲ့ကလေးရဲ့မျက်နာကိုမြင်လိုက်ရတဲ့အခါ ငါဝင်မကူလိုက်တာမှန်သွားတယ်ဆိုတာသိသွားပါလိမ့်တယ်။

🎓 ဘဝမှာကိုယ်လိုချင်တဲ့အရာကိုရောက်အောင်သွားဖို့အရေးပါတဲ့ problem solving skill တွေ self resilient နဲ့ self esteem တွေကိုရော့အင့် ဆိုပြီးပေးလို့မရ လိုက်လုပ်ပေးနေလို့လဲမရနိုင်ပါဘူး။ ဒါပေမယ့်ငယ်စဉ်ကတည်းက guide လုပ်ပေးလို့ရနိုင်တာမို့ ကလေးတွေရဲ့ ဘဝသင်ခန်းစာနဲ့ သူတို့က ရရှိမယ့်အောင်မြင်မှုပျော်ရွှင်မှုတွေကိုလုမယူကြပါစို့လား မေမေ။

Burmese American Home

ပွေ့ဖက်ခြင်း၏အကျိုးကျေးဇူးများ

အနောက်နိုင်ငံကိုရောက်လာတဲ့အခါ သူများအိမ်သွားလည်ရင်ဖြစ်ဖြစ် မတွေ့တာကြာတဲ့သူတွေကို အပြင်မှာသွားတွေ့ရင်ဖြစ်ဖြစ် စတွေ့တဲ့အချိန်နဲ့ ပြန်ခါနီးနှုတ်ဆက်ခါနီးမှာ ဖက်ပြီး နုုတ်ဆက်လေ့ရှိကြပါတယ်။ မတူတဲ့ယဉ်ကျေးမှုမှာမွေးလာတဲ့ ကျမအတွက် ကတော့ အဲ့လိုအဖက်ခံရတိုင်း အနမ်းခံရတိုင်း ကိုယ့် အမေအရွယ် ယေက္ခမ ဖြစ်နေတာတောင်ကြက်သီးထပြီးမနေတတ်ပါဘူး။ ဒါကသူတို့ယဉ်ကျေးမှုအရ ရင်းနှီးမှုကြင်နာမှုကိုဖော်ပြတာဖြစ်လို့ လက်ခံလိုက်ပေမယ့်ကိုယ်က စပြီးဖက်ဖို့အမြဲတွန့်ဆုတ်နေတတ်ပါတယ်။ ကိုယ့်မိဘကလည်း နည်းနည်းကြီးလာတော့ကိုယ့်ကိုဖက်တာတို့ နမ်းတာတို့သိပ်မလုပ်တော့တာ သတိထားမိပါတယ်။ ဒီတော့ကျမစဉ်းစားမိတာက ကျမတိို့ မြန်မာလူမျိုး မိဘတွေဟာတခါတခါ ချစ်တဲ့အကြောင်းကို ပြသဖို့ဘာကြောင့်တွန့်တိုကြပါလဲ။ မိဘကို respect မပေးတော့မှာကြောက်လို့လား အသက်ကြီးနေပြီ ကလေးကို နမ်းတုန်းလားဆိုပြီး ပတ် ဝန်းကျင်က ပြောတာကိုရှက်လို့လား။ ချစ်တာပြရင် ကလေးတွေရောင့်တက်တတ် တယ်ထင်လို့လားဆိုတာ ကျမ မပြောနိုင်ပေမယ့် ဒီ article ထဲမှာ ကလေးတွေကိုဖက်ထားခြင်း နမ်းခြင်း ချစ်ခြင်းမေတ္တာကိုပြသခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးပါမယ်။

မိဘမဲ့ကလေးပေါင်းများစွာကိုလေ့လာထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ တနေ့ကို မိနစ်၂၀ မျှ ပိုပြီးအဖက်ခံရတဲ့မိဘမဲ့ကလေးတွေရဲ့ဖွံ့ဖြိုးမှု assessment တွေဟာ အဖက်မခံရတဲ့ကလေးရဲ့ ဖွံဖြိုးမှုထက် ပိုပြီးသာတာ ကိုတွေ့ရှိရပါတယ်တဲ့။ သာမာန်ထိတွေ့မှုထက် nurturing touch တကယ့်မေတ္တာနဲ့ကြင်ကြင်နာနာ ထိတွေ့မှုက ပိုပြီး ဦးနှောက်ကိုလှုံ့ဆော်ပေးတာကိုလည်းတွေ့ရပါတယ်။

ပွေ့ဖက်ခြင်းဟာ oxytocin ဆိုတဲ့ အချစ် ဟော်မုန်း လေးထုတ်ပေးပါတယ်။ oxytocin က အခြား ကလေးကြီးထွားဖို့လိုအပ်တဲ့ growth hormone IGF-1 and nerve growth factor( NGF ) ကိုလည်းထုတ်ပေးပါတယ်။ကလေးဆရာဝန်တွေ တွေ့ရှိထားတာက physical contact အတွေအထိသိပ်မခံရတဲ့ကလေးတွေဟာ အဟာရ ပြည့်ဝရင်တောင် failure to thrive ကြီးထွားမှုနှောက်နှေးမှုပိုဖြစ်ပါတယ်တဲ့။

Oxytocin အချစ်ဟော်မုန်းလေးက ခန္ဒာကိုယ်ခုခံအား immune system ကိုလည်းပိုပြီးကောင်းစေလို့ ကျန်းမာရေးနဲ့ ကုသမှုပိုင်းမှာလည်းအထောက်အကူဖြစ်တာကို တွေ့ရှိထားပါတယ်။

ဖက်ထားခြင်းက လိုတာမရလို့ အောဟစ်ဂျီကျတဲ့ကလေးကို စိတ်ငြိမ်သက်စေပြီး ကိုယ့်စိတ်ကိုယ်ထိန်းနိုင် self regulate လုပ်နိုင်စေတယ်။

မိခင်နဲ့အလုပ်သွားတဲ့အချိန်မှာခွဲရလို့ဖြစ်တဲ့စိတ်ပူပန်သောက separation anxiety ဖြစ်တာက သက်သာစေတယ်။

ရန်ဖြစ်တဲ့ကလေး ၄၀၀ ကျော်ကို၁၄ ရက်တိိ တိ ရန်ဖြစ်ရတဲ့အကြောင်းမေးပြီး ၊ ပွေ့ဖက်ပြီး အဆုံးသတ်တဲ့လေ့လာမှုတစ်ခု ရဲ့ အဖြေကလည်း ကလေးတွေဟာ အဆင်မပြေမှု ရန်ဖြစ်အငြင်းပွါးမှုနဲ့ကြုံရတဲ့အခါ အဖက်ခံခဲ့ရတဲ့ကလေးတွေဟာ စိတ်ပြေလွယ်တာဒေါသမကြီးတာကိုတွေ့ထားပါတယ်။

စိတ်ပိုင်းဆိုင်ရာပိုပြီးကျန်းမာတဲ့သူတွေလဲဖြစ်စေပါတယ်။optimism စိန်ခေါ်မှုတွေကို အကောင်းမြင်ရှုထောင့်ကကြည့်ပြီးပိုပြီးလိုက်ရောညီထွေစွာနေတတ်တာ ၊ ကိုယ့်စိတ်ကို နိုင်ပြီး ငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့ အတွေးယုံကြည်မှုတွေကိုရစေပါတယ်။

ကလေးတွေကိုခဏခဏဖက်ထားခြင်းက အချစ်ခံရတယ်လို့ခံစားရလို့ပိုပြီး ပျော်ရွှင်တဲ့ကလေးတွေဖြစ်လာစေပါတယ်။ မိဘနဲ့ကလေးကြား ယုံကြည်မှုကိုပိုပြီးတိုးပွါးစေပါတယ်။

နောက်ဆုံးတစ်ခုကတော့ အသက်အရွယ်ကြီးမှ ငယ်မှမဟုတ်ပါဘူး ပွေ့ဖက်ခြင်းက ရတဲ့အကျိုးအမြတ်တွေကတော့အများကြီးပါ။ဒါပေမယ့် body autonomy ကိုယ့်ခန္တာကိုယ် ကို ကိုယ်ပိုင်တဲ့အတွက် ငါမိဘပဲဆိုပြီးတော့တော့ အတင်းဖက်ရင်လည်းအပေါ်မှာရခဲ့တဲ့ အကျိုးအမြတ်တွေအကုန် မရတတ်ပါဘူး။

ဒီတော့ ကိုယ့်ကလေး က ဆယ်ကျော်သက်အရွယ်မက လို့ ယောင်္ကျားမိန်းမရနေလည်း မေမေဖက်လို့ရမလားလို့မေးပြီး ပွေ့ဖက်ခြင်းကရတဲ့ အကျိုးအမြတ်လက်ဆောင်တွေကို ပေးလိုက်ကြရအောင်။

How to handle tantrum

ဒီလိုအခြေအနေမျိုးတွေမှာ ဖေဖေမေမေတို.လဲ အော်ဟစ်ချင်၊ ပစ္စည်းတွေနဲ.ပစ်ပေါက်ချင် ထုချင်ရိုက်ချင်စိတ်တွေဖြစ်လာကြမှာပါပဲ။ သူတို.နေရာလေးကို၀င်ကြည့်ပြီး သူတို.ခံစားနေရတာကို ခံစားကြည့်ပြီး ကိုယ်ဆိုရင်ကော ဘယ်လိုဆက်ဆံခံရတာကို ကြိုက်မလဲ တွေးကြည့်ပါ။ လူကြီးရောကလေးပါ ကိုယ့်ကိုနားလည်စေချင်ကြတာပါပဲ။ ကျမတို့လူကြီးတွေက ကိုယ့်ကိုအထင်လွဲခံရတဲ့အခါ ပြောပြဖြေရှင်းပြလို့ရတယ်။ ကိုယ့်စိတ်ထဲမှာဘာတွေဖြစ်နေလဲ နားလည်သုံးသပ်နိုင်စွမ်းရှိတယ်။ ကလေးတွေမှာ သူလိုချင်တာကတမျိုး ရတာတမျိုးဖြစ်တဲ့အခါ ရှင်းရှင်းလင်းပြောပြနိုင်စွမ်းလည်းမရှိသလို တခါတလေသူတို့စိတ်ထဲမှာဖြစ်လာတဲ့ ခံစားချက်တွေကို တောင်သူတို့နားလည်နိုင်စွမ်းမရှိသေးပါဘူး။ သူတို့သိတာက အော်မယ်ငိုမယ် ပစ္စည်းတွေနဲ့ပစ်ပေါက်မယ်။ သူတို့စိတ်ထဲမှာတော့ မေမေရေ သမီး ၊သားစိတ်ထဲမှာဘာတွေဖြစ်နေမှန်းမသိဘူး။သားကို သမီးကို ဖက်ထားပေးပါ။ ကြင်ကြင်နာနာစကားပြောပေးပါ။ စိတ်ပျော်ရွှင်စေမယ့် အခြာအရာတခုနဲ့ အစားထိုးပေးပါ။ မလိုချင်တဲ့ဟာကို အတင်းပေးနေမယ့်အစားရွေးချယ်စရာလေးပေးပါ။ ဘယ်အချိန်အိပ်ရမယ်စားရမယ်ဆိုတာ သိအောင် routine လေးလုပ်ပေးပါ။

Tantrum ဖြစ်ရခြင်း အကြောင်းရင်း အများကြီးရှိတဲ့အထဲမှာ မဖြစ်ခင် ကြိုတင်ပြင်ဆင်လို.ရတဲ့ အရာတွေက များပါတယ်။ Routine မှန်မှန်ပေးတာ၊ အိပ်ရေး၀အောင်အိပ်စေတာ၊ ပုံမှန်စားနိုင်သလောက်ကို pressure မပေးပဲစားစေတာ၊ အပြောင်းအလဲလုပ်ရတော့မယ်ဆိုရင် ကြိုပြောထားတာ၊ ရွေးချယ်မှုပေးတာတွေက ကြိုတင်ကာကွယ်ခြင်းရဲ. ဥပမာတွေပါပဲ။ အခြား Tantrum အကြောင်းရေးတဲ့ ထဲမှာလည်းဖတ်ကြည့်နိုင်ပါတယ်။

ဒါကတော့ ကြိုတင်ကာကွယ်လို့မရတော့ပဲ ကလေးတွေ အကြီးအကျယ် Tantrum  ဖြစ်လာတဲ့အခါ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာပါ။

အတိုကောက် STOP method လေးသုံးကြည့်နိုင်ပါတယ်။

Stop- ဥပမာ အိမ်ကိုဧည့်သည်ရောက်နေတဲ့အချိန်မှာ ကလေးက အော်ဟစ်ပြီး ပစ္စည်းတွေကို ပေါက်နေမယ်။ ပြောခါမှ ပိုဆိုးပြမယ် ခြေဆောင့်မယ် တံခါးစောင့်ပိတ်မယ်ဆိုပါစို.။ မေမေတို.ရဲ. တုံ့ပြန်မှုက ရှက်ရှက်နဲ. ကိုယ့်သားသမီးကိုထိန်းနိုင်တယ်ဆိုတာပြဖို့ကလေးကို အော်မယ် ဆွဲမယ် ရိုက်မယ်။ဧည့်သည်မှာ ကလေးပါလာရင်လည်း ဟိုမှာသူများကလေးတွေလိမ္မာတယ် မရှက်ဘူးလား ဘာညာနဲ. နှိုင်းယှဉ်မယ်။ အဲ့လိုမျိုး ကလေးနဲ.ပတ်သတ်ပြီးစိတ်ညစ်စရာ စိတ်ရှုပ်စရာအနေအထား ကြုံလာတဲ့အခါမှာရုတ်တရတ်ဖြစ်လာတဲ့ auto တုံ့ပြန်မှုလေးတွေကိုမလုပ်ခင် mental bubble လေးဆွဲလိိုက်ပါ။ အဲ့ဒီထဲမှာ ကလေးနဲ့ကိုယ်နဲ့ ၂ ယောက်ထဲပဲရှိတယ်။ပတ်ဝန်းကျင်ဆိုတာမရှိဘူး။ ပြီးရင်ဘာမှမပြော၊ ဘာမှမလုပ်ပဲ ခဏရပ်ပြီးစောင့်ကြည့်ပါ။

Take a deep breath- ပြီးရင်အသက်ကိုပြင်းပြင်းရူပါ။ စောစောတုန်းက အော်ချင်ရိုက်ချင်နေတဲ့စိတ်ကနေ ကိုယ့်ရူနေတဲ့ လေကို အာရုံလွဲလိုက်ပါ။

Observe- စိတ်နည်းနည်းငြိမ်သွားပြီဆိုရင် အခြေအနေကို နက်နက်ရှိုင်းရှိုင်း ကလေးရှုထောင့် ကလေးနေရာက ၀င်ကြည့်ပြီး ဘာလို.ဖြစ်တာလဲဆိုတာကိုသုံးသပ်ပါ။

Proceed- ဒီအချိန်မှာတော့ သတိလေးကပ်သွားပြီးမို. ချစ်ခြင်းမေတ္တာနဲ. နားလည်မှုကို အခြေခံပြီးအကောင်းဆုံး ပြန်တုန်.ပြန်နိုင်ပါပြီ။ အရမ်းငယ်သေးတဲ့ကလေးတွေက စကားနားမလည်ရင်တောင် tone လေသံကိုနားလည်ပါတယ်။ ဒီတော့ အသံချိုချိုနဲ့သားက အိပ်ချင်နေတာလား။ မေမေခဏနေရင် သိပ်မယ်နော်။ သမီးက မေမေနဲ့တူတူကစားချင်နေတာလား ။ မေမေတို့ အားလုံးတူတူကစားကြမယ်နော်။ နည်းနည်း စကားနားလည်နေတဲ့ကလေးကြီးဆိုရင်လည်း ပုံမှန်အသံနဲ့ house rule လုပ်လို့မရတာနဲ့လုပ်လို့ရတာကို ပြောပြပါ။ ကိုယ့်ခံစားချက်ကို ပါးစပ်ကပြောပြစေပါ။ ပြောပြလာတဲ့အခါမှာလည်း အဓိပ္ပါယ်သိပ်မရှိရင်တောင် အသိအမှတ်ပြုပေးပါ။

အခြားတဖက်မှာလည်း ကိုယ့် ကလေး ဘာတွေဖြစ်နေလဲဆိုတာ ကို နားလည်အောင် fully present သေခြာစောင့်ကြည့်ပါ။ ကလေးနဲ.ရှိနေတဲ့အချိန်မှာ ဖုန်းသုံးတာ TV ကြည့်တာမျိုးကို တတ်နိုင်သမျှရှောင်ပါ။ ကျမဒီစာအုပ်ကိုဖတ်ပြီးတဲ့အချိန်မှာတော့ ကလေးရှိတဲ့အချိန်မှာ vlogging လုပ်တာ ဖုန်းသုံးတာမျိုးကိုကြိုးစားရှောင်ပါတယ်။

သူ.ရဲ. ခံစားနေရတာကို ထုတ်ပြောနိုင်အောင် အသုံးအနုန်းဝေါဟာရတွေကိုသင်ပေးပါ။ ကြောက်တာ၊ပျင်းတာ၊ ၀မ်းနည်းတာ၊ အံ့ဩတာ စသဖြင့် ခံစားချက်တွေကို ဥပမာနဲ.တကွ ရှင်းပြပါ။ ဖတ်ပြလို.ရတဲ. စာအုပ်လေးတွေလည်းရှိပါတယ်။

ကျမတို့လူကြီးတွေရန်ဖြစ်ဒေါသထွက်တဲ့အခါမှာတောင် တဖက်ကလူ ကိုယ့်အပေါ်နားလည်တာ ပြေရာပြေကြောင်းလာပြောတာကို လိုချင်ကြပြီး အသိညာဏ်မဖွံ့ဖြိုးသေးတဲ့ကလေးတွေ ဒေါသထွက်Tantrum ဖြစ်လာတဲ့အခါ ကျမတို့ဘာတွေလုပ်မိနေပါလိမ့်နော်?

ကလေးတွေကိုဘာကြောင့်မှန်ပြပေးဖို့လိုလဲ ( မှန်ပြရင်စကားပြောနောက်ကျတတ်သလား)

မှန်ပြရင် ကလေးစကားပြောနောက်ကျမယ်ဆိုတာ မဟုတ်ပါ။ အမှန်တော့ ကလေးငယ်တွေကို မှန်ပြခြင်းက ငွေကုန်ကြေးကျ အနည်းဆုံးနဲ့ကလေးဖွံဖြိုးတိုးတက်အောင်လုပ်ပေးခြင်းပါပဲ။ မှန်ပြခြင်းက ဘာအတွက်ကောင်းလဲဆိုတာလေ့လာကြည့်ရအောင်။

ကလေးတွေ ကမှန်ကြည့်ရတာကြိုက်ကြပါတယ်။ ဘာလို့လဲဆိုတော့ မှန်ထဲမှာပေါ်နေတဲ့သူ့ရဲ့မျက်နှာကို အခြားကလေးတစ်ယောက်လို့ထင်ပြီး socialize လုပ်နေတာပါ။ ကျမတို့လူသားတွေဟာမွေးကတည်းကတည်းက သိလိုစိတ်ပြင်းပြတယ်။အခြားသူတစ်ယောက်က သူ့ကိုအာရုံစိုက်ပြီး ရယ်ပြတာ စကားပြောတာကို နှစ်ချိုက်ကြပါတယ်။

၁။မှန်ပြခြင်းက Tummy time ကို ကြာကြာလုပ်နိုင်စေတယ်။ Tummy time မလုပ်ချင်လို.ဂျီကျနေတဲ့ကလေးအတွက် ပေါ်် နေတဲ့သူ.ပုံသူကြည့်ပြီးအာရုံ အလှည့်အပြောင်းဖြစ်စေတယ်။Tummy time ဆိုတာဘာလဲဒီ video မှာကြည့်နိုင်ပါတယ်။

၂။ မှန်ပြခြင်းက မှန်ထဲမှာပေါ်နေတဲ့ရွေ့နေတဲ့အရာတွေ သူ.ခန္ဓာ ကိုယ် အစိတ်အပိုင်းတွေကို လိုက်ကြည့်တဲ့အတွက်visual tracking skill ကိုတိုးတက်စေတယ်။

၃။ မှန်လေးတွေတွဲလောင်းချပေးခြင်းက ကလေးတွေကို မမှီတဲ့အရာကိုလက်နဲ.လှမ်းဖမ်းယူတာ, လက်ညိုးထိုးတာ၊ မမြင်ရတဲ့နေရာကိုမြင်ရအောင် လက်အနေအထားပြောင်းတာတွေလုပ်နိုင်လို.fine motor skill အတွက် မျက်လုံးနဲ.လက်ပူးပေါင်းဆောင်ရွက်နိုင်လို. hand eye coordination အတွက်လည်းကောင်းတယ်။

၄။ မှန်ပြခြင်းက သူတို.အရိပ်သူတို.ပိုမြင်ရအောင်တွားသွားမယ်၊ထိုင်မယ်၊လှိမ့်မယ် မတ်တတ်စမ်းရပ်နိုင်တဲ့အတွက် gross motor skill ကြွက်သားအကြီးတွေသန်မာဖို.အတွက် ကောင်းတယ်။

၅။မှန်ကို အသုံးချပြီး ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေကိုသင်လို.ရလို. ‌‌‌ဝေါဟာရဘာသာစကားကြွယ်၀နိုင်တယ်။

၆။ မှန်ပြခြင်းက တနေရာတည်းကို အာရုံစုစည်းပြီးကြည့်နေနိုင်တဲ့အတွက် အာရုံစုစည်းမှုကို attention span ကိုတိုးတက်စေတယ်။

၇။ အသက် ၂၀လ ကျော်လာရင်တော့မှန်ထဲကအရိပ်က သူတို့ကိုယ်တိုင်ဖြစ်နေမှန်းသိလာနိုင်ပါပြီ။ ဘယ်လိုစမ်းသပ်မလဲ။မှန်ရှေ့မှာ ရှိနေတုန်း ကလေးမျက်နှာပေါ် မှာ နှုတ်ခမ်းနီ လိုအရောင်တခု ဆိုးကြည့်ပါ၊ မှန်ကိုမသုတ်ပဲ ကိုယ့်မျက်နှာကိုယ်လက်နဲ.သုတ်ရင် သူ.ရဲ.အရိပ်ဟာသူမဟုတ်ကြောင်းသိနေပါပြီ။

၈။ ကလေးနည်းနည်းကြီးသွားရင်လည်း မှန်ပေါ်် မှာ ပုံသဏ္ဌာန် shapeမတူတဲ့အရာတွေကိုတင်ပြပါ။ ပစည်းတွေရဲ.အရိပ် ကနေတဆင့် geometry နဲ့ physic ကိုသင်ကြားပေးနိုင်ပါတယ်။

Ref: https://babysparks.com/articles/20154/: Why mirror are good for your baby’s development

တစ်ဦးတည်းသော ကလေးမှ ကိုကိုမမဘ၀သို. ( From only child to older child)

ဒီဆောင်းပါးထဲမှာ ကျမလေ့လာထားတဲ့ထဲက အကြောင်းအရာတွေနဲ. ကိုယ့်အတွေ့အကြုံ tips တွေကိုမျှ‌‌ေ၀ထားပါတယ်။

ကလေးအကြီးလေးတွေကို မေမေကိုယ်၀န်ရှိနေတည်းက သမီးက အမအကြီးဖြစ်တော့မယ် အကိုဖြစ်တော့မယ်ဆိုတဲ့အကြောင်းပြောပြရတော့မယ်။ ဘယ်အချိန်မှာပြောမယ် ဘယ်လိုပြောမယ်ဆိုတာတော့ ကလေးအကြီးလေးရဲ.အသက်ပေါ်မှာမူတည်ပါတယ်။ ငယ်သေးတဲ့ကလေးတွေအတွက် နည်းနည်းလရင့် တဲ့အချိန်မှာပြောပြတာ ပြသနာမရှိပေမယ့် ၅နှစ်လိုသိတတ်နေတဲ့ အရွယ် အကြီးလေးတွေကိုတော့ စောစောပြောပြထားတာကောင်းပါတယ်။ မဟုတ်ရင် မေ့မေ့က ဆေးခန်းခဏခဏသွားတယ်၊ ဗိုက်ကြီးကလည်းတဖြည်းဖြည်းပူလာတယ် မေမေနေကောင်းရဲ.လားဆိုပြီး သူတို.လေးတွေရဲ.စိတ်မှာ စိုးရိမ်စိတ်တွေဖြစ်သွားစေလို.ပါ။

🧶 ဘယ်အချိန်မှာ baby လေးရောက်မလဲ

ကလေးတွေက အချိန်အတိုင်းအတာကိုမခန်းမှန်းတတ်ပါဘူး ၉လဆိုတာ သူတို.အတွက် ၉မိနစ်လောက်ထင်နိုင်တော့ မေမေ baby လေး ဘယ်တော့ရောက်မှာလဲလို. ထပ်ခါထပ်ခါမေးတဲ့အခါ

သူတို.သိနေပြီးသား အချိန်နဲ.  နှိုင်းပြီးပြောပြပါ။ ဉပမာ- မီးထွန်းတဲ့ သီတင်းကျွတ်မှာ baby လေးရောက်မယ်။ နွေရာသီ သကြန်မှာရောက်မယ် စသဖြင့်ပေါ့

🧶 ဘယ်လိုပြောရမလဲ

Basic facts တွေနဲ.စပါ။ မေမေဗိုက်ထဲမှာ baby လေးရှိတယ်။ မောင်လေးညီမလေး အသစ်ရောက်လာတော့မယ်။ သူက မေ့မေ့ဗိုက်ထဲမှာ တဖြည်းဖြည်းကြီးလာပြီးရင် ready ဖြစ်တဲ့အခါအပြင်ကိုရောက်လာလိမ့်မယ်။ ultrasound ပုံလေးတွေပြပြီး baby  က ဘယ်နေရာမှာ ဘယ်လောက်ကြီးလာပြီဆိုတဲ့အကြောင်း ပြောပြနိုင်ပါတယ်။

🧶 အကြီးကလေးအတွက်မဖြစ်မနေအပြောင်းအလဲလုပ်ရမယ့်အရာတွေကို ကလေးမမွေးမှီ၃ လ ၄လလောက်မှာကြိုလုပ်ထားပါ။ ဉပမာ- နို.ဘူးဖြတ်တာ၊ချိုလိမ်ဖြတ်တာ၊အိပ်ရာပြောင်းတာ၊ ကျောင်းပြောင်းတာ၊sleep training လုပ်တာ၊ အိမ်သာသွားတတ်အောင်လေ့ကျင့်တာ စတာတွေကို ကလေးကို အချိန်ပြည့် ဂရုစိုက်နိုင်တဲ့အချိန် ကိုယ်၀န်ဆောင်စဥ်တည်းက လုပ်ပါ။ ကလေးငယ်လေးရောက်လာမှ အပြောင်းအလဲကို ကြုံရတဲ့အခါ စိတ်ဒါဏ်ရာပိုရ ပြီး stress များစေလို.ပါ။ ကျမတို.တုန်းက သမီးကို အိပ်ရာပြောင်းတာ နဲ.ချိုလိမ်ဖြတ်တာကို ၂ နှစ်ကျော်မှလုပ်ဖို.စီစဥ်ထားပေးမယ့် စောစောပဲ အကျင့်လုပ်ပေးလိုက်ရပါတယ်။ အဲ့လိုလုပ်တဲ့အချိန်မှာလည်း အလုပ်ကနေခဏခွင့်ယူပြီးသူ.ကို attention အပြည့်ပေးခဲ့ပါတယ်။

🧶 ဖေဖေနဲ. One on one ကစားဖို.  အချိန်ပေးပါ။ မေမေကပဲ routine တွေ အကုန်လိုက်လုပ်ပေးခဲ့တဲ့အခါ ကလေးငယ်လေးမွေးပြီးချိန်မှာ အကြီးလေးတွေက မေမေလိုက်လုပ်ပေးဖို.ပဲမျှော်လင့်နေပါမယ်။ မေမေမလုပ်ပေးနိုင်တဲ့အခါ Tantrum ဖြစ်တာ၊ စိတ်အလိုမကျတာတွေဖြစ်ရမှာမို. နားလည်နေတဲ့ကလေးဆိုရင်လည်း routine တွေပြောင်းတော့မယ့်အကြောင်းကြိုတင်ပြီး ပြောပြထားပါ။ဖေဖေနဲ. လည်းနေတတ်အောင်လေ့ကျင့်ပေးပါ။ ကျမတို.တုန်းက တော့ ကျမအမြဲလုပ်ပေးနေကျ ရေချိုးတာ ညသိပ်တာတွေကို ကလေးအဖေကို တစ်ရက်ခြားလုပ်စေခဲ့ပါတယ်။

🧶 မေမေခံစားနေရတဲ့‌ေ၀ဒနာတွေကိုပွင့်ပွင့်လင်းလင်းပြောပြပါ။ မေမေ သားကို မချီနိုင်တော့ဘူး baby လေး အထဲမှာရှိတယ်လို.ပြောမယ့်အစား မေမေခါးနာနေလို. မချီနိုင်ဘူး ဆိုပြီး ထိုင်နေရင်း ပွေ.ဖက်လိုက်ပါ။ ဗိုက်ထဲကကလေးအကြောင်းပြောတဲ့အခါမှာလည်း မေ့မေ့ baby လေး လို.နာမ်စားသုံးမယ့်အစား သားရဲ.ညီလေး သားရဲ.ညီမလေး စသဖြင့်သုံးနှုန်းပေးပါ။

🧶 မွေးခါစကလေးအတွက် ပြင်ဆင်စရာတွေရှိတဲ့အခါ အကြီးကလေးကိုပါ ပါ၀င်ဆောင်ရွက်စေပါ။ အရုပ်အကျီအ၀◌တ်အစား၀ယ်တာ၊ အိပ်ရာပြင်တာ တွေကို အကြီးလေးကို ရွေးချယ်ခိုင်းပါ။

🧶မောင်လေးညီမလေးရောက်လာရင် ဘာတွေလုပ်ပေးလို.ရမလဲဆိုတာကို သိအောင်ပြောပြပေးပါ၊ နို.တိုက်တာ၊ရေချိုးပေးတာ ၊ ဒိုင်ပါလဲတာတွေလုပ်ရတာကို ပြောပြပါ၊ ကျမတို.ကတော့ big sister ဆိုတဲ့စာအုပ်လေး ညတိုင်းဖတ်ပြပါတယ်။အဲ့ဒီထဲမှာ baby လေး ရောက်လာတဲ့အခါ ဘာတွေလုပ်တယ်ဆိုတာအသေးစိတ်ကိုပုံလေးတွေနဲ. ရေးထားပါတယ်။  သမီးအကြီး ကအခု အငယ်လေးမွေးပြီးတဲ့အထိ တောင်အဲ့ဒီစာအုပ်ကို ကြိုက်နေတုန်းပါ။ Baby doll အရုပ်လေးပေးပြီး အရုပ်လေးကို နို.တိုက်တာ ရေချိုးပေးတာမျိုးလည်းတူတူ လုပ်ခဲ့ပါတယ်။ အခု အငယ်လေးမွေးလာတဲ့အခါမှာ ရေချိုးပေးတဲ့အခါ သူလည်း၀င်ပါကူချင်လာပါတယ်။ သူ

🧶ကလေးကိုစိတ်ပိုင်းဆိုင်ရာပြင်ဆင်ပေးတဲ့အခါမှာလည်း စိတ်မပူပါနဲ. သားကို ချစ်နေအုန်းမှာပါ သမီးကို အရင်ကလိုပဲ ဂရုစိုက်အုန်းမှာပါလို. မပြောမိပါစေနဲ. ။ အဲ့လိုပြောတော့မှ အကြီးလေးတွေရဲ.စိတ်မှာ baby လေး ရောက်လာရင် ငါ့ကို မချစ်နိုင်တော့ဘူးလား ဆိုတဲ့ အရင်က မတွေးမိတဲ့အရာကို တွေးမိသွားနိုင်လို.ပါ။

🧶ကလေးမွေးဖို.နီးလာတဲ့အခါ ကလေးမွေးဖို.သွားတဲ့အခါ ဘယ်သူနဲ.နေခဲ့မယ် မေမေတို.ဘယ်တော့ပြန်လာမယ်ဆိုတဲ့အကြောင်းကိုအကြီးလေးတွေကို ပြောပြထားခဲ့ပါ။

🧶ကလေးမွေးခါနီးမှ အကြီးလေးတွေကို အရုပ်တွေအများကြီး၀ယ်ပေးတာအလိုတွေအရမ်းလိုက်တာမျိုးမလုပ်မိပါစေနဲ.။ အဲ့လိုထူးထူးခြားခြား တွေလုပ်ပေးတဲ့အခါ တခုခုတော့ မကောင်းတာတော့ဖြစ်တော့မယ်လို.ထင်သွားစေရပါတယ်။ ကလေးမွေးပြီးမှ big sister gift, big brother gift လက်ဆောင်ပေးပါ။

🧶ကလေးမွေးပြီးလို. အိမ်ပြန်ရောက်တဲ့အခါ မိတ်ဆက်ပေးပါ။ အငယ်လေး‌‌‌ေ၀ယာ၀စ တွေကို အကြီးလေးကိုလည်း ပါ၀င်ဆောင်ရွက်စေပါ။ သူမလုပ်ချင်ရင်တော့အတင်းမလုပ်ခိုင်းပါနဲ.။

🧶တချို့အကြီးလေးတွေက ကိုကိုမမ ဖြစ်လာတဲ့အခါ အမေရဲ့ ဂရုစိုက်မှုကိုပိုလိုချင်လို ဂျီပိုကျလာတာ မလုပ်ရဘူးဆိုတာကိုပိုလုပ်တာ ပြောစကားနားမထောင်တာ၊ အငယ်လေးကို မနာလိုတဲ့ အပြုအမူတွေအပြောအဆိုတွေဖြစ်လာတာမျိုးရှိတတ်ပါတယ်။ အဲ့ဒီအချိန်မှာ အကြီးဆိုတာသည်းခံရမှာပေါ့ ကလေးကို နာအောင်မလုပ်နဲ့နော်၊ ဘာလို့ဂျီကျနေရတာလဲ စသဖြင့်ပြောမယ့်အစား မေမေတို့က ညီမလေးနဲ့ အမြဲရှိနေတော့သားဘယ်လိုခံစားရတယ်ဆိုတာ မေမေသိပါတယ် ဒါကခဏပဲ ညီလေးညီမလေးကြီးလာရင် ကစားဖို့အဖော်ရမယ်။ သားစိတိထဲမှာဖြစ်တာတွေကိုလည်း မေမေကိုပြောပြလို့ရတယ်။

🧶Baby carrier လေးထဲမှာ အငယ်ကို ထည့်ပြီး အကြီးနဲ. ကစားတာကလည်း တချက်ခုတ်နှစ်ချက်ပြတ် အငယ်လေးအတွက် attachment parenting ဖြစ်စေပြီး အကြီးအတွက်လည်း သူလိုအပ်တဲ့ attention ရနိုင်ပါတယ်။ အငယ်လေး အိပ်နေတုန်းမှာ လည်း One on one အချိန်ပေးပါ။ တခါတလေမှာ အကြီးလေးတွေကို သူ့ရဲ. ဆနတွေကလည်း အရေးကြီးကြောင်း သိအောင် baby လေး ဘက်ကိုလှည့်ပြီး ခဏနေအုန်း အငယ်လေးရေ မမအတွက် မေမေ ထမင်းပွဲပြင်ပေးလိုက်အုန်းမယ် စာအုပ်ဖတ်ပြလိုက်အုန်းမယ်ဆိုပြီး ထုတ်ဖော်ပြောပေးပါ။

🧶တချို့ကလေးကြီးလေးတွေကျတော့လည်း regression ဖြစ်တတ်ပါတယ် ကလေးပြန်လုပ်ချင်တာပေါ့ နို့စို့ကြည့်ချင်တာ ချိုလိမ်ပြန်လိုချင်တာ ကလေးအရုပ်တွေနဲ့ပြန်ကစားတာ၊ အစာသိပ်မစားတော့တာ၊ ညဘက် အိပ်မပျော်တော့တာလည်းရှိပါတယ်။  အဲ့ဒီအချိန်မျိုးမှာ ကလေးလည်းမဟုတ်ပဲနဲ့ ကလေးမလုပ်နဲ. ။ နင်လူကြီးဖြစ်နေပြီဆိုပြီး သူ.ခံစားချက်ကိုအသိအမှတ်မပြု ပြောမယ့်အစား သူ.ကိုလည်း ကလေးတုန်းကလိုပဲ သမီးကတော့ မေမေအတွက် baby လေးပါပဲဆိုပြီး ချီတာ ပွေ.တာ နမ်းရှုံ.တာမျိုးလုပ်ပေးပါ။ နို.ဘူးသောက်ချင်တာတို. ချီစေချင်တာတို.ဖြစ်တဲ့အခါ တတ်နိုင်သလောက် ပေးလုပ်ပြီး တချိန်ထဲမှာပဲ  သူသာလုပ်နိုင်ပြီး baby လေးမလုပ်နိုင်တာကို ထုတ်ပြောပေးပါ။ သမီးက နို.ဘူးသောက်မယ့်အစား ice cream စားလို့ရတယ်။ ညီမလေးက နို့ပဲသောက်ရတာ သူလုပ်နိုင်တဲ့အရာတွေ သူ. ညီမလေးအတွက်လုပ်ပေးနိုင်တာတွေ  အမေကို ကူညီတာတွေကိုထုတ်ဖော်ချီးကျုးပါ။

ဒါကတော့ အကြီးလေး တွေကို ပြင်ဆင်ပေးနိုင်တာပါ။ မောင်နှမတွေရန်ဖြစ်တဲ့အခါ ဘာတွေလုပ်မလဲ ဘယ်လိုပြောရမလဲဆိုတဲ့ Siblings Without Rivalry အကြောင်းကို နောက်မှအသေးစိတ်ရေးပေးပါမယ်။

Burmese American Home

Ref: what to expect the first year pg 1100-1126

Information overload

ကျမတို့မိဘတွေဟာ အရှေ့တိုင်းအနောက်တိုင်း၊ဖြူဖြူမဲမဲ ချမ်းသာဆင်းရဲ full time mom၊ working momဘယ်လိုတွေပဲကွာခြားနေပါစေ…ကျမတို့မှာတူညီတဲ့အရာတခုရှိတယ်။ အဲ့ဒါကတော့ ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်တာပဲ။ ကိုယ်ဝန်စရှိချိန်ထဲက ကလေးအတွက် အကောင်းဆုံးဖြစ်အောင်နေထိုင်စားသောက်ဖို့ လေ့လာမယ်။ ဘယ်မှာမွေးမလဲ ဘယ်လိုမွေးမလဲ။ ညာဏ်ကောင်းအောင်ဘာတွေစားရမလဲ။ ကလေးလှုပ်တာနည်းနေလား အရမ်းလှုပ်နေလား စသဖြင့် အကုန်သိနေအောင် information တွေကိုရှာမယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်ကစ မွေးခါစကလေးအရွယ်၊လမ်းလျောက်တတ်တဲ့အရွယ်၊ ကျောင်းစတက်တဲ့အရွယ်၊ teenager ၁၀ ကျော်သက်အရွယ် ထိ အဆင့်ဆင့်တိုင်းမှာ သူ့ challenge စိန်ခေါ်မှုအခက်အခဲတွေနဲ့သူရှိကြတဲ့အလျောက် မိဘတွေရဲ့လေ့လာမှုတွေကလည်း မပြီးဆုံးနိုင်ပါဘူး။

ကမ္ဘာတဝှမ်းမှာ မိဘအုပ်ထိန်းမှု parenting style တွေ သားသမီးနဲ့မိဘကြား ဆက်ဆံမှု relationship တွေ ဘယ်လောက် ကွဲပြားခြားနားတယ်ဆိုတာ အားလုံးသိကြမှာပါ။ parenting expert တွေ ပညာရှင်တွေကလေးထိန်းကျောင်းနည်းစနစ် စာအုပ်တွေ ကလည်း တစ်ယောက်တမျိုးပြောကြလေတော့ ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုးနဲ့ information overload ဖြစ်ပြီး ဘယ်ကစရမှန်းမသိတာမျိုး၊ အကုန်မလုပ်နိုင်မှ တော့ ဘာမှ မလုပ်တော့ဘူး ကိုယ်ကြိုက်သလိုပဲထိန်းကျောင်းမယ် ဆိုပြီး (all or none )တွေးလိုက်တာမျိုး၊ လိုက်လုပ်လို့ မအောင်မြင်ရင်လည်း ငါပဲတခုခုမှားနေလား ကလေးပဲမှားနေလားတွေဝေတာမျိုး၊ ဘာမှလုပ်ပေးစရာမလိုဘူး သူ့အလိုလိုတတ်သွားလိမ့်မယ် parenting စာတွေဖတ်တယ်ဆိုတာအပိုအလုပ်တွေလို့ထင်တာမျိုး၊ နောက်ဆုံးငါတော့ ဘာမှမလုပ်ပေးနိုင်ခဲ့လို့ လုပ်ပေးဖို့အချိန်မရှိလို့ငါသားသမီးကတော့ ထူးချွန်မှာမဟုတ်တော့ပါဘူး လို့ နောင်တရ စိတ် ပျက်နေတာမျိုး စသဖြင့် မိဘတွေမှာ စိတ်ခံစားချက်မျိုးစုံလည်းဖြစ်ရပြန်ပါတယ်။

၁။ ကလေးနဲ့ ကစားပေးစရာမလိုဘူး ကလေးဘယ်လိုထိန်းရမလဲ သိစရာမလိုဘူး သူ့ဘာသူ ဖြစ်လာလိမ့်မယ်ဆိုတဲ့ မိဘတွေသိထားသင့်တာက လေ့လာတွေ့ရှိချက်တွေအရ အတူကစားပေးမယ့် သူမရှိတဲ့ ထိန်းကျောင်းမှု ပရမ်းပတာဖြစ်တဲ့ ကလေးတွေရဲ့ ဦးနှောက်အစိတ်အပိုင်းတချို့ဟာဟာပိုပြီးသေးတာကို တွေ့ရှိထားပါတယ်။

၂။ ကလေးကိုတချိန်လုံးနောက်က တကောက်ကောက်လိုက်၊ တခုပြီးတခုတူတူကစား ပျော်ရွှင်အောင်ထား အရိပ်တကြည့်ကြည့်နေ ပေါင်းတဲ့သူငယ်ချင်း တက်တဲ့ကောင်း အကုန် အသေးစိတ် ရွေးချယ်ပေးတတ်တဲ့ helicopter မိဘတွေအတွက်ကတော့ take a little break. Me time လေးယူပါ။ Independent play သူ့ဘာသူကစားဖို့အချိန်လေးပေးပါ။ ကလေးသူ့ဘာသာသူ ကစားစေခြင်းဟာလည်း ရှိတာကိုဘယ်လိုပုံစံပြောင်းပြီး ပျင်းစရာမကောင်းအောင်ကစားရမလဲ လို့တွေးတောကြံဆတတ်တဲ့ကလေးတွေဖြစ်လာစေနိုင်ပါတယ်။ ကလေးကိုအမြဲပျော်ရွှင်အောင်လုပ်ပေးရမှာမိဘတာဝန်မဟုတ်ပါ။ ပျော်စရာသိပ်မကောင်းတဲ့အချိန်မှာ ဘယ်လိုပျော်ရွှင်အောင် ကြိုးစားနေတတ်ရမယ်ဆိုတာကိုသိအောင်လုပ်ပေးဖို့သာမိဘတာဝန်ဖြစ်ပါတယ်။

နောက်တစ်ခုက expectation တွေကို check လုပ်ပါ။ ကိုယ့်ဘက်က အတတ်နိုင်ဆုံးလေ့လာပြီးအကောင်းဆုံး ပြင်ဆင်ပေးခဲ့ပြီမို့ ကိုယ့်ပန်းတိုင်ကို ရောကိပါပြီ။ ကလေးရဲ့ အနာဂတ်အောင်မြင်မှုတွေ ကတော့ ကိုယ့်ရဲ့ အဓိက ပန်းတိုင် လို့ မတွေးလိုက်ပါနဲ့။ကျမတို့ရဲ့ မိဘထိန်းကျောင်းမှုဟာ ကလေးတွေ အပေါ် အကောင်းအဆိုး သက်ရောက်မှုရှိပေမယ့် ကလေးတွေရဲ့ အနာဂတ် အောင်မြင်မှု ပျော်ရွှင်မှုတွေကိုတော့ကျမတို့ ထိန်းချုပ်လို့မရနိုင်ပါဘူး (your parenting styles have impact on your kid’s success but it is not under your control)

တိုတိုပြောရရင် ကလေး အတန်းထဲမှာ အဆင့်၁ မရရင် ဂုဏ်ထူးမထွက်ရင်၊ အလုပ်မရရင် ဒါတွေအကုန်လုံးက ကျမတို့ မိဘအုပ်ထိန်းမှုညံ့ဖျင်းခဲ့လို့ ချည်းပဲမဟုတ်ပါဘူး။ science က သက်သေပြထားပြီးသားပါ။ တမိုးအောင်ထဲမှာနေပြီး တမိဘထဲကမွေးထားတဲ့ မောင်နှမတွေ အမွှာတွေရဲ့ ဘဝအောင်မြင်မှုချင်း အကျင့်စရိုက်ချင်း မတူတာတွေရှိတာကို တွေ့မိမှာပါ။ ညီအကိုမောင်နှမနဲ. အမွာတွေသန်းပေါင်းများစွာကိုလေ့လာထားတဲ့ Metaanalysis တွေ.ရှိချက် ကလည်း ဒီအချက်ကို အတည်ပြုထားပါတယ်။ဒါကဘာကိုပြလဲဆိုရင် မိဘအုပ်ထိန်းမှု parenting style တူခြင်း မတူခြင်းတွေက ကလေးဘယ်လိုလူဖြစ်လာမယ် ဆိုတာကို ၁၀၀ ရာခိုင်နူံး ပေးစွမ်းနိုင်စွမ်းမရှိဘူး။ များသောအားဖြင့် ကလေးအသက် ၆ နှစ်ခန့်ထိပဲ သက်ရောက်မှုရှိတတ်ပါတယ်။ Nature နဲ့ nurture ကလည်း ခန့်မှန်းရခက်ပါတယ်။ အဲ့ဒါကြာင့်ထင်ထားသလိုဖြစ်မလာတဲ့အခါကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။

အခြားမိဘတွေကိုလည်း အပြစ်မတင်ပါနဲ့ ( ၉၀ ရာခိုင်နူန်းသောမိဘတွေ ဟာ ဘေးပတ်ဝန်းကျင်ရဲ့ဝေဖန်မှုကိုခံကြရပါတယ်တဲ့။ ကိုယ်နဲ့ အတွေးအမြင်မတူတာနဲ့ မကောင်းဘူးထင် mom shaming မကောင်းပြောမယ့်အစား သားသမီးမကောင်း မိဘခေါင်းလို့ ပုတ်ခတ်ကြမယ့်အစား ကမ္ဘာတဝှမ်းကလူသားသန်းပေါင်းများစွာရဲ့ အတွေးအခေါ်အပြုအမူမတူညီမှုတွေparenting style မတူညီမှုတွေကို သတိရပါ။ လူမျိုးတိုင်းဘာသာတိုင်းမှာ လူကောင်းလူဆိုး ရိုင်းစိုင်းတဲ့သူယဉ်ကျေးတဲ့သူ မိဘသိတတ်သူ မိဘ စော်ကားသူ အောင်မြင်တဲ့သူ မအောင်မြင်တဲ့သူဆိုတာရှိကြပါတယ်။

သူများတွေနဲ့မနှိုင်းယှဉ်ပါနဲ့။ မိဘတိုင်းဟာ မတူညီတဲ့ parenting journey ကိုသွားနေကြတာပါ။ ကလေးတွေဟာလည်း သူ့ လမ်းကြောင်း မှာ သူ့ generic blueprint သူဖွံဖြိုးမှု စီမံကိန်း ကိုယ်စီ နဲ့ပါ။ အဲ့ဒီတော့ သူများကလေးတွေဒီအချိန်ဒါလုပ် ဒါဖြစ် ဆိုပြီး ကိုယ့်ကလေးကိုကြည့်ပြီးစိတ်အညစ်မခံပါနဲ့။

ကျန်ခဲ့တဲ့အတိတ်အတွက်နောင်တမရပါနဲ့ မရောက်သေးတဲ့ အနာဂတ်အတွက်လည်း တွေးပြီး ရင်မမောပါနဲ့။ ပစ္စူပ္ပန်မှာနေပါ။ ယခုလက်ရှိအချိန်မိနစ် စက္ကန့်လေးမှာ ဖြစ်နေတဲ့ အော်ချင် ရိုက်ချင် နေတဲ့ ကိုယ့် စိတ်ကို ပြန်ကြည့်ပါ။ကလေး ကို အောင်မြင်စေချင် လွန်းပြီး pressure ပေးတာတွေ ဆူပူနေတာတွေ စိတ်တိုနေတာတွေဖြစ်မယ့်အစား မနက်ဖြန်ဆိုတာ မရှိတော့ရင် ဘာအရေးကြီးဆုံးဖြစ်မလဲ ပြန်ပြန် သတိပေးပါ။

မိမိကိုယ်ကိုယ် ပြင်ဆင်ပါ။ ကလေးကို ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ပြောပြီး ကိုယ်ကတော့ သူ့ရှေ့မှာလုပ်နေရင် ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ဆုံးမမှုကထိရောက်မှုရှိရဲ့လား။ ကလေးကို တော့ screen time လျော့ခိုင်းပြီး ကိုယ်ကတော့ တချိန်လုံး Facebook ကြည့်TV ကြည့်နေတာမျိုး။ ကလေးကို စိတ်ကောင်းရှိစေချင်ပြီး ကိုယ်ကတော့ သူများ မကောင်းကြောင်း ကလေးရှေ့မှာပြောနေတာမျိုး ရန်ဖြစ်နေတာမျိုးကို သတိနဲ့ ဆင်ခြင်ပါ။ကိုယ်ကသာ ရှေ့ဆောင်လမ်းပြ role model ဖြစ်ပါစေ။ ကလေးရဲ့ ကောင်းတဲ့အပြုအမူတွေက နောက်ကလိုက်လာပါလိမ့်မယ်။

ကလေးတွေဘာသာစကားစွမ်းရည် language skill တိုးတက်စေဖို့ ဘာတွေလုပ်ပေးမလဲ

ကလေးတွေရဲ့ဘာသာစကား သင်ယူနိုင်မှုဟာ မွေးခါစ ကတည်းက စပါတယ်။ အသက် ၆ နှစ်အောက်က လေးတွေဟာ ဘာသာစကား ၃ မျိုး ၄ မျိုးကိုတောင် တပြိုင်တည်း သင်ယူနိုင်တာကို တွေ့ကြရမှာပါ။ ဒါဟာလူကြီးတွေနဲ့ ဆက်သွယ်နိုင်ဖို့ သဘာဝအရ ဖြစ်ပေါ်လာတဲ့သိမ်မွေ့နုညံ့တဲ့ ကာလလေးတွေပါ။ ဒီအချိန်မှာ ကလေးတွေကို ကူညီနိုင်မယ့် activity နဲ့ tips လေးတွေကို ဒီမှာလေ့လာနိုင်ပါတယ်။

မိဘတွေသိကြတဲ့အတိုင်း ကလေးကို မွေးခါစကတည်းစကားများများပြောပေးခြင်းဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကိုပိုတိုးတက်စေနိုင်ပါတယ်။ တခါတလေ ဘာပြောရမှန်းမသိပဲ ဖြစ်နေရင် ကိုယ်ဘာလုပ်နေတယ် ဆိုတာကို ပြောပါ။ ကိုယ်မြင်တဲ့ အရာ၊ ထိတွေ့လိုက်တဲ့အရာ၊ ကြားလိုက်တဲ့အသံ စတာတွေကိုပြောပြပါ။ ဥပမာ မေမေ အခု ဒိုင်ပါ လဲမယ် ပြီးရင် မေမေတို့ နို့သောက်ကြမယ် အိပ်ကြမယ်။ ဒီအသံက ငှက်အသံ၊ အိမ်ရှေ့မှာ ခွေးလေးဖြတ်သွားတယ်၊ ခွေးလေးက ဝုတ်ဝုတ်လို့အော်တယ် စသဖြင့် ပြောပြပါ။ ကလေးနဲ့စကားပြောတဲ့အခါ ကလေးလိုမပီကလာပီကလာbaby talk အသံပြောင်းပြောခြင်း အတိုကောက်ပြောခြင်း များတတ်နိုင်သမျှရှောင်ပြီး လူကြီးတစ်ယောက်ကို ပြောသလိုပဲပြောပါ။

စကားစပြောနေတဲ့ကလေးက သူသိတဲ့စကားလုံးတွေသူ့ဘာသူပြောလာတဲ့အခါ အဲ့ဒီပြောတဲ့စကားနဲ့ဆက်ဆက်ပြီး စကားဆက်ပြောပါ။ ဥပမာ ခွေးခွေး လို့ပြောတဲ့ အခါ အေးဟုတ်တယ် ဒါခွေးလေး ခွေးလေးက ဝုတ်ဝုတ်လို့အော်တယ်။ ပြီးတော့ ခွေးရဲ့အရောင် အဲါဒီခွေးလေးဘာလုပ်နေတာ စတာတွေကို ဆက်ပြီးပြောသွားလို့ရပါတယ်။

စာအုပ်ဖတ်ပြပါ။ စာအုပ်ရွေးတော့မယ်ဆိုရင် ၆ အောက် ကလေးတွေအတွက် ကောင်းတာက စာလုံးမပါတဲ့ touch and feel စာအုပ်လေးတွေပါ။ ဒီအရွယ်က အာရုံခံနိုင်မှုက စကားလုံးလေ့လာမှုထက် ပိုပြီး လိုအပ်ပါတယ်။ ၆လကျော်သွာရင်တော့ စာမျက်နှာ တစ်ခုမှာပုံတစ်ပုံနဲ့ စာတစ်လုံးစီပါတဲ့ စာအုပ်မျိုးဖတ်ပြနိုင်ပြီး ကလေးအသက်ကြီးလာတာနဲ့အမျှ ပုံနဲ့စာကြောင်းတွေပါတဲ့ စာအုပ်တွေ၊ lift-the- flip စာအုပ်လေးတွေဖတ်ပြနိုင်ပါတယ်။ နည်းနည်းကြီးတဲ့ကလေးတွေကိုပုံပြင်စာအုပ်လေးတွေဖတ်ပြရင် ဒါဘာလို့ဖြစ်တာလဲ နောက်ဘာဆက်ဖြစ်မယ်ထင်လဲ စသဖြင့် မေးခွန်းလေးတွေမေးပြီး ပြန်ဖြေပါစေ။

သီချင်းနားထောင်ပါ။ သီချင်းထဲကစကားလုံးလေးတွေ nursery rhyme လေးတွေကို ကလေးမသိစိတ်က သင်ယူနေပါတယ်။

လက်ညိုးထိုးတတ်သွားတဲ့ အရွယ်မှာ ကလေးလေးတွေဟာပစ္စည်းလေးတွေကို ထောက်ထောက်ပြီး ဒါမှ မဟုတ်ညွှန်ပြပြီး လက်ညိုးထိုးပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ မိဘတွေက ဒီဟာလိုချင်လို့လား ဟိုဟာလား သူလား စသဖြင့် နာမ်စားသုံးမယ့်အစား – စတော်ဘယ်ရီလိုချင်လို့လား ဝက်ဝံရုပ်လား ဒါက ဖေဖေ ဟုတ်တယ်စသဖြင့် နာမည်အစစ်ကို တတ်နိုင်သမျှသုံးပေးရပါမယ်။ တူတဲ့အရုပ်တွေ တစ်ခုထက် ပိုပြီးရှိနေရင်လည်း အရုပ်တွေကို နာမည်ပေးလို့ရပါတယ်။ဒီဘိုမရုပ်လား ဟိုဘိုမရုပ်လားဆိုတာထက် ဖြူဖြူလား လှလှလား ကြီးကြီး သေးသေး စသဖြင့် ပေါ့။

3 dimensions ရှိတဲ့ ပစ္စည်းနဲ့ 2 dimensions ရှိတဲ့ ပစ္စည်း နှစ်ခုကို match လုပ်ခိုင်းပါ။ ဥပမာ ငှက်ပျောသီး အစစ် သို့မဟုတ် အရုပ် ကို စာအုပ်ထဲက ပုံ ဒါမှ မဟုတ် flash card ထဲက ပုံနဲ့ match လုပ်ခိုင်းတာပါ။ အောက်က video လေးထဲမှာကြည့် နိုင်ပါတယ်။

ကလေးကိုရွေးချယ်စရာ ၂ ခုအမြဲပေးကြည့်ပါ။ ဥပမာ- ပန်းသီးစားမလား စတော်ဘယ်ရီစားမလားလို့မေးတဲ့အခါ ကလေးက yes no အဖြေထက် ပန်းသီးစားမယ် စတော်ဘယ်ရီစားမယ် စသဖြင့် စကားလုံးသုံးပြီးပြန်ဖြေရပါလိမ့်မယ်။

ဘာသာစကားစွမ်းရည်တိုးတက်ဖို့အတွက် စကားလုံးတစ်ခုကိုထပ်ခါတလဲလဲပြောဖို့လိုပါတယ်။ ပြောတဲ့စကားလုံးကလည်း တူညီဖို့လိုပါတယ်။ မြန်မာစကားက ဝေါဟာရကြွယ်တဲ့အတွက် တခါတလေ သတိမထားမိပဲ အမျိုးမျိုးသုံးပြီးပြောနေမိတဲ့အခါရှိပါတယ်။

ကလေးနဲ့ အပြင်ထွက်လမ်းလျှောက်တာ၊ တိရိစ္ဆာန် ဥယဉ်သွားတာ၊ ပန်းခြံသွားတာတွေလုပ်ပေးပြီး ပြင်ပလောကမှာဖြစ်နေတဲ့ activity တွေ ဝေါဟာရတွေကို ပြောပြခြင်းဖြင့်လည်း ကလေးရဲ့ဘာသာစကားကိုတိုးတက်စေပါတယ်။

Category တွေသင်တော့မယ်ဆိုရင် အရောင်တူတာ အမျိုးတူတာ ပုံစံတူတာစတာတွေကို matching လုပ်ခိုင်းတာ ရွေးခိုင်းတာတွေလုပ်လို့ရပါတယ်။ Montessori approach နဲ့ ဘယ်လို ကစားနည်းလေးတွေ hands on activity လေးတွေလုပ်ပေးလို့ရလဲဆိုတာ ဒီ video လေးထဲမှာကြည့်ပါ။

ယေဘူယအားဖြင့် ကလေး အသက်အရွယ်နဲ့ ပြောနိုင်တဲ့ စကားလုံးအရေအတွက်ကို အောက်မှာကြည့်ပါ။

၁၂လ- စကားလုံး၂လုံးမှ ၆ လုံး

၁၅လ- စကားလုံး ၁၀လုံး

၁၈လ – စကားလုံး ၅၀

၂၄လ – စကားလုံး ၂၀၀- ၃၀၀

၃၀လ- စကားလုံး ၄၅၀

၃၆လ- စကားလုံး ၁၀၀၀

ဒါက ယေဘူယဖြစ်ပြီး ကလေးတစ်ယောက်စီကွဲပြားနိုင်ပါတယ်။ ကလေးက ၁ နှစ်အရွယ်မှာအသံလာရာကို လှည့်မကြည့်တတ်တာ၊ မျက်နှာ အနေအထား တမျိုးထဲဖြစ်နေတာ၊ ၂ နှစ်အရွယ်မှာခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုထောက်မပြတတ်တာ မိဘက တခုခု လုပ်ခိုင်းတာကို လိုက်မလုပ်နိုင်တာ၊ ၃ နှစ်နေလို့ စကားမပြောနိုင်တာ မေးတာကို ပြန်မဖြေတတ်တာ တွေရှိနေရင် ဆရာဝန် ဒါမှမဟုတ် speech therapist နဲ့တိုင်ပင်ကြည့်ပါ။

Ref: what to expect year 2

ကိုယ်ကိုကိုယ် ယုံကြည်မှုရှိတဲ့ကလေးလေးတွေဖြစ်အောင်

ကိုယ့်ကိုကိုယ်ကျေနပ် နှစ်သက်ပြီးပျော်ရွှင်တဲ့ ကလေးဘဝ ရှိတဲ့ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာလည်း ပျော်ရွှင်ပြီး အကျိုးပြုတတ်တဲ့ သူတွေဖြစ်လာနိုင်ပါတယ်တဲ့။

Don’t do everything for her- ကလေးကို အကုန်လိုက်လုပ်မပေးပါနဲ့။ ကလေးကိုလိုလေသေးအရှိအောင်အကုန်လိုက်လုပ်ပေးခြင်းဟာ ကလေးကို ချစ်တာထက် နှစ်ရာရောက်ပါတယ်။ ကျောင်းသွားဖို့ မိဘကပဲ အဝတ်အစားဝတ်ပေးတာ ပိုမြန်ကောင်းမြန်ပါလိမ့်မယ်ဒါပေမယ့် ကိုယ့်ဘာသာ အဝတ်အစားဝတ်လို့ ကြုံရတဲ့အခက်အခဲနဲ့ အဲ့ဒီအခက်အခဲကိုကျော်လွှားသွားနိုင်တဲ့အခါ ဖြစ်တဲ့ ပီတိက ကလေးတွေကို ပိုပြီးတော့ ယုံကြည်မှုတိုးပွါးစေပါတယ်။

Don’t gust or offer insincere praise- စိတ်ထဲကမပါပဲ ကလေးကိုမချီးကျုးပါနဲ့။ ကလေးတွေက သိနိုင်ခံစားနိုင်ပါတယ်။ ဥပမာ- သူဆွဲထားတဲ့ပုံလေးကို လာပြတဲ့အခါတော်လိုက်တာ good job လို့ပဲပြောမယ့် အစား သူဆွဲထားတဲ့ အသေးစိတ် အရာရဲ့ ကောင်းတဲ့အချက်ကို ထုတ်ဖော်ပြောပြီး ချီးကျုးပေးရပါမယ်။

Don’t draw comparison between your children- ကိုယ့်ကလေး အကြီးအငယ် ကို နှိုင်းယှဉ်တာမျိုး အခြားကလေးနဲ့ နှိုင်းယှဉ်တာမျိုး မလုပ်မိပါစေနဲ့

Don’t call children names or use sarcasm to make the point – ကလေးကို အပျင်းကြီးလေး လူဆိုးလေး စသဖြင့် နှိမ့်ချပြီး နာမည်ပြောင်လေးတွေမပေးမိပါစေနဲ့ ။ ဖြစ်မှာပေါ့ အသုံမှမကျတာ မိဘစကားမှ နားမထောင်တာ စသဖြင့် ခနဲ.ပြီး လူကြီးမှန်ကြောင်းကို သက်သေမပြမိပါစေနဲ့။

Do give children choices- ကလေးတွေကိုရွေးချယ်စရာပေးပါ။ ရိုးရှင်းတဲ့ကိစ္စဖြစ်တဲ့ အဝတ်အစားလဲတဲ့ကိစ္စဖြစ်ပါစေ။ ဒီအင်္ကျီဝတ်ချင်လာ ဒီ ဂါဝန်လေးဝတ်ချင်လား။ မနက်စာ ကြက်ဥစာမလား pancake စားမလား စသဖြင့် ရွေးချယ်စရာ ၂ ခု အမြဲပေးပါ။ ဒါက ငယ်စဉ်ကတည်းက ဆုံးဖြတ်ချက်ဘယ်လိုချရမယ် ကိုယ့်ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲကဘာတွေလဲ စတာတွေကို ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

Do let him know no one is perfect- တခါတလေ ကလေးတွေကိုယ်ဘာသာတခုခု တီထွင်လုပ်ကိုင်ပြီး စိတ်တိုင်းမကျတဲ့အခါ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါမျိုးတွေရှိတတ်ကြပါတယ်။ ကလေးအမှားတခုခုလုပ်တဲ့အခါ အပစ်တင်မယ့်အစား ပြီးပြည့်စုံတဲ့သူဘယ်သူမှမရှိကြောင်းပြောပြပေးပါ။

Do assign age- appropriate household chores- ကလေးအရွယ်နဲ့ကိုက်မယ့် အိမ်မှုကိစ္စလေးတွေကိုလုပ်စေခြင်းဟာ ကလေးတွေ problem solving skill ပြသနာတစ်ခုဘယ်လိုဖြေရှင်းရမလဲဆိုတာသိစေမယ်။ အရေးပါတဲ့အိမ်သားတစ်ယောက်လိုခံစားရမယ်။

Do spend one- on- one time with your child- ကလေးရဲ့ခံစားချက်တွေကို သိနိုင်အောင် ကလေးနဲ့ကိုယ် တစ်ယောက်ချင်း အချိန်ပေးပြီး စကားပြောပေးသင့်ပါတယ်။ဒါမှ ကလေးက ကိုယ့်အပေါ်ယုံကြည်မှုနဲ့ သံယောဇဉ်လည်းတိုးစေနိုင်မှာပါ။

Parents.com/ healthy kid

ကလေးသူငယ်များကိုအကျင့်လုပ်ပေးခြင်း

မျက်စိမှာ အကျင့် ၀မ်းမှာ ချင့် စကားပုံ ရှိပါတယ်။ ဒါက လူကြီးရော ကလေးအတွက် သိပ်မှန်ကန်တဲ့ စကားပုံဆိုတာ ကလေးကိုsleep training နဲ. BLW training လုပ်ခဲ့တဲ့ ကျမအတွက်တော့ သာဓကပါ။ ကျမကလေးက ၁ နှစ် ၆ လပဲရှိသေးတဲ့အတွက် အပြော သိပ်မစောချင်ပေမယ့် ၅ လအရွယ်တည်းက တစ်ည ကို ည ၇နာရီ ကနေ မနက် ၇ နာရီထိ ၁၂ နာရီ ဆက်တိုက်အိပ်တဲ့ ကလေး ကြောင့် အိပ်ရေးမ၀မှာ မစိုးရိမ်ရသလို BLW train ခဲ့တဲ့အတွက် အစာကျွေးခက်တဲ့ကာလတွေမှာ ကလေး အစာ မစားမှာလည်း အရမ်း မပူခဲ့ရပါဘူး။ 

ကလေးတွေအတွက် အကျင့်လုပ်ပေးခြင်း ၊လုပ်ရိုးလုပ် စဉ် routines တွေလုပ်ပေးဖို.ဘာကြောင့်အရေးကြီးလဲဆိုရင် ကလေးတွေက သူတို.နဲ.မရင်းနှီးသေးတဲ့ ဆန်းပြားတဲ့လောကကြီးထဲမှာ အပြောင်းအလဲ အသစ်အဆန်းတွေနဲ.ရင်ဆိုင်ရတာကို မနှစ်ကြိုက်ကြပါဘူး။ ကလေးမှမဟုတ်ပါဘူး ကျမတို.လူကြီးတွေ တောင် အပြောင်းအလဲနဲ. မသေချာခြင်း ကိုမကြိုက်ကြပါဘူး။ ကိုယ်အိပ်နေကျ အိပ်ရာမှာပဲအိပ်ချင်တာ စားနေကျ နေရာလေးမှာပဲ စားချင်တာတွေရှိကြတာပဲ။ ပုံမှန်မဟုတ်တဲ့ နေရာသစ်မှာနေသားကျဖို. ကျမတို.လူကြီးတွေက အကျင့်တွေကိုကိုယ့်ဘာသာ လုပ်ယူနိုင်ပေမယ့်  ဘာမှ မလုပ်နိုင် မကိုင်နိုင်သေးတဲ့ ကလေးတွေအတွက် သူတွေ့ထိနေရတဲ့ ပတ်၀န်းကျင်က နေ.စဥ် ပြောင်းလဲနေသရျ် သူတို.တွေမှာ မသေချာမှု ဆိုတဲ့ စိတ်ခံစားချက်တွေကို ခံစားရပြီး ညဘက်အိပ်ချိန်မမှန်တာ ပုံမှန်မစားတာ တွေဖြစ်တတ်ပါတယ်။

၆လအောက်မှာ ကလေးတိုင်းအတွက် Routine မရှိနိုင်ပေမယ့် ၆လကျော်လာရင်တော့ ကလေးလေးတွေရဲ. မှတ်သားနိုင်မှု ဟာ တော်တော်လေးကောင်းမွန်လာပါပြီ။ ဒီတော့ မိဘတွေ လုပ်ပေးတဲ့အကျင့်လေးအတိုင်း အိပ်ချိန်ရောက်တော့မယ်ဆိုရင် အလိုလိုအိပ်ချင်လာမယ် စားချိန်ရောက်တော့မယ်ဆို ဗိုက်ဆာလာမယ်။

မိဘတွေလုပ်ပေးနိုင်တဲ့ Routineလုပ်ရိုးလုပ်စဉ် ဥပမာတွေကတော့ ရေချိုးချိန်၊ အစာစားချိန်၊ အိပ်ချိန်၊ ကစားချိန်၊ အိမ်စာလုပ်တဲ့အချိန်၊ မိသားစုနဲ. အချိန်ဖြုန်းရမယ့်အချိန်၊ အပြင်သွားဖို.အချိန် စသဖြင့် ကိုယ့်မိသားစုနဲ.အဆင်ပြေမယ့်အချိန်ကိုရွေးပြီး တသမတ်ထဲ လုပ်ဆောင်ပေးလို.ရပါတယ်။

🔔 Routine လုပ်ခြင်းဟာ ကလေးက ဘာကို မျှော်လင့်ရမယ် ဘာပြီး ဘာလာမယ်ဆိုတာကို ကြိုသိနေတဲ့အတွက်  မိဘကို ယုံကြည်မှုတိုးပွားစေပါတယ်။ အေးဆေးတည်ငြိမ်ပြီးစိုးရိမ်သောကဖြစ်ခြင်းလျော့နည်းစေပါတယ်။

🔔 မိဘနဲ. ကလေးနဲ.ကြားမှာ ဖြစ်တတ်တဲ့ Power struggle အရွက်တိုက်မှု ဂျီကျမှုလေးတွေကိုလည်း လျော့နည်းစေပါတယ်။ ထမင်းကြွေးတဲ့အချိန်မှာ မစားတာ အိပ်ရမယ့် အချိန်မှာ ကစားချင်တာ တွေက routine မမှန်မှုရဲ. နောက်ထွက်ဆိုးကျိုးတွေပါပဲ။

🔔 Routine လုပ်ခြင်းကသာယာတဲ့ မိသားစု အချိန်တွေကို ဖြစ်စေတယ်။ ဥပမာ ညတိုင်း မိသားစုနဲ. ထမင်းစားတဲ့အချိန် တစ်ပတ်တခါ စနေနေ.တိုင်း မိသားစုအပြင်ထွက်တဲ့အချိန် စသဖြင့် လုပ်နေကျ မိသားစု family time လေးတွေကို သိရှိတန်ဖိုးထားတတ်စေပါတယ်။

🔔Routine လုပ်ခြင်းက ကလေးတွေ ရေချိုးရမယ် အိပ်ခါနီး သွားတိုက်ရမယ် စသဖြင့် တကိုယ်ရေသန်.ရှင်းရေးနဲ. self care ကို လူကြီးပြောမှလုပ်တာ အပြောခံရလို. လုပ်တာမဟုတ်ပဲ  ဘာလုပ်ရမယ်ဆိုတာသိပြီး ကိုယ်တိုင်လုပ်နိုင်တာမို. မိမိကိုယ့်ကိုဂုဏ်ယူကြပါလိမ့်မယ်။

🔔Routine ရှိခဲ့တဲ့ကလေးတွေဟာ time management  အချိန်ကို ကောင်းစွာ စီမံနိုင်ပြီး ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာ ကိုယ့်ဘာသာသိနေတဲ့အတွက် ကြီးပြင်းလာတဲ့အခါထိကျောင်းနောက်ကျတာ ရုံးနောက်ကျတာတို. မဖြစ်ပဲ စည်းကမ်းပိုရှိပါလိမ့်မယ်။

🔔Routine ရှိတဲ့ကလေးတွေဟာ ပြင်ပပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ဥပမာ-ကျောင်းစတက်တဲ့အချိန်၊ မိသားစု၀◌င်အသစ်တိုးတဲ့အချိန်၊ ခရီးသွားတဲ့အချိန် စတဲ့ အပြောင်းအလဲတွေရှိတဲ့အချိန်မှာ routine မရှိတဲ့ကလေးတွေထက် စိတ်ဖိစီးမှု လျော့နည်းခြင်းနဲ. တည်ငြိမ်ခြင်းကို ဖြစ်စေတယ်။

🔔Routine ရှိတဲ့ကလေးတွေရဲ. မိဘတွေက ကလေး ညဘက် ဆက်တိုက် အိပ်နေရာက နိုးနေကျမဟုတ်ပဲ နိုးလာတဲ့အခါ အစာစားနေကျအတိုင်းမစားတော့တဲ့အခါတွေမှာ ကလေးအိမ်မက်ဆိုးမက်နေလို.လား နေမကောင်းလို.လား သွားပေါက်နေလို.လား စသဖြင့် ကလေးတခုခုမှားနေတယ်ဆိုတာကိုအလွယ်တကူ ခန်.မှန်းသိနိုင်တဲ့အတွက် ကလေးနဲ.ဆက်သွယ်ဖို.လွယ်ကူတယ်။ မိဘတစ်ယောက်အနေနဲ. ကိုယ့်ကိုယ်ကိုယုံကြည်မှု တိုးစေတယ်။

🔔ကလေးတစ် ဦး ချင်းစီ၏လိုအပ်ချက်နှင့်အညီအကင်းပါးပါးနှင့် အလိုက်သင့်ပြောင်းလဲပေးရန် လည်းသတိရပါ။  ဥပမာ ကလေးတွေအသက်ကြီးလာလို.နေ.လည် အိပ်ချိန် လျှော့လာတဲ့အခါ၊ ကျောင်းစတက်တဲ့အခါ တွေမှာ အချိန်ကို အတိုးအလျော့၊ အကျင့်တွေကို အတိုးအလျော့တွေလုပ်ပေးရနိုင်ပါတယ်။

Burmese American Home