ကိုယ်၀န်ဆောင်သည်တွေ မီးဖွားခါနီးဘယ်လိုပြင်ဆင်ကြမလဲ

ကိုယ့်အနီးအနားမှာ childbirth class တက်လို့ရရင် အနည်းဆုံး ၂ လအလိုမှာကြိုတက်ထားပါ။

ဒီအနောက်နိုင်ငံတွေမှာ childbirth classက ဘာတွေသင်ပေးလဲဆိုရင် ကလေးမွေးဖွားခြင်းဖြစ်စဉ်အဆင့်ဆင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဘယ်လိုပြင်ဆင်မလဲဆိုတာရယ် ဗိုက်နာတဲ့အခါ သက်သာအောင်ဘယ်လိုနည်းတွေသုံးရမလဲ ဖခင်ရဲ role ကဘာလဲ ဘယ်အချိန်မှာ ဆေးရုံသွားမလဲ စတာတွေကို သင်ကြားပေးပါတယ်။ Childbirth class မရှိရင်လည်း အခုခေါတ်မှာinternet, youtube မှာ အလကား ကြည့်လို.ရတဲ့ online class တွေလည်းရှိနိုင်ပါတယ်။ ကြိုပြီး research လုပ်ထားပါ။

ခန္ဓာကိုယ်ကိုဘယ်လိုပြင်ဆင်မလဲ

🔔ကိုယ်ဝန်ဆောင်နေစဉ်လှုပ်လှုပ်ရှားရှားနေခြင်းဟာ ခန္ဓာကိုယ်ကို အကောင်းဆုံး ပြင်ဆင်ခြင်းပါပဲ။ တနေ့ အနည်းဆုံး နာရီဝက်က နေ ၁ နာရီ လမ်းလျှောက်တာ၊ prenatal yoga လုပ်တာ၊ ရေကူးတာတွေက သားအိမ်ကိုသွေးလည်ပတ်မှုကောင်းပြီး တင်ပဆုံအရိုးတွေ အရွတ်တွေ ကြွက်သားတွေကို တင်းကျပ် မာကျောနေတာကနေ ဖြေလျှော့ပေးပါတယ်။

🔔Exercise ball အသုံးပြုပြီး လေ့ကျင့်ခန်းလုပ်မယ်။

🔔Kegal exercise- မွေးလမ်းကြောင်းမှ ကြွက်သားတွေသန်မာဖို. kegel exercise လုပ်မယ်။ ဘယ်လိုလုပ်ရမလဲဆိုရင် ဆီးသွားလို. မပြီးဆုံးသေးခင်မျာ တောင့်တားပြီး ဆီးသွားခဏရပ်ထားလိုက်ကြည့်ပါ။ ဆီးသွားစဥ်မှာ အဲဒီလို ထိန်းပြီး ရပ်လိုက် ဆီးထပ်သွားလိုက်လုပ်ခြင်းက မွေးလမ်းကြောင်းမှ ကြွက်သားတွေသန်မာစေပြီး မွေးပြီးတဲ့အချိန်မှာလည်း ပြန်ပြီး အရင်အတိုင်းဖြစ်ဖို.လွယ်ပါလိမ့်မယ်။
🔔ကျန်းမာရေးနဲညီညွတ်တဲ့အစားအစာစားပြီး prenatal vitamin သောက်မယ်။ 
🔔အရေပြားတွေနူးညံ့ ပျော့ပျောင်းနေအောင် ရေများများသောက်မယ်။
🔔အိပ်ရေးဝ အောင် ကြိုးစားအိပ် ပြီးအနားယူမယ်။

စိတ်ပိုင်းဆိုင်ရာဘယ်လိုပြင်ဆင်မလဲ

🔔အချို့ ကိုယ်ဝန်ဆောင်တွေမှာ ကလေးမွေးရမှာ အကြောက်လွန်တဲ့ရောဂါ tokophobia ဆိုတာရှိတတိကြပါတယ်။ မိသားစုထဲမှာ ကလေးမွေးတာခက်တာကြုံဖူးရင်ပဲဖြစ်ဖြစ် စိုးရိမ်သောကလွန်ကဲခြင်း anxiety disorder ရှိရင်ပဲဖြစ်ဖြစ် အကြောက်လွန်တတ်ကြပါတယ်။ ကလေးမွေးတဲ့လူတိုင်းရဲ့ story တွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူနိူင်ပါဘူး။ မွေးခါနီးတဲ့အချိန် မှာ ကောင်းတဲ့ story လေးတွေကိုပဲ focus လုပ်ဖို့လိုပါတယ်။ သူများအတွက် ခက်ခဲတိုင်း ကိုယ့်အတွက်ခက်ခဲတာမဟုတ်ပါ။ 

🔔ကလေးနဲ.ဆက်သွယ်ပါ စကားပြောပါ၊ သီချင်းဆိုပြပါ၊ဗိုက်ကို အသာအယာပွတ်သပ်ပေးပါ၊ အကောင်းမြင် ပြီး စိတ်ကောင်းကောင်းထားခြင်းဟာ ကလေးမွေးဖို. စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်စေမှာပါ။

🔔Relaxation technique – အသက်ရူလေကျင့်ခန်း၊ လေဝင်လေထွက်မှတ်တာ၊ သီချင်းနားထောင်တာ တွေကလည်း ကလေးမွေးဖွားတဲ့အချိန်မှာ စိတ်အေးလက်အေးဖြစ်စေတဲ့ အကျင့်ကိုဖြစ်စေပါတယ်။
ဗိုက်နာတဲ့အချိန်မှာ လေရူလေထုတ်ကို ပြင်းပြင်းလေးရှုတာ၊ ၁ ကနေ ၂၀ အထိ အပြန်ပြန်အလှန်လှန်ရေတွက်တာ၊ ရင်သွေးလေးရဲ.မျက်နှာကိုမြင်ယောင်တာ ၀တ်ပေးမယ့် အကျိီအ၀တ်အစား သို.မဟုတ် ultrasound ဓာတ်ပုံလေးကို ကြည့်ပြီး positive imaginary ကောင်းတာလေးတွေ စိတ်ကူးယဉ်တာမျိုးတွေလည်းလုပ်ပေးနိုင်ပါတယ်။

🔔Progressive relaxation- အိပ်ရာပေါ်လဲလျှောင်းပြီး စိတ်ကို လျှော့ပါ။ ပြီးရင် ခန္ဓာကိုယ်ရဲ. ခေါင်းမှ ခြေထိ ကြွက်သားတစ်ခုစီကို အာရုံစိုက်ပြီး တောင်းတင်းပါ ပြီး ရင်လျှော့ချပါ

အထုတ်အပိုးဘယ်လိုပြင်ဆင်မလဲ

၃၆ပတ်ကျော်ရင် အထုတ်ကြိုပြင်ထားတာကောင်းပါတယ်။ ဗိုက်နာတဲ့အချိန်မှာ လိုတာကောက်ထည့်နေရင် တကယ်လိုအပ်တာတွေ ကျန်နေတတ်ပါတယ်။ 

လိုအပ်တဲ့စာရွက်စာတမ်းတွေ
ဖုန်း၊ ကင်မရာ၊ charger
slipper ဖိနပ် ခြေစွပ် 
နို.တိုက် ဘရာနဲ. အင်္ကျီ nursing bra and outfit, ည၀တ် အင်္ကျီ ၂ စုံ၊ underwear
နှုတ်ခမ်းတွေခြောက်လာတတ်လို. lip bum, 
ဆေးရုံမှာ လင်းထိန်နေလို. eye mask,
အသံဆူညံတာတွေအတွက် ear plug, 
နားထောင်နေကျ music, 
နာတာသက်သာစေတဲ့ lavender essential oils,
နို.သက်ခံဖို. nipple pads, 
တကိုယ်ရေ သန်.ရှင်းရေးပ စ္စည်း toiletries
မျက်နှာသုတ်ပ၀ါနဲ. ခေါင်းအုန်းအသေး
ဗိုက်နာတဲ့အချိန်မှာ သုံးဖို.relaxation tools ( tennis ball, hot and cold packs)
အစာပြေစားစရာ
ကလေးအတွက် အင်္ကျီ ၊ အနှီး ၊စောင်
ကလေးအတွက် car seat

Burmese American Home

ကလေးတွေအတွက် basic Food safety

ကလေးငယ်တွေကို ဖြည့်စွက်စာ ကြွေးရင်ပဲဖြစ် ဖြစ် ၂ နှစ် ၃နှစ် ဝန်းကျင်ကလေးကြီးတွေအတွက် သရေစာ ကြွေးရင်ပဲဖြစ်ဖြစ် အပြင်စာကြွေးတော့မယ် ready made အစားအစာကြွေးတော့မယ်ဆိုရင် ဆောင်ရနိရှောင်ရန်နဲ့ package label ဘယ်လိုဖတ်ရမယ်ဆိုတာ share လိုက်ပါတယ်နော်။ ကျမလို အခြားနိုင်ငံမှာနေတဲ့မေမေတွေ working mom တွေအနေနဲ့ ကလေးကို အိမ်မှာ သန့်ရှင်းလတ်ဆတ်တဲ့အစာတွေနေ့တိုင်းချက်ကျွေးချင်ပေမယ် အချိန်မရလို့ ready made အစာအစာတွေကို ကျွေးရတဲ့ အခါမျိုးတွေလည်းရှိကြမှာပါ။ ready made တိုင်းက မကောင်းတာမဟုတ်သလို အိမ်မှာချက်တိုင်းလည်း basic food safety rule တွေကို မလိုက်နာမိတဲ့အခါ အန္တရာယ်ဖြစ်နိုင်တာကိုသတိထားမိစေချင်ပါတယ်။

အသီးအရွက်က ကလေးတွေအတွက်ကောင်းတာလူတိုင်းသိကြပေမယ့် ဘယ် အသီးအရွက်ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာလည်း အရေးကြီးပါတယ်။ ဥပမာ-အချို့ မြေကြီးမှာပေါက်တဲ့အသီးတွေဟာ bacteria တွေနဲ့ ပေကျံနေပြီးပိုးသတ်ဆေးတွေနဲ့ တွေ့ထိနေတာဖြစ်တဲ့အတွက် တတ်နိုင်သမျှ organic ကိုရွေးချယ်တာ ရှာလကာရေနဲနဲထည့်ပြီး ရေစိမ်ဆေးပေးတာတွေလုပ်ပေးရနိုင်ပါတယ်။

အထူးသဖြင့် dirty dozen အောက်ပါအစာတွေဟာ ပိုးသတ်ဆေးတွေပိုမိုပါဝင်နိုင်လို့ ဂရုစိုက်သင့်ပါတယ်။ organic ကျွေးနိုင်ရင်ပိုကောင်းပါတယ်။

( ပန်းသီး၊ ငရုတ်ပွသီး၊ ချယ်ရီ၊ တရုတ်နံနံကြီး၊ စပစ်သီး၊မက်မွန်သီး၊ နက်တရင်းမက်မွန်သီး၊သစ်တော်သီး ၊ အာလူး၊ စတော်ဘယ်ရီ၊ ရတစ်ဘယ်ရီ၊ ဟင်းနုနွယ်တမျိုး)Apples, bell peppers , celery, cherries , grapes , nectarines, peaches, pears, potatoes, strawberry, raspberries,spinach

အောက်ပါအစာတွေကတော့ ပိုးသတ်ဆေးအနည်းဆုံးမို့ စိတ်ချလက်ချကြွေးနိုင်ပါတယ်။

ထောပတ်သီး၊ ငှက်ပျောသီး၊ ကီဝီသီ:၊ သရက်သီး နဲ့ နာနတ်သီး: အရွက်ဆိုရင် ကညွတ်၊ ဘရိုကိုလီ၊ ဂေါ်ဖီ၊ ပျောင်းဖူး၊ ခရမ်းသီး၊ ပဲနံသာစေ့၊ ကြက်သွန်။

Juice တွေ နို့ထွက် ပစ္စည်းတွေဝယ်မယ်ဆိုPasteurized ဆိုတာပါလားကြည့်ပါ။

မှိုတက်နေတာ၊ အနံ့မကောင်းတာ၊ expiration date နီးနေတာ၊ အမှည့်လွန်တာ၊ အနာပါတဲ့အသီးတွေကို တတ်နိုင်သမျှရှောင်ပါ။

ကြက်ဥကို ကျက်နေအောင်ပြုတ်ပါကျော်ပါ။

အသားကိုသေချာနူးအောင်ချက်ပါ။ ၁၇၀ -၁၈၀degree ဖာရင်ဟိုက်ဆိုရင်ကောင်းကောင်း ကျက်ပါတယ်။

အချို့ ငါးတွေဟာ မာကျုရီ နဲ့ ကင်ဆာဖြစ်စေတဲ့PCB ပါဝင်မှုရှိနေနိုင်တဲ့အတွက် ကိုယ် ဝန်ဆောင်စဉ်တုန်းကလိုပဲရှောင်ပါ ( shark, swordfish, tilefish, king mackerel,)

စားဖို့စိတ်ချရတာကတော့ ရေချိုငါး freshwater trout,white fish, tilapia, flounder, salmon, shrimp

ရေခဲသေတ္ထာထဲမှာ ချက်ပြီးသားအစာနဲ့ မချက်ရသေးတဲ့ သားစိမ်းငါးစိမ်းကို တစ်ကန့်ထဲတူတူမထားပါနဲ့။

အသားငါးတွေကိုဝယ်ပြီး ချက်ချင်းရေခဲသေတ္တာထဲထည့်ပါ။ ၁ နာရီထက်အပြင်မှာပိုမကြာပါစေနဲ့။

မချက်နိုင်တော့တဲ့အသားငါးကို ရေခဲသေတ္တာထဲမှ freezer ထဲ ၂ရက်အတွင်းထည့်ပါ။

ကြက်ဥကို ရေခဲသေတ္တာရဲ့တံခါး အကန့်လေးတွေထဲမှာ အအေးမလုံလောက်တဲ့အတွက်မထည့်ပါနဲ့။ အတွင်းထဲ ကိုထည့်ပါ။

ချက်ပြီးသားအစာကို ချက်ပြီး၂ နာရီ ၃ နာရီအတွင်းရေခဲသေတ္တာထဲထည့်ပါ။

ကလေးစာချက်နေရင်းမြည်းကြည့်တော့မယ်ဆိုရင် ချက်လက်စ ဇွန်းကို ပါးစပ်ထဲထည့်မြည်းမယ့်အစား ဇွန်းအသစ်ကိုသာသုံးသင့်ပါတယ်။

Cheese ချီစ်ကြွေးတော့မယ်ဆို နောက်က nutrition label ကိုကြည့်ပါ။ pasteurized ဖြစ်ရမယ်။ sodium ကိုကြည့်ပါ။ ၁ နှစ်အောက်မှာ တနေ့၄၀၀ မီလီဂရမ်အထိပဲ စားသင့်ပြီး ၁ နှစ်မှ ၃ နှစ် က ၈၀၀ မီလီဂရမ်ပဲတနေ့တာစားသင့်ပါတယ်။

Yogurt ဒိန်ချဉ်တို့ juice အချိုရေတို့ တိုက်တော့မယ်ဆို အနောက်က label ကိုကြည့်ပါ။ added sugar ဆိုတာပါနေလား သဘာဝအတိုင်းရတဲ့ သကြားဓာတ်လား။ AAP နဲ့ AHA ကလေးဆရာဝန်အဖွဲ့အစည်း guideline တွေက added sugar ကို ၂ နှစ်အောက် ကလေးတွေမှာရှောင်ခိုင်းထားပါတယ်။ ၂ နှစ်အထက်ကိုလည်း တနေ့ ၂၅ ဂရမ်( လက်ဖက်ရေဇွန်း ၆ ဇွန်း)အများဆုံးလို့သတ်မှတ်ထားပါတယ်။

တိရိစ္ဆာန်ကရတဲ့အဆီမှာ toxins တွေပါဝင်နိုင်လို့ အဆီပါတဲ့ အသားတွေကြွေးခြင်းကလည်း တတ်နိုင်သမျှရှောင်ပါ။

အစားအစာတွေရဲ့ အနောက်က nutritional label မှာဒါတွေပါနေရင် ကလေးကို မကြွေးပါနဲ့ ( brominated vegetable oil( BVO), butylated hydroxyanisold( BHA), butylated hydroxytolurne(BHT),caffeine, monosodium glutamate(MSG), propyl gallate, quinine, saccharin, sodium nitrate, sodium nitrite, sulfates and artificial colors and flavors)

Natural color and flavor ဆိုတာကိုရွေးပါ။Artificial color ဟုတ်မဟုတ် သိချင်ရင် အနောက်ကlabel မှာ red No.3 , yellow No.5 စသဖြင့်အရောင်နဲ့ နံပါတ်နဲ့ ပါဝင်နေရင် artificial color ဖြစ်လို့ရှောင်ပါ။

Burmese American Home

ကိုယ်ဝန်ဆောင်ဆီးချို

ကိုယ်၀န်ဆောင် ဆီးချိုဆိုတာဘာလဲ

ကိုယ်၀န်ဆောင်မိခင်တွေ ဆီးချို၊ သွေးချို ရောဂါဖြစ်ခြင်း ၂ မျိုးရှိပါတယ်။

တခုက ဆီးချို၊ သွေးချို အစတည်းက ရှိတဲ့အမျိုးသမီး တစ်ယောက် ကိုယ်၀န်ဆောင်ခြင်းနဲ.

နောက်တခုက ကိုယ်၀န်ဆောင်တဲ့အချိန်မှ ဟော်မုန်းတွေပြောင်းလဲလို. ဆီးချို၊ သွေးချို ဖြစ် ခြင်းပါ။ ကိုယ်၀န်ဆောင်တဲ့အချိန်မှာ အချင်း ကနေ ထွက်တဲ့ ဟော်မုန်းဟာ အင်ဆူလင် လို.ခေါ်တဲ့ သကြား ထိန်းတဲ့ ဟော်မုန်းကို တားမြစ်ပါတယ်။ ထိုတားမြစ်မှုဟာ အချို.ကိုယ်၀န်ဆောင်သည်တွေမှာ သိပ်မသိသာပေမယ့် အချို.မှာ ခန္ဓာကိုယ်ထဲက သကြားဓာတ်ကို မထိန်းညှိနိုင်တော့ပဲ ကလေးကို ပါ အန္တရာယ် ရှိစေနိုင်ပါတယ်။ ကိုယ်၀န် ဆောင်စဉ်မှာ ဖြစ်တဲ့ ဆီးချို၊ ရောဂါက ကလေးမွေးပြီး များသောအားဖြင့်ပြန်ပျောက်သွားတတ်ပါတယ်။

ဘယ်လိုသိနိုင်မလဲ

ကိုယ်၀န် ၂၄ ပတ်ကနေ၂၈ပတ်မှာ 1 hour glucose test ဆိုပြီး ကိုယ်၀န်ဆောင်သည်တိုင်းကို သကြားရည်တိုက်ပြီး ၁ နာရီအကြာ မှာ သွေးဖောက်စစ်ပါတယ်။ ပုံမှန်ထက်များနေတဲ့သူတွေကို 3 hours glucose test ထပ်စစ်ခိုင်းပြီးမှ ရောဂါရှိမရှိသိနိုင်ပါတယ်။

ကိုယ်၀န်ဆောင် ဆီးချို၊သွေးချို ဖြစ်ခဲ့ရင် ဆိုးကျိုးတွေကဘာတွေလဲ

ကိုယ်၀န်ဆောင် ဆီးချို၊သွေးချို ဖြစ်ခဲ့ရင် မိခင်မှာ ဆိုးကျိုးတွေရှိသလို ကလေးမှာလည်း ဆိုးကျိုး တွေရှိပါတယ်။ကလေးမှာဘာဖြစ်တတ်လဲဆိုရင် ကိုယ်၀◌န်ပျက်ကျခြင်း၊ ကလေး ကိုယ်အလေးချိန်လွန်ကဲခြင်း ဆီးချို၊သွေးချို ရောဂါသည်မိခင်ကမွေးလာတဲ့ကလေးငယ်ဟာ ၉ ပေါင် အထက်ထွားနေမယ်။ အဲ့လိုလူကသာထွားနေပေမယ့် ခန္ဓာကိုယ် အတွင်းက ကိုယ့်အဂါအစိတ် အပိုင်း‌တွေက မရင့်ကျက်တတ်တာတွေ.ရတယ်။ အဆုတ်ပွခြင်း၊အသက်ရှုလမ်းကြောင်းတွေ ပုံမှန်အလုပ်မလုပ်ခြင်း ဖြစ်နိုင်သလို အရမ်းကြီးထွားနေတဲ့အတွက် မွေးရိုးမွေးစဉ်မမွေးနိုင်တဲ့အတွက် ညှပ်နဲ.ဆွဲရမယ်၊လေနဲ.စုပ်ရမယ်၊ဗိုက်ခွဲမွေးရတာတွေရှိနိုင်တယ်။

ဘယ်လိုကာကွယ်မလဲ

ကိုယ်၀န်ဆောင်စဉ်မှာသတ်မှတ်ထားတဲ့အလေးချိန်ထက် အများကြီးတိုးမလားအောင် အ၀မလွန်အောင်ထိန်းသိမ်းမယ်၊ ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်မယ်၊ အချိုလွန်ကဲတဲ့ အစားအစာတွေ အလွန်အကျွံမစားဘူးဆိုရင် အတိုင်းအတာတစ်ခုထိ တားဆီးကာကွယ်လို.ရပါတယ်။ 

ကိုယ်၀န်ဆောင်ဆီးချို ဖြစ်ပြီဆိုရင် ဘာဆက်လုပ်ရမလဲ

ဆရာ၀န်ကအခြေအနေ ဘယ်လောက်ဆိုးတာပေါ်မူတည်ပြီး ဘာဆက်လုပ်ရမလဲ ပြောပါလိမ့်မယ်။ များသောအားဖြင့် diet control အစာနဲ.ပဲ ထိန်းခိုင်းပါတယ်။ ကစီဓာတ်များတဲ့ အစာတွေကို လျော့မယ်။ သကြား အချိုတွေမစားဘူး အသီးအရွက်များများ စားပြီး နေ.စဉ်လမ်းလျောက်တာပဲပြီးဖြစ် အခြား exercises ပဲဖြစ်ဖြစ် လုပ်ပါ။ Glucometer နဲ့တနေ.ကို လက်ထိပ်ကို ၄ ကြိမ် ဖောက်ရပါတယ်။ မနက်မိုးလင်း အိပ်ရာထ တစ်ခါ၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားပြီး တခါစီ အားလုံးပေါင်း ၄ကြိမ်ဖောက်ရပါတယ်။ 

မနက်မိုးလင်း အစာမစားခင် level က <90 အောက်

အစာစားပြီးတိုင်း တိုင်းတဲ့ level က <140 အောက်မှာ ရှိနေရင် diet control ဖြစ်လို. ဘာဆေးမှစားစရာမလိုပါဘူး။ အကယ်၍ မထိန်းနိုင်ခဲ့ဘူးဆိုရင် ဆရာ၀◌န်က စားဆေး သို.မဟုတ် အင်ဆူလင် ကို ထိုးခိုင်းပါလိမ့်မယ်။

ကိုယ်၀န်ဆောင်ဆီးချို ဖြစ်ပေမယ့် ဆီးချို ထိန်းနိုင်ရင်ပုံမှန် ကလေးမွေးဖွားနိုင်ပါတယ် ဘာနောက်ထွက်ဆိုးကျိုးမှ မရှိပါဘူး။ စိတ်ဓာတ်မကျပါနဲ.။

ကျမ ပထမကိုယ်၀န်မှာ ကိုယ်၀န်ဆောင်ဆီးချို ဖြစ်တုန်းက အကြောင်း  tips တွေနဲ့ တနေ.တာ သွေးချို တိုင်း ကိရိယာနဲ. စားပြီး တိုင်းပြထားတဲ့ video ကို အောက်မှာကြည့်နိုင်ပါတယ်။

ကိုယ်၀န်ဆောင်သည်တွေမှာလိုအပ်တဲ့ အဓိကအဟာရကြီး (၃)မျိုးရှိပါတယ်။ (carbohydrate )ကစီဓာတ်၊ (protein) အသားဓာတ်၊ (fat) အဆီဓာတ် အပြင် အခြား သင့်တင့်မျှတတဲ့အစားအစာထဲမှ ဗီတာမင်ဓာတ်တွေပါဖို,လိုပါတယ်။ ဆီးချိုသမားတွေမှာ အဓိကအကျဆုံးက ကစီဓာတ်ပါ။

ကိုယ်၀န်ဆောင်ဆီးချိုသမားတွေအတွက် ကစီဓာတ်ဘယ်လောက်စားသင့်လဲဆိုတာသိထားရင် diet management ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကျမတို.မြန်မာလူမျိုးတွေရဲ.နေ.စဉ်အစာကထမင်းများများ အသားဟင်းနည်းနည်း စားတတ်ကြပါတယ်။ ထမင်းမစားရရင် မနေနိုင်ကြတာမို. ကိုယ်စားမယ့်အစားအစာတွေထဲမှာ သကြားဓာတ်ဘယ်လောက်ပါလဲသိပြီး portion control လုပ်ပြီး နည်းနည်းဆီခွဲစားနိုင်ပါတယ်။

General guidelines

  • တနေ့ကို မနက်စာ နေ့လည်စာ ညစာအပြင် သရေစာ ၂ ခါစားပါ။
  • ၂ နာရီ ၃ နာရီကြားတခါ အစာစားပါ
  • သွေးထဲမှာသကြားဓာတ်တက်စေတဲ့ carbohydrate ကစီဓာတ်ဟာ ထမင်း၊ ခေါက်ဆွဲ ပေါင်မုန့်တို့ထဲမှာတွေ့နိုင်ရုံတင်မကအသီး နွားနို့ ဒိန်ချဉ်တို့ထဲမှာလည်းရှိပါတယ်။ 
  • ထမင်းစားပြီး အချိုပွဲစားသုံးခြင်း၊အသီးစားသုံးခြင်း ဖျော်ရည်သောက်ခြင်းရှောင်ပါ။
  • Carbohydrate စားရင် အသားဓာတ်တမျိုးမျိုးနဲ့တွဲဖက်စားပါ။
  • ဘာမှ မစားပဲ ၁၀ နာရီလောက်ကြာအောင်နေခြင်းမှ ရှောင်ပါ။ ( အထူးသဖြင့် ညဘက် စောစောစားရင် နောက်နေ့မနက်စာစားတာ နောက်မကျပါစေနဲ့)
  • ထမင်းမှမဟုတ်ပါဘူး ဆန်နဲ.လုပ်ထားတဲ့အစားအစာတွေ ခေါက်ဆွဲမျိုးစုံ၊ သရေစာတွေ starchy vegetables ကန်စွန်းဥ၊အာလူး တို.ဟာလည်းသကြားဓာတ်တက်စေတာမို. ချင့်ချိန်ပြီး စားရမယ့်အထဲမှာပါပါတယ်။
  • သကြားဓာတ်ဟာ ခရမ်းချဉ်သီး ဆော့ တို့ ခရုဆီတို့ ပဲငံပြာရည်အချိုတို့လို ဟင်းချက်ရင် သုံးတဲ့အရာတွေထဲမှာလည်းပုန်းနေနိုင်ပါတယ်။
  • အပြင်ကမှာစားလို့ သကြားဓာတ်ဘယ်လောက်ပါမယ်မှန်းမသေချာရင် တထိုင်တည်းမစားပဲနည်းနည်းချင်းခွဲစားပါ။
  • စားမယ့်အစားအစာ တခုရဲ. carbohydrate ပမာဏ ဘယ်လောက်ရှိလည်း အင်တာနက်မှာရှာဖွေနိုင်သလို package အထုတ်တွေရဲ. အနောက်မှာရေးထားတဲ့ nutrition label မှာလည်းဖတ်လို.ရပါတယ်။

အစားအစာမှာပါရမယ့်carbohydrate ပမာဏ

မနက်စာ ၃၀ ဂရမ် 

နေ့လည်စာ ၄၅ ဂရမ်

ညစာ ၄၅- ၆၀ ဂရမ် 

ကြားထဲမှာစားတဲ့သရေစာ တခါစား ၁၅ ဂရမ် 

ဘယ်လိုတိုင်းတာရမှန်းမသိရင် nutritional label ကျမတွက်ပြထားတဲ့ video လေးမှာကြည့်ပါ။

တိုင်းတာဖို့ ပစ္စည်းတွေမရှိရင် မျက်လုံးနဲ့ခန့်မှနိးနိုင်ပါတယ်။

ထမင်း တခွက် က လက်သီးလုံးတစ်လုံး

၁ အောင်စ က လက်မအရွယ်

၃ အောင်စ က လက်ဖဝါးအရွယ်

လက်ဖက်ရေဇွန်း ၁ ဇွန်းက လက်မလက်သည်းခွံအရွယ် စသဖြင့် အကြမ်းဖျင်းခန့်မှန်းနိုင်ပါတယ်။

Tips

၁. မေ့တတ်ရင် ထမင်းစားပြီး ၁ နာရီ အကြာ သကြားဓာတ်တိုင်းဖို့ alarm ပေးပါ

၂. Note book လုပ်ပါ။  သွေးချို တက်စေတဲ့ စားလိုက်တဲ့ အစာတွေကို ရေးချပါ။ နောက်တခါ ရှောင်ဖို.

၃. Portion control လုပ်ပါ။ စားချင်လွန်းလို အချိုမရှောင်နိုင်ရင် သေးသေးလေးတွေပိုင်းပြီး အိပ်နဲ.ထည့်ပါ။ ကိတ်တခုလုံးရှေ့မှာ ထိုင်မစားပါနဲ.

၄. အစာစားပြီးလမ်းလျောက်ပါ

၅. Sugar free အစာတွေကို အစားထိုးမစားပါနဲ. မရှောင်နိုင်လို. စားချင်ရင် carb ဘယ်လောက်ပါလဲကြည့်ပါ။ မရှောင်နိုင်လို.သကြားအစားထိုးစားချင်ရင် stevia သကြားကတော့ စိတ်အချရဆုံးပါ။

၆. ရေများများသောက်ပါ ။ဖျော်ရည်မသောက်ပါနဲ.

၇. ပိုပြီး အနားယူပါ။ စိတိညစ်မခံပါနဲ့ အိပ်ရေးဝအောင်အိပ်ပါ.. stress hormone cortisol က သကြားဓာတ်ကိုပိုတက်စေပါတယ်။

၈. ပြီးခဲ့တာတွေအတွက် နောင်တရ စိတ်ညစ်မနေပါနဲ. နောက်တနပ် မှာ ဘယ်လို အဆင်ပြေအောင် စားမလဲပဲ စဉ်းစားပါ

၉. ကလေးမွေးပြီးရင် ဘာစားမလဲ list လုပ်ပါ။ စိတ်မလျော့ပါနဲ. ကျန်းမာတဲ့ကလေးလေးမွေးဖွားမယ့် အကြောင်းသာစဉ်းစားပါ။

၁၀. Carbohydrate သေချာ တွက်ပြီးစားနေရက်သားနဲ့ အမြဲ leaves တက်နေရင် စားနေကျ ထမင်းကို ဆန်ပြောင်းကြည့်ပါ။ ထမင်းစားပြီး နာရီဝက်လမ်းလျှောက်ပါ။

၁၁. ခန္ဓာကိုယ်မှာအစာမလုံလောက်ရင်လည်း အသည်းက ကူညီတဲ့အနေနဲ့ အဆီတွေထဲကနေ သကြားဓာတ်ကို ထုတ်ပေးပါလိမ့်မယ်။ ဒါဆိုရင်လည်း သကြားဓာတ်တွေက မစားပဲများနေတတ်တာမို့ လုံလောက်တဲ့ အစာကိုစားပါ။

Age appropriate discipline

Distract and redirect နည်းက အသက် ၁ နှစ်လောက် အရွယ် အာရုံများတတ်တဲ့ပရွယ်အှာပါရုံပြောင်းနည်းဟာအသုံးဝင်နိုင်ပြီးအသက် ၃နှစ်ကျော်လို့ အာရုံစူးစိုက်မှုကောင်းလာတဲ့အခါအသုံးမဝင်နိုင်တော့ပါဘူး။

ကလေးတယာက်နဲ့တယောက် ဖွံဖြ်ုးမှုမိုင်တိုင်ကို ရောက်တဲ့အခိျိန်တွေမတူညီကြတဲ့အတွက်ဒါက ယေဘူယ အကြံပြုထားတဲ့ နည်းလမ်းတွေဖြစ်ပါတယ်

ကလေးက ဆဲတတ်နေတာပဲဖြစ်ဖြစ် အခြားကလေးတွေကို ကိုက်တာပဲဖြစ်ဖြစ် ထမင်းဟင်းတွေကိုလွတ်ပစ်တာပဲဖြစါဖြစ်ကိုယ့်ကလေးရဲ့လက်ရှိဆိုးဝါးတဲ့အပြုအမူတခုကို မိဘတွေအနေနဲ့တွေ့မြင်နေရလို့ စိုးရိမ်စိတ်ဖြစ်လာရင် ဒီ အောက်ပါ မေးခွန်း ၃ ခုကို ကိုယ်ကိုယ်ကို အရင်မေးပါ။

၁။ ဒီအပြုအမူမျိုးကိုဆက်ပြီးလက်ခံသင့်သလား ဘာကြောင့်ဆက်ပြီးလက်ခံသင့်သလဲဘာကြောင့်ပြောင်းလဲသင့်လဲဆိုတာ မိမိကိုယ်တိုင်ပဲဆုံးဖြတ်နိုင်မှာပါ။ သူ့အသက်နဲ့ သူဖြစ်တတ်ပြီးပြန်ပျောက်သွားတတ်တာလဲရှိနိုင်တာမို့ သူများကို မထိခိုက်ဘူးဆိုရင်လက်ခံလိုက်ရတဲ့အပိုင်းတွေလဲရှိကောင်းရှိမှာပါ။

ကလေးကိုလွပ်လပ်ခွင့်ပေးတာများသွားလား ချုပ်ချယ်ချင်လွန်းလို့ကလေးကစိတ်လုံခြုံမှုမရှိဖြစ်နေမလား-ဒီအဖြေကို သိချင်ရင်တော့ကလေးကိုသေချာလေ့လာပါ။ သိပ္ပံပညာရှင်တစ်ယောက် လေ့လာစမ်းသပ်မှုလုပ်သလို စိစစ်ပြီး ပိုင်းခြားဝေဖန်ပါ။

သားသမီးနဲ့မိဘကြားမှာ အမြဲတိုင်ပင်ပွင့်လင်းပြောဆိုနိုင်အောင်ယုံကြည်မှုတည်ဆောက်ချင်တာလား ပြောစကားနားထောင်ပြီးရိုသေတတ်တဲ့ ဆက်ဆံရေးမျိုးရှိချင်တာလား- ကလေးက်ုရိုက်တာ ဆူတာ ကြိမ်းမောင်းတာ အထင်သေးတာ ကြိုးကိုင်တာ ခြိမ်းခြောက်တာ ခနဲ့တဲ့စကားပြောတာတွေက ခဏတဖြုတ်မှာတော့ ကလေးရဲ့နားထောင်မှုကိုရကောင်းရပါလိမ့်မယ်။ ရေရှည်ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကတော့ လိုချင်တိုင်း တောင်းဆိုလိုရတဲ့အရာမဟုတ်ပါဘူး မိဘကိုယ်တိုင် ထိုက်တန်မှ ရတတ်တာမျိုးပါ။

မိဘတွေထားသင့်တာက စစ်မှန်ပြီး ချစ်မေတ္တာနဲ့နုညံ့သိမ်မွေ့တဲ့ ရှေ့ဆောင်လမ်းပြမှုရယ် ပြတ်သားတဲ့ အကန်အသတ် စည်းကမ်းထားမှုမျိုးပါ။ ( authentic, gentle loving guidance with clear limits)

၁ နှစ်အရွယ်ကလေး— ပျော်ရွှင်တတ်ပြီးစူးစမ်းလိုတဲ့အချိန်လေးပါ။ အာရုံပြောင်းဖို့လည်းလွယ်ကူပြီးလှုပ်ရှားသွားလာနေရတာကို ကြိုက်လို့ မိဘတွေက ကလေးအန္တရာယ်မရှိအောင်သာ ပတ်ဝန်းကျင်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။ ဒီအရွယ်မှာလုပ်လေ့ရှိတဲ့အကျင့်လေးတွေက အရုပ်တွေကို ပစ်ပေါက်တာ၊ အစာတွေအောက်ချတာ၊ အမှိုက်ပုံးထဲကပ စ္စည်းတွေနဲ့ကစားချင်တာ။ ဒီအရွယ်မှာ သူလုပ်နေတာတွေအကုန်လုံးက သူ့အတွက်လိုအပ်တဲ့ sensory motor language social emotional skill တွေကို အထောက်အကူပေးပါတယ်။ ဒီ အရွယ်ကလေးတွေဟာ စိတ်လိုက်မာန်ပါ လုပ်ချင်တာဆို ထပ်တလဲလဲလုပ်ဆောင်တတ်ကြတယ်။ စူးစမ်းတတ်ကြပြီးတွေ့ရာကိုလက်နဲ့ကိုင်ပြီးပါးစပ်ထဲထည့်ကြည့်ချင်ကြတယ်။ နောက်နေ့မှကစားကြမယ် နောက်မှကစားမယ်ဆိုတဲ့အနာဂတ်ကာလကို နားမလည်သေးဘူး အဲ့ဒါကြောင့် အခုလိုချင်ရင် အခုပဲရမှ လိုချင်တာမရလို့ဂျီကျတာတွေဖြစ်လာရင်တော့ အာရုံပြောင်းရလွယ်တယ်။ အလိိုလိုက်ပြီး လိုချင်တာပေးရင် ဒီအကျင့်ဆက်လုပ်ရင် လိုတာရတယ်ဆိုတဲ့အသိတော့ သူတို့မှာရှိနေပြီ။ ပြောတဲ့စကားကိုအကုန်နားမလည်သေးပေမယ့် မိဘတွေရဲ့ စိတ်ခံစားမှု စိတ်တိုတာ ပျော်တာ စိုးရိမ်တာ စတာတွေကို သိတတ်ကြပေမယ့် ဘာကြောင့်ဖြစ်လဲဆိုတာတော့ သိပ်မသိသေးပါဘူး။

မိဘတွေက မလုပ်ရဘူး No လို့ပြောလိုက်တာကို သူနားလည်ပေမယ့် သူ့ရဲ့ လွပ်လပ်စွာစူးစမ်း စမ်းသပ်လိုစိတ်က မိဘတွေရဲ့ စည်းကမ်းနယ်နမိတ်ကို သွေးတိုးစမ်းသလိုဖြစ်နေတတ်ပါတယ်။ ဒီအချိန်မျိုးမှာ စည်းကမ်းတွေအတင်းအကျပ်မလုပ်မိဖို့နဲ့ အခြားရွေးချယ်စရာ စိတ်ပြောင်းစရာနည်းတွေသုံးဖို့လိုပါတယ်။

အချို့ကလေးတွေဟာ စကားနည်းနည်းစပြောတတ်နေပါပြီိ တချို့ကလည်း မပြောတတ်ပေမယ့် မိဘပြောတာကျု ထိုက်သင့်သလောက် နားလည်းနေပြီး ကိုယ်ပြောချင်တာကို မိဘ နားမလည်တဲ့အခါ စိတ်ပျက် အားမလိုအားမရဖြစ်ပြီး ငိုယိုဂျီကျတတ်ပါတယ်။ နောက်ပြီး မိဘက ဒီအရွယ်ကလေးကိုပြန်ပြီးတုံ့ပြန်ပြောဆိုတဲ့နည်းကလည်းအရေးကြီးပါတယ်။ သူလိုချင်တာမရလို့ ဂျီကျနေတဲ့အခါမှာ သူနဲ့ အရပ် level တူနေရာကိုထိုင်လိုက်ပြီး မျက်လုံးကိုတည့်တည့်ကြည့် ခပ်တိုတိုနဲ့ ပြတ်ပြတ်သားသား သူဘာပြောချင်တာနားမလည်ကြောင်း နားလည်ရင်လည်းဘာကြောင့်မပေးနိုင်တာလဲ ပြောပါ။

ဒီအရွယ်မှာ ကလေးနဲ့လိုက်ဖက်မယ့် ကစားနည်းတွေကို ကစားစေပါ။ ကလေးက ကိုယ်ကစားစေချင်တာမကစားဘူးဆိုရင်လည်း အတင်း မလုပ်ပါနဲ့မျှော်လင့်ချက်တွေ အများကြီးမထားပါနဲ့ ကလေးတွေဟာ သဘာဝအရဒီအရွယ်မှာသူတို့လိုအပ်တဲ့ လှုပ်ရှားမှုကိုပဲလုပ်တတ်ကြပါတယ်။

ဒီအရွယ်က distract and redirect နည်းကိုသုံးဖို့အကောင်းဆုံးပါ။ သူလိုချင်တဲ့အရာကို ဘာလို့မရနိုင်ကြောင်း အေးအေးဆေးပြောပြီး အချိန်နဲနဲပေးပါ။ သူက ငိုမယ်၊ ဆန္ဒပြမယ်၊ အော်တာတွေလုပ်ကောင်းလုပ်ပါလိမ့်မယ်။ ဒါဆိုရင် အချိန်ထပ်မဆွဲပဲ ရှည်ရှည်ဝေးဝေးရှင်းပြမနေပဲနောက်တခုကို အာရုံပြောင်းပေးပါ။

၂ နှစ်အရွယ်ကလေး -၂ နှစ်အရွယ်ကလေးရှိတဲ့မိဘတွေဟာ emotional roller coaster စီးရသလိုပါပဲ။ ပျော်စရာကောင်းလိုက် စိတ်တို ဒေါသထွက်ရလိုက် တက်လိုက်ဆင်းလိုက် နိမ့်လိုက် မြင့်လိုက် ဖြစ်နေတတ်ပါတယ်။ ဒီအရွယ်ကလေး ဆော့ကစားမှုဟာ အရင်ကထက် ပိုပြီး ပြင်းထန်လာပါတယ်။ သွားချင်တဲ့နေရာကိုသွားနိုင်ပြီ အရာဝတတ္တူတွေရဲ့ အသုံးဝင်မှုကိုပိုပြီး စူးစမ်းချင်လာပြီ

Social boundaries လူမှုရေး အကန်းအသတ်တွေကိုလေ့လာနေဆဲကာလဖြစ်လို့ မလုပ်ရဘူးဆိုတဲ့ဟာ ကို ပိုပြီးလုပ်ချင်တယ်။ ဂျီကျရင်လိုတာရမလား စမ်းသပ်မယ်။ ဒါက သူ့အရွယ်အရလေ့လာနေတဲ့ စမ်းသပ်မှုတွေဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ ပုံမှန် routine တခုကို စွဲစွဲမြဲမြဲလက်ကိုင်ထားဖို့လိုပါတယ်။ မိသားစုတခုနဲ့တခု value တန်ဖိုးထားတဲ့အရာကွာခြားနိုင်တာမို့ မိမိဘာသာဆုံးဖြတ်ပြီးဘယ်အရာကိုတော့ လိုက်လျောနိုင်မယ် ကန့်သတ်ရမယ်ဆိုတာဆုံးဖြတ်နိုင်ပါတယ်။

၂ နှစ်အရွယ်ကလေးတွေဟာလည်း ၁ နှစ်တုန်းကလိုပဲ ပင်ပန်းရင် လိုတာမရရင် ဖြစ်တတ်တဲtantrumတွေရှိနေပြီး ပိုဆိုးတာက ငိုရင် အသံပိုကျယ်မယ် ပိုကြာမယ် သူတို့လက်ပါလာရင်တော့ တော်တော် နာကျင်စေနိုင်နေပါပြီ။ tantrum ကိုင်တွယ်ဖြေရှင်းနည်းကတော့တူတူပဲမို့ဒီမှာဖတ်ပါ။

Sleep training Q &A

အမေး- အချို့ကလေးတွေက ကြီးလာတဲ့အခါ မိဘအကူအညီမပါပဲ သူ့ဘာသာအိပ်တတ်သွားပေမယ့် အ ချို့ ကလေးတွေလည်း ၃ နှစ်လောက်ထိ နေ့အိပ်ချိန် ညအိပ်ချိန်တွေမှာ နို့တိုက်ရတာ ချီသိပ်ရတာတွေရှိနေလို့ဘယ်လို train ရမလဲ

အဖြေ- ကလေးတွေ အိပ်တတ်အောင်အကောင်းဆုံး လေ့ကျင့်ပေးနိုင်တဲ့ အချိနိက ၄ လ ကနေ ၆ လအချိန်ပါ ဒီအချိန် မှာ ကလေးရောလူကြီးရောသက်သက်သာသာ လေ့ကျင့်ပေးနိုင်ပါတယ်။ အကျင့်ဆိုတာကြာလေ ဖြောက်ရခက်လေပါ။ နားလည်နေတဲ့ toddler လေးတွေကို အကူအညီမပါပဲ အိပ်စေချင်ရင် train ဖို့ကြာနိုင်ပေမယ်ကောင်းတဲ့ အကျင့်လေးပြန် မွေးပေးလို့ရပါတယ်။ ကလေးကို ဘာတွေ အပြောင်းအလဲလုပ်တော့မယ်ဆိုတာရှင်းပြပါ။ ကိုယ် အဆင်ပြေမယ့် bedtime routine ပုံပြင်ပြောတာ စာအုပ်ဖတ်တာ ဘုရားရှိခိုးတာ စသဖြင့် နေ့တိုင်းလုပ်ပေးပါ။ အ ချိန်မှန်သိပ်ပေးပါ။ အိပ်ယာပေါ်မှာ မကစားပါစေနဲ့ ။အိပ်ယာကို အိပ်ဖို့ အတွက်ပဲသုံးပါ။ အိပ်ခနိးထဲမှာ TV မထားတာအကောင်းဆုံးပါ။ အိပ်ခါနီး TV ပြတာ ကြမ်းကြမ်းတမ်းတမ်း ကစားတာမျိုးရှောင်ပါ။ နေ့လည်ဘက်မှာ လှုပ်လှုပ်ရှားရှားကစားပါ။ နေရောင်ခံတဲါကလေးဟာ ညဘက်ပိုအိပ်ပျော်နိုင်လို့ အပြင်ဘက်မှာ ၁၅ မိနစ်လောက်ပေးကစားပါ။ အိပ်ခါနီး အချိုတွေချော့ကလက် တွေမကြွေးပါနဲ့။ သကြားဓာတ်နဲ့ ကာဖိန်းဓာတ်က ကလေးတွေကို မျက်လုံးကြောင်စေပါတယ်။ အိပ်ချိန်မှာ ဖက်အိပ်ဖော် အရုပ်တခုဝယ်ပေးပါ။ အဲ့ဒီအရုပ်ကိုဖက်လိုက်ရရင် အိပ်ရမယ်ဆိုတဲ့အသိနဲ့ အပန်းပြေ စိတ်လျော့သွားစေပါတယ်။ ဒီလိုအကျင့်တွေကို ၁ ပတ် ၂ ပတ် ဆက်တိုက်လုပ်ပြီး မရရင်graduated extinction method တို့ sleep sense တို့လိုနည်းတွေနဲ့ sleep train လုပ်နိုင်ပါတယ်။

sleep sense

အိပ်ရာဘေးတွင်ကုလားထိုင်ပေါ်မှာတိတ်ဆိတ်စွာထိုင်ပါ။ သင့်ကလေငိုနေပေမယ့်အေးဆေးစွာနေပါ။ မေမေရှိတယ်သူ အိပ်ချိန်ရောက်ပြီဆိုပြီးပြောပါ။ ထချီတာ နို.တိုက်တာမျိုးမလုပ်ပါနဲ.။အိပ်ပျော်သွားသည်အထိအခန်းထဲမှာနေပါ။ ကလေးက ငိုကောင်းငိုနေနိုင်ပါတယ်။ထို့နောက်သူသည်တဖြည်းဖြည်းနည်းနည်းအော်ဟစ်နေသည်မှာရက်အနည်းငယ်ကြာရင်ထိုင်ခုံကိုအိပ်ရာမှဝေးရာသို့တဖြည်းဖြည်းရွှေ့ပြီးတံခါးနှင့်နီးလာပြီး တံခါး၀မှာထိုင်ပါ။ နောက်ဆုံး ထိုင်ခုံကိုအပြင်ကိုထုတ်လိုက်ပါ။ အသံပေးနေပါ။ တဖြည်းဖြည်းနဲ.ကလေးက မိဘအကူအညီမပါပဲ အိပ်တတ်သွားပါလိမ့်မယ်။ အချို.ကလေးတွေကတော့ မိဘကို မြင်နေရရင် ပို အော် ပို ငို တတ်တယ်ဆိုရင် နောက်တနည်း graduated extinction (Ferber )နည်းကိုသုံးပါ။

Graduated extinction (Ferber)

Ferber နည်း က ညဘက်လုပ်ရိုးလုပ်စဉ်လုပ်ပြီး ရင် အိမ်ရာထဲမှာ ထားခဲ့ပါ။ ကလေးက ငိုပါလိမ့်မယ်။ ပထမရက်မှာ၃ မိနစ်အကြာတွင်သွားကြည့်ပါ။ မချီလိုက်ပဲ ကျောလေးကို အသာပွတ်ပြီး မေမေရှိတယ် အိပ်ရတော့မယ့်အချိန်ရောက်ပြီ အိပ်တော့နော် မနက်မှတွေ.မယ်ဆိုပြီး ပြောပြီး ကလေးအိပ်မပျော်ခင် ထွက်သွားပါ။ ကလေးက ဆက်ငိုနေပါလိမ့်မယ်။ ဒီတခါ ငါးမိနစ် စောင့်ပြီး ပြန်၀◌င်ပါ။ ခါတိုင်းလိုပြောပြီး ထားခဲ့ပါ။ နောက်တခါ၁၀ မိနစ်ခန့်ကြာစောင့်ပါ။ ဒီလိုနဲ.ပဲ ကလေးအိပ်ပျော်သွားပါလိမ့်မယ်။ ကလေးတယောက်နဲ.တယောက်မတူတဲ့အတွက်ဘယ်လောက်ကြာကြာဇွဲရှိရှိငိုနေမလဲဆိုတာ မတူနိုင်ပါဘူး။ ယေဘူယ ၁နာရီလောက်ငိုနိုင်ပါတယ်။ အရေးကြီးတဲ့အချက်က ရှေ့ပိုင်းမှာငိုခိုင်းခဲ့ပြီး ကြာလာတော့ စိတ်မခိုင်ပဲ ချီလိုက်တာ နို.တိုက်လိုက်တာမျိုးမလုပ်မိဖို.လိုပါတယ်။ မဟုတ်ရင် ကြာကြာငိုရင် မေမေက ပြန်ချီတယ် နို.တိုက်တယ် ဆိုတဲ့ အသိကို ပေးနေပြီး ကလေးကို သူ.ဘာသာအိပ်တတ်အောင် လေ့ကျင့်ဖို. ခက်ခဲသွားနိုင်ပါတယ်။ ဒုတိယနေ့နဲ. တတိယနေ. နောက်နေ.တွေမှာ လိုက်နာရမယ့် ဇယားကိုအောက်မှာပြထားပါတယ်။

အမေး- ၅ နှစ်အောက် ကလေးတွေ ဘယ်အချိန်မှာအိပ်ခိုင်းမလဲ ဘယ်လောက်အိပ်ဖို့လိုလဲ

Sleep train စလုပ်တဲ့ ၄ လအရွယ်ကနေ preschool အထိကလေးတွေကို ညဘက် အနောက်ကျဆုံး ၈ နာရီ အိပ်ရာ ဝင်စေပါ။ တစ်ညကို ဘယ်လောက်အိပ်ရမယ်ဆိုတာ အောက်က ဇယားမှာကြည့်ပါ။

အမေး- ကလေးက အရင်က ညလုံးပေါက် အိပ်နေပြီး အခုတလော ညဘက် နိုး နိုးနေတယ် ဘာကြောင့်လဲ

အဖြေ- sleep regression လို့ခေါ်ပါတယ် ကလေးတွေ အပြောင်းအလဲ ဖြစ်တဲ့ ယာယီအချိန်အခါ လေးပါ။ တွားသွားတာ လမ်းလျောက်တာ potty train ဒိုင်ပါလွတ်ကျင့်တဲ့အခါ သွားပေါက်တဲ့အခါ နေမကောင်းတဲ့အခါ အစာမကြေတဲ့အခါ စသဖြင့် ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်တဲ့အခါ ညဘက် အိပ်မပျော်တာဖြစ်တတ်ပါတယ်။ ဖြစ်နေတဲ့ပြသနာကို ကျော်ဖြတ်ပြီးရင် သူ့အလိုလိုကောင်းသွားတတ်ပါတယ်။ နဲနဲကြီးသွားတဲ့ ကလေးဆိုရင်လည်း အိမ်မက်ဆိုးမက်တာမျိုးကြောင့် လန့်နိုးတာဖြစ်နိုင်ပါတယ်။အရင် routine အတိုင်းလုပ်ပြီး နွေးနွေးထွေးထွေးဆက်ဆံပါ။ မလိုအပ်တဲ့အကျင့် နို့ပြန်တိုက်တာ ချီသိပ်တာ စတာတွေကို မလုပ်မိအောင် ရှောင်ပါ။

မိဘအုပ်ထိန်းမှုကွဲပြားမှုများ

မိဘတိုင်းက သားသမီးလေးများကို ထူးချွန်ထက်မြတ်အောင်မြင်ရင့်ကျက်တဲ့သူများအဖြစ်ကြီးပြင်းစေကြမှာအမှန်ပါပဲ။ ဒီလိုဖြစ်ဖို့နည်းလမ်းများ ရှာဖွေရာမှာလည်းမိမိကိုယ်ကို အားမလိုအားမရဖြစ်တတ်ကြပါတယ်။

အချို့ကလည်း ကလေးတွေကိုအကြင်နာပိုရင်ကလေးတွေရောင့်တက်ပျက်စီးနိုင်တယ်လို့ထင်ကြတယ်။

အာဏာရှင်ဆန်တဲ့မိဘအုပ်ထိန်းမှု ( Authoritarian parenting)

အာဏာရှင်ဆန်တဲ့မိဘတွေကကလေးအပေါ်တင်းကျပ်တဲ့စည်းကမ်းစည်းမျဉ်းတွေချမှတ်ကြမယ်။ ညွှန်ကြားချက်တွေကိုလိုက်တာဖို့တွန်းအားပေးမယ်။ မလိုက်နာရင် အပြစ်ပေးဒဏ်ပေးတာတွေရှိမယ်။ ဒီမိဘမျိုးက ကလေးကို ပြန်ပြောခွင့် စောဒကတက်ခွင့်မပေးဘူး။ ဒီလိုအာဏာရှင်ဆန်တဲ့မိဘအောက်မှာကြီးပြင်းလာတဲ့ကလေးတွေဟာတခြားသူတွေနဲ့မိမိနှိုင်းယှဉ်ခံရမှာကိုစိုးခြင်း၊ မိမိကိုယ်ပိုင်အစွမ်းမစဖြင့် မလုပ်ရဲခြင်း၊လူမှုဆက်ဆံရေးနိမ့်ကျခြင်းနဲ့ရန်လိုခြင်းများဖြစ်စေတာတွေ့ရပါတယ်။

ကျိုးကြောင်းပြဆုံမသောမိဘအုပ်ထိန်းမှု ( Authoritative parenting)

ဒီမိဘတွေကတော့အမှီအခိုကင်းကင်း ကိုယ့်အစွမ်းအစနဲ့လုပ်ဆောင်တာမျိုးကိုအားပေးပါတယ်။ဒါပေမယ့်ကလေးရဲ့လုပ်ဆောင်ချက်ပေါ်မှာသင့်တင့်တဲ့ကန့်သန့်ထိန်းချုပ်မှုတွေပေးတုန်းပဲ။ကလေးအပေါ်နွေးထွေးတဲ့ကြင်နာယုယမှုတွေနဲ့ပြုစုပျိုးထောင်မှုတွေလုပ်ပါတယ်။ ဒီလိုမိဘအောက်မှာကြီးပြင်းလာတဲ့ကလေးတွေဟာ လူမှုဆက်ဆံရေးမြင့်မားသူ၊ မိမိအစွမ်းအစနဲ့မိမိရပ်တည်နိုင်သူ၊လူမှုရေးတာဝန်သိတတ်သူတို့ဖြစ်ကြပါလိမ့်မယ်။

ဘာသိဘာသာနေသောမိဘအုပ်ထိန်းမှု ( permissive parenting)

ဒီမိဘတွေက ကဘေးရဲ့ဘဝမှာဘာမှသိပ်မပြောသိပ်မဆိုပဲ သိပ်လည်းဂရုမစိုက်တတ်ကြပါဘူ။ အခြားတဖက်မှာလဲ ကလေးကိစ္စများမှာနေရာတကာပါလွန်းပြီးကလေးတောင်းဆိုသမျှကိုလိုက်လျောခွင့်ပြုတတ်ကြပါတယ်။ဒီလိုမိဘတွေရဲ့ကလေးဟာမိမိကိုယ်ပိုင်အပြုအမူကိုဘယ်လိုထိန်းချုပ်ရမှနိးမသိတော့ပဲမိမိလိုချင်တာရဖို့ကိုပဲမျှော်လင့်နေတတ်ပါတယ်။ လိုတာမရတဲ့အခါစိတ်ကောက်ဒေါသူပုံထတာကလွဲပြီးဘာမှမဖြေရှင်းတတ်ဖြစ်ကြပါတယ်။ အလိုလိုက်ခံရလွန်းတဲ့အတွက် မိမိကိစ္စထက်သူတပါးရဲ့ကိစ္စအပေါ်အလေးထားရကောင်းမှန်းသိမှာမဟုတ်ပါဘူး။

ကလေးငယ် နှင့် screen time

ကလေးကြည့်တဲ့အချိန်ကို မှတ်ထားပါ အသက် ၂ နှစ်အောက် ကလေးတွေက တနေ့ကို မိနစ် ၂၀ ထက် များလို့မကောင်းပါဘူး။

ကလေးကို ဖုန်း သို tablet ပေးပြီး သူ့ဘာသူ ကြည့်ခိုင်းတာထက် တူတူကြည့်ပြီး ဒါက ဘဲလေး ၅ ကောင် ခွေးလေးက ဝုတ်ဝုတ်လို့အော်တာ စသဖြင့် စကား စမြည်ပြောပြီးကြည့်ပါ။ သီချင်းဆိုလည်း တူတူလိုက်ဆို လိုက် ကပါ။

ကလေးကိုယ်တိုင် ပါဝင်လှုပ်ရှားရတဲ့ အစီအစဉ်မျိုးပြပါ ဥပမာ ကာတွန်းကားပြတာထက် Sesame Street လို လူမှုဆက်ဆံရေးနဲ့၊စာသင် ပေးတဲ့ အစီအစဉ်မျိုးကို ရွေးပါ။

ကလေးကို အာရုံပြောင်းစေချင်လို ငိုတာရပ်စေချင်လို့ ဖုန်းပြတာ TV ပြတာမလုပ်ပါနဲ့။ ကလေးတွေက အခြားနည်းတွေနဲ့ လည်း စိတ်ပြောင်းရလွယ်ပါတယ်။ အငိုတိတ်စေချင်လို့ TV ပြရင် အခု ငိုတဲ့ပြသနာသေးသေးက နောက် TV မကြည့်ရလို့ ငိုတဲ့ ပြသနာကြီးကြီးကိုဖြစ်စေပါလိမ့်မယ်။

ကလေးကို လိမ္မာလို့ဆုချတဲ့အနေနဲ့ TV မပြပါနဲ့။ အဲ့ဒီအစား ကစားကွင်းသွားတာ စာအုပ်ဝယ်ပေးတာမျိုးလုပ်ပါ။

ကြေငြာမပါတဲ့ အစီအစဉ်မျိုးကိုပြပါ။ YouTube kids တို့ အင်တာနက်က ကလေးအစီအစဉ်တော်တော်များများ ကြားထဲမှာ ကြေငြာပါပါတယ်။ ဖြစ်နိုင်ရင် ဒေါင်းလုပ်ပြီးပြတာ DVD ပြတာမျိုးဆို ပိုအဆင်ပြေပါမယ်။

ကိုယ်တိုင်ကလည်း လူကြီးအစီအစဉ်တွေ သတင်းက အစ ကလေးရှိနေတဲ့အချိန်မှာ နောက်ခံအဖြစ် ဖွင့်မထားပါနဲ့။

Screen time ကြည့်ခြင်းရဲ့ဆိုးကျိုးများ

TV နဲ့ phone တွေက တောက်ပတဲ့ အရောင်တွေက ကလေးရဲ့ အာရုံကို အလွန်အကျွံလှုံ့ဆော်စေပါတယ်။ သင်ယူနိုင်မှု တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းညဏ်၊ လူမှုရေး၊ စိတ်ကူးစိတ်သန်းတွေကိုတော့ အားပေးလှုံဆောင်ခြင်းမရှိပါဘူး။

၂ နှစ်အောက် ကလေးလေးတွေကို screen time ပေးတာများတဲ့အခါ

  • ကိုယ် လက်လှုပ်ရှားအားကစားမှုကို နည်းစေတယ်။
  • ဘာသာစကားကျွမ်းကျင်ဖို့အတွက် လိုအပ်တဲ့ထိတွေ့မှုနည်းစေတယ်။
  • အသက်ကြီးတဲ့အခါ ထိုင်ခုံပေါ်မှာပဲ TV ထိုင်ကြည့်ချင်တဲ့ အဝလွန်တဲ့အပျင်း လေးတွေဖြစ်သွားနိုင်တယ်။
  • ရန်လိုတဲ့ အမူအရာ စိတ်ကြမ်းကြမ်းတမ်းတမ်း ဖြစ်တဲ့အမူအရာတွေလဲ တွေ့ရတတ်တယ်။
  • လေ့လာတွေ့ရှိချက်တွေအရ TV ၁ နာရီကြည့်ခြင်းဟာ Attention disorder အာရုံမစူးစိုက်နိုင်မှုရောဂါ ဖြစ်ဖို့ ၁၀ရာခိုင်နှုန်း နဲ့ညီမျှပါတယ်တဲ့ ၂ နာရီဆို ၂၀ရာခိုင်နှုန်းစ သဖြင့်ပေါ့
  • Screen time များတဲ့ကလေးတွေဟာ ပိုပြီးကြောက်စိတ်လွန်ကဲ တတ်ပါတယ်တဲ့။
  • တီထွင်ဖန်တီးနိုင်မှုမှာ အခြားကလေးတွေထက် နောက်ကျပါမယ်။
  • လူမှုဆက်ဆံရေးမှာလည်း နှောင့်နေးနိုင်ပါတယ်။

What to expect year 2( screen time Pg-354-359)

အစာဂျီးများခြင်း

ကလေးတွေအစားဂျီးမများအောင် ငယ်စဉ်က ဘယ်လိုလေ့ကျင့်ရမလဲရေးထားတဲ့ blog post တွေဒီမှာဖတ်နိုင်ပါတယ်။

အခု ဒီဆောင်းပါးမှာ ၂ နှစ် ၃ နှစ်အရွယ် အစာဂျီးများတဲ့ ကလေးတွေအတွက် အကြံပေးချက် tips လေးတွေကိုရေးထားပါတယ်။

  • ကလေးတွေက တနေ့နဲ့တနေ့ အစာစားချင်စိတ်ဖြစ်တဲ့ စိတ်အခြေအနေအမြဲပြောင်းလဲနေတတ်ပါတယ်။ ကလေး မစားချင်တဲ့အခါ အတင်းကြွေးတာ ကစားရင်းကြွေးတာ TV ပြရင်းကြွေးတာမျိုးမလုပ်ပဲ စားပွဲခုံမှာ မိဘတွေနဲ့အတူ ထိုင်စားစေပါ။
  • ကလေးအတွက်ကျန်းမာသောအစားအစာရွေးစရာများကိုတင်ပေးထားပါ။ဒါပေမဲ့သူဘာစားမယ်ဘယ်လောက်စားမယ်ဆိုတာသူ.ဘာသူဆုံးဖြတ်ပါစေ။
  • ၁ နာရီ ၂ နာရီခြားတခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ တခုခုကြွေးပေးပါ။
  • အစားအစာစားဖို့အတွက်အချိန် ၂၀ မိနစ်ခန့်သတ်မှတ်ထားပါ။ အစာစားရတာကြာလွန်းတဲ့အခါပျော်စရာမဟုတ်ပါဘူး။ အကယ်၍ သတ်မှတ်တဲ့အချိန်မှာအစာမစားရင်နောက်မှပြန်ကြွေးပါ။
  • တခါတရံ အာဏာဖီဆန်ချင်တဲ့အချိန်၊အမေတွေရဲ.တုံ,ပြန်မှုကို စမ်းသပ်ချင်တဲ့အချိန်မျိုးမှာ အစာစားဖို. ငြင်းဆိုတတ်ကြပါတယ်။ စိတ်အေးအေးထားပြီး ပုံမှန်အတိုင်းပဲ ကြွေးမြဲကြွေးပါ။ မစားချင်လို.လွှတ်ပစ်နေရင် အော်ဟစ်နေရင် ထမင်းပွဲသိမ်းလိုက်ပါ။ နာရီ၀က် ၁နာရီလောက် ကြာမှပြန် ကြွေး ကြည့်ပါ။ နောက်ဆုံးသူဗိုက်ဆာတော့ စားပါလိမ့်မယ်။
  • အစားအစာကိုဆွဲဆောင်မှုရှိအောင်လုပ်ပါ။ အရောင်အမျိုးမျိုး၊ ပုံစံများနှင့်အရွယ်အစားအမျိုးမျိုး ကျန်းမာရေးနဲ့ညီညွတ်တာလေးတွေကြွေးပါ- ဥပမာစတော်ဘယ်ရီ လိမ္ဗော်သီး သခွါးမွေးသီး သရက်သီး ဖရဲသီး ကို ပုံစံမျိုးစုံ ခွဲစိတ်ကြွေးပါ
  • အချိုဓာတ်၊အငံဓာတ် မလွန်ကဲတာကိုကြွေးပါ ဖျော်ရည်တိုက်တော့မယ်ဆိုရင် ရေများများရောတိုက်ပါ။
  • နည်းနည်းချင်း ကုန်နိုင်သလောက်ထည့်ပေးပါ အစာတွေအများကြီးတခါတည်းပေးထားရင် ကလေးကို စိတ် ရှုပ်ထွေးစေပါတယ်။
  • ကိုယ်စားနေတဲ့အစာကို မြည်းခိုင်းကြည့်ပါ။ ကလေးတွေက လူကြီးဘာစားနေလဲ သိပ်စပ်စုတတ်ပါတယ်။ ကလေးစာမဟုတ်လို့မကြိုက်လောက်ဘူး မသတ်မှတ်လိုက်ပါနဲ့။ မိသားစုစားနေသည့်အစားအစာအတိုင်းကလေးကိုကျွေးပါ။
  • တို့စားလို့ရတဲ့ ခရမ်းချဉ်သီးအချိုဆော့ ketchup တို့ mayonnaise မရောနိစ် လိုမျိုး အနှစ်ကို အသားလုံးတို့ အာလူးချောင်းတို့နဲ့ တို့စားဖို့ပေးပါ။ ကလေးတွေက လူကြီးလို တို့စားရတာကိုသဘောကျတတ်ပါတယ်။
  • ဟင်းချက်နေတဲ့အချိန် ကလေးတွေ ပါဝင်ခွင့်ပေးပါ။ ဘဲဥအခွံခွါတာ အာလူး ရေဆေးတာ မုန့်နှစ်မွှေတာ စတာတွေကို သူ့လက်ကလေးနဲ့ကိုင်လုပ်ခွင့်ပေးပါ။ မီးဖိုချောင်ထဲမှာပါဝင်ကူညီတဲ့ကလေးက အစာ ပိုစားတာ အစာဂျီးမများတာကိုလည်းတွေ့ရှိထားပါတယ်။
  • တခါတလေ အစာစားတဲ့အချိန် ဂျီကျတာက ကြွေးတဲ့ အစာကို မကြိုက်လို့ မဟုတ်ပဲ ထိုင်ခုံကို မကြိုက်လို့ မေမေတို့လို စားပွဲမှာတူတူထိုင်စားချင်လို့ ၊ အန်သွားပေါက်နေတာတို့ကြောင့် ဖြစ်နိုင်တယ်ဆိုတာ သတိရပါ။ အပြောင်းအလဲလုပ်ပြီး booster seat နဲ့လူကြီးစားပွဲမှာကြွေးတာ၊ သွားနာနေလားသိအောင် အရည်ပါတဲ့ဟင်း တို့ smoothie ဖျော်ရည်လုပ်တိုက်ကြည့်တာမျိုးလုပ်ပါ။
  • ကလေးက စကားနဲနဲပြောတတ် သိတတ်နေပြီဆို သူဘာစားချင်လည်း မေးပါ။ ကြက်ဥပြုတ်လာ ကြက်ဥကြော်လား ဒိန်ချဉ်လား smoothie ဖျော်ရည်လား စသဖြင့် ရွေးချယ်စရာပေးပါ။ ကြွေးတာစားရတာမျိုး မဟုတ်ပဲ သူတို့ ကိုယ်ပိုင် ရွေးချယ်နိုင်တဲ့ ခံစားချက်မျိုးကို ကလေးတွေကြိုက်ကြပါတယ်။
  • အစာမစားခင် ဖျော်ရည်၊ ရေ စတာတွေကို မတိုက်ပါနဲ. စားပြီးခါနီးမှ ရေပေးတာမျိုးလုပ်ကြည့်ပါ။
  • အသီးအရွက်မစားချင်လို. ဂျီးများတတ်တဲ့ကလေးဆိုရင် ထမင်းကျော် ခေါက်ဆွဲကျော်ထဲမှာ၊အသားလုံးထဲမှာ အသီးအရွက်နုတ်နုတ်စင်းပြီး ဖွက် ထည့်ပေးနိုင်ပါတယ်။
  • တခါတလေ စားနေကျ အစာကို မကြိုက်တော့ပဲ ငြင်းဆန်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကလေးမကြိုက်တော့ဘူးဆိုပြီး လုံးဝ မကြွေးပဲမနေပါနဲ့။ ဥပမာ ကျမသမီး အရင်က ကြက်ဥပြုတ်နဲ့ ငှက်ပျောသီးကိုနေ့တိုင်းစားနေရာက လုံးဝ မစားချင်တော့တဲ့အချိန်မျိုးရှိပါတယ်။ ခဏလောက် နားပြီး ပုံစံ အမြင်တမျိုးနဲ့ ပြန်ကြွေးပါ။ ကြက်ဥကို ပုံစံတမျိုးခွဲပေးတာ၊ အရွက်တမျိုးမျိုးနဲ့ရောပြီး mini muffin လုပ်ကြွေးတာ၊ငှက်ပျောသီးကို ကြက်ဥနဲ့ရောပြီးpancake လုပ်ကြွေးတာ ငှက်ပျောပေါင်းလုပ်ကြွေးတာမျိုးပေါ့။
  • ကလေးအစာ စားအောင် မိဘတွေက မျိုးစုံ ပြောင်ပြ ကပြပြီး ဖြေဖျော်ရေးလုပ်တာကလည်း ငယ်တုန်းပဲကောင်းပါတယ်။ အစားစားချင်တဲ့ ဆန္ဒ ကြောင့်မဟုတ်ပဲ ပြင်ပလုံ့ဆော်မှု တခုခုကြောင့် အစာ နည်းနည်းပို၀င်သွားတာက နောက်ပိုင်း နောက်ဆက်တွဲ ပြသနာတွေကို ဖြစ်စေပါတယ်။

မျက်စိအောက်က အပျောက်မခံခြင်း/ မျော့တွယ်သလိုတွယ်ခြင်း

ကိုယ့်ကလေး က ကိုယ့်ကို မျော့တွယ်သလိုတွယ်ကပ်နေတာဟာ မေမေတော်တော်များများ အတွက် ကြည်နူးစရာကောင်းသလို အလုပ်များတဲ့မေမေတွေအတွက်စိတ်ပင်ပန်းစရာလည်းကောင်းတတ်ပါတယ်။ ၂ နှစ်အရွယ်ကလေးလေးတွေဟာ လွပ်လပ်စွာစူးစပ်လေ့လာချင်တာက တဖက် အမေတွေကို တွယ်တာနေသေးတာက တဖက်နဲ့ ဖြစ်နေတတ်တာမို့ မိဘတွေအနေနဲ့လည်း ကလေးအလိုလိုက်ပြီး သူတောင်းဆိုသမျှလိုက်လျော ရမလား စိတ်ခိုင်ခိုင်ထားပြီး လုပ်စရာအလုပ်ဆက်လုပ်ရမလားဆိုတာ မဝေခွဲနိုင်အောင်ပါပဲ။

ကလေးရဲ့ စိတ်မလုံခြုံမှုကို ဖျောက်ဖို့ အောက် က tips လေးတွေကို ဖတ်ကြည့်ပါ။

ကလေးနဲ့တူတူပုန်းတိုင်းကစားပါ- ငယ်ငယ်တုန်းက ကစားခဲ့တဲ့ တူတူရေးဝါး သဘောတရားလိုပါပဲ မေမေကို့မျက်စိရှေ့မှာမတွေ့တာနဲ့ မေမေ ပျောက်သွားတာမဟုတ်ဘူး မေမေပြန်လာမယ်။ ကလေးက လက်မခံန်ိုင်ပဲဂျီကျ ငိုယိုနေမယ်ဆိုရင်တော့ ငယ်ငယ်တုန်းကလို တူတူရေဝါးပြန်ကစားပြီးမျက်နှာပဲအုပ်ပါ။

ကလေးနဲ့တူတူကစားပေးပါ- မေမေက အလုပ်များလေလေ ကလေးက ပိုတွယ်လေလေဖြစ်တတ်လို့ ကလေးနဲ့တူတူ ထိုင်ပြီး ကလေးကို အာရုံစိုက် ဖုန်းတွေ TV တွေပိတ်ပြီးတူတူကစားဖို့အချိန်လေးပေးပါ။

ကလေးသူ့ဘာသာသူကစားဖို့အခွင့်အရေးပေးပါ- အတူတူကစားပြီးရင်လည်း သူ့ဘာသူသူကစားပါစေ။ ကလေးသူ့ဘာသူကစားနေတဲ့အချိန်မှာ အနောက်ကလိုက်ပြီးမျက်စိထောင့်ထောက်ကြည့်နေတာ၊ လိုက်ကူညီပေးနေတာတွေက ကလေးကို mixed signal ပေးနေသလိုပါပဲ။ ကလေးကို စိတ်လုံခြုံစေချင်ရင် မျော့တွယ်သလိုမတွယ်စေချင်ရင် လွတ်လပ်စွာ စူးစမ်းဖို့လည်းအခွင့်အရေးပေးပါ။ အိမ်ကို စိတ်ချရအောင် baby proof လုပ်ထားပါ။

ကလေးဆီက မထွက်သွားမှီ သူ့ကို အလုပ်ရှုပ်နေအောင် ကစားစရာ စူးစမ်းစရာတခုပေးထားပါ။ သူအာရုံရနေတော့မှ ထွက်သွားပါ။

အမေလုပ်စရာရှိတာလုပ်ရင်းကလေးကို စကားပြောပေးပါ။ ခေါင်းလေးပုတ်တာ သူကစားနေတဲ့အရာအရမ်းခက်ခဲနေတာ ကူဖြေရှင်းပေးတာ မျိုးလုပ်ပေးပါ။ ဥပမာ သူလိုချင်တဲ့ခွက်ကလေးကိုမမှီလိုယူခိုင်းနေတာ မျိုး၊puzzle က ဆက် ကစားလို့မရအောင်ခက်ခဲနေတာမျိုး

သနားစရာလေးရယ်မေမေကိုပဲစွဲလန်းနေတယ်ဆိုပြီး over-react သနားပိုပြီး လုပ်လက်စအလုပ်ကိုမလုပ်တော့တာမျိုးနဲ့ ကိုယ့်ဘာသာခဏလောက်သွားဆော့လို့မရဘူးလား မေမေစိတ်တိုလာပြီ ဆိုပြီးunder-react လုပ်တာတွေကိုရှောင်ကျဉ်ပြီး သူငိုတော့မယ်ဆိုရင် “မေမေရှိတယ် မေမေပြန်လာခဲ့မယ် ဒီမှာခဏဆော့ မေမေအလုပ်များနေတယ် “ ဆိုပြီး လုပ်လက်စ အလုပ်ကိုဆက်လုပ်ပါ။ အားလုံးပြီးသွားရင် မေမေပြန်လာပြီဆိုပြီးပြန်နူတ်ဆက်ပါ။ ကလေးက တော့ဆက်ပြီးငိုကောင်းငိုနေနိုင်ပါတယ်။

အမေက ထားခဲ့မယ့်အစား ကလေးကအရင်ထွက်သွားတဲ့အထိစောင့်ပါ။ အမေက ထားခဲ့တာကို လှမ်းမြင်နေရလို့ ကလေးခံစားရတာထက် ကလေးက သူ့အာရုံနဲ့သူ တခုခုသွားလုပ်နေချိန်မှာ အမေလဲ ကိုယ်လုပ်စရာရှိတာကိုသွားလုပ်လိုက်ပါ။

လူတိုင်းကိုယ့်ကို အလိုရှိတာစွဲလမ်းတာကို ကြိုက်တတ်ကြပါတယ်။ အဲ့ဒီတော့ အမေတွေရဲ့ အတ္တနဲ့ ကလေးကို ကိုယ့်ကိုပဲ ကပ်စေချင်လို့ မလိုအပ်တဲ့အချိန်မှာတောင်သူနဲ့တချိန်လုံးရှိနေပေးတာ လိုသမျှဖြည့်စည်းပေးပြီးအလိုလိုက်တာတွေကလည်း ကလေးကိုပိုပြီး ကိုယ့်ကို မှီခိုစေပါတယ်။

နောက်ဆုံးအချက်က စိတ်အေးအေးထားပါ ကလေးက ဒီပြောင်းလဲမှုအဆင့်လေးကိုဖြတ်သန်းနေတဲ့အချိန်ပါ။ ကလေးက များသောအားဖြင့်ပျော်ရွှင်နေမယ်၊ မိဘရဲ့နွေးထွေးမှုနဲ့ အာရုံစိုက်မှုကိုလုံလောက်စွာရနေမယ်ဆိုရင် ကလေးလည်း တခုခုချို့ယွင်းနေတာမဟုတ်သလို မေမေလည်း ကလေးထိန်းညံ့ဖျင်းနေတာမဟုတ်ပါဘူး

Modern Burmese Mom

လမ်းလျောက်စကလေးများဂျီကျ၀ုန်းဒိုင်းကြဲခြင်း (Tantrum)

ကလေးတွေစိတ်ရှုပ်လာတဲ့အခါ သူလိုချင်တာမရတဲ့အခါ သူဖြစ်ချင်သလိုဖြစ်မလာတဲ့အခါ ၀ုန်ဒိုင်းကြဲဒေါသထွက်တတ်ကြပါတယ်၊သူတို.တွေဟာ ဗိုက်ဆာတာ၊စိတ်ရှပ်လာတာ၊ပျင်းတာ၊ ကြောက်တာ၊ ပင်ပန်းတာ တွေဖြစ်လာရင် ဖြစ်လာတဲ့ စိတ်အပေါ်မှာ ထိန်းသိန်းထားနိုင်စွမ်းမရှိသေးပါဘူး။ ကလေးတိုင်း tantrum ဖြစ်တတ်ကြ ပေမယ့် အပြောင်းအလဲကို sensitive ဖြစ်တဲ့အချို.ကလေးတွေက ပိုပြီး ဖြစ်ဖို.လွယ်ကူတတ်ကြပါတယ်။ ခဏခဏ tantrum ဖြစ်တဲ့ကလေး ( တနေ. အနည်းဆုံး ၃ ခါ) ၁၅ မိနစ်ထက်ကြာအောင်ဖြစ်တတ်တဲ့ကလေးတွေကတော့ နေထိုင်မကောင်း ဖြစ်တာ စိတ်ဖိစီးမှုနဲ့ အခြားရောဂါတွေရှိနေနိုင်တာမို.ဆရာ၀◌န်နဲ.တိုင်ပင်ကြည့်ပါ။

Tantrum ကို အပီ့းတိုင်ကြိုတာင်ကာကွယ်လို.မရပေမယ့် ဖြစ်လာတော့မယ်ဆိုတာသိနေရင် အရမ်းဆိုးမသွားအောင် တော့ ကာကွယ်လို.ရပါတယ်။

  • ပုံမှန် schedule ထားပါ။ အချို. ကလေးတော်တော်များများဟာ စားရမယ့်အချိန်စား အိပ်ရမယ့်အချိန်အိပ် ရင် tantrum ဖြစ်တဲ့အကြိမ်ရေ နည်းပြီး ပုံမှန်မရှိတဲ့ကလေးတွေကတော့ ပိုပြီးဖြစ်တာကိုတွေ့ရပါတယ်။
  • ကလေး အဆာမလွန်အောင် ခဏခဏကြွေးပေးပါ- သူစားတာမစားတာက သူ.အလုပ်ပါ အချိန်မှာ ကြွေးကြည့်ပေးရမှာကကိုယ့်တာ၀◌န်ပါ။
  • ကလေးအရမ်းမပင်ပန်းခင် အိပ်ရာ၀င်ခိုင်းပါ- အိပ်ရေးမ၀တဲ့ကလေး အပင်ပန်းလွန်တဲ့ကလေးက tantrum  ပိုဖြစ်နိုင်တာသဘာ၀ပါ။
  • ခဏခဏမလုပ်ရဘူး မကိုင်ရဘူး NO လို.မပြောပါနဲ. ကလေးအတွက်အနရာယ်ရှိစေမယ့်အရာဆိုရင် မကိုင်ခင် က ကြိုတင်childproof ဖြစ်အောင်ပြင်ဆင်ထားပါ။ မကောင်းတဲ့ အမူအကျင့်တခုခုလုပ်နေပြီဆိုရင်လည်း  နားလည်အောင်ပြောပြပြီးကောင်းတဲ့အမူအကျင့်နဲ့အစားထိုးပေးပါ  YES ဆိုတာကို ဖြစ်နိုင်ရင်လုပ်ပေးနိုင်ရင်လုပ်ပေးလိုက်ပါ။ ဉပမာ ရေခဲမုန်.တော့မစားရတော့ဘူးနော် yogurt ဒီန်ချဉ်လေးပဲသောက်ကြစို.။ ကလေး ဂျီကျသောင်းကြမ်းတော့မှ မလုပ်ရဘူးလို. ပြောခဲ့တဲ့အရာကို အလျော့ပေးလိုက်တဲ့ အဖြစ်မျိုးမဖြစ်အောင်လုပ်ပါ။မဟုတ်ရင်တော့ ဒီလို ဂျီကျရင် လိုချင်တာရမယ်ဆိုတဲ့message ကိုပေးမိနေမှာပါ။
  • အလိုလဲအရမ်းမလိုက် အရမ်းလဲမတင်းကျပ်ပါနဲ. – တင်းကျပ်ခံရလွန်းတဲ့ ကလေးတွေက ပိုပြီးကလန်ကဆန်လုပ်တတ်သလိုအရမ်းအလိုလိုက် လိုက်တင်းကျပ်လိုက် consistant ပုံမှန်မလုပ်လေ့ရှိရင်လည်း  ကလေးက ဒါကိုအခွင့်ကောင်းယူသွားတတ်ပါတယ်။
  • ရွေးချယ်စရာပေးပါ- ဒီစာအုပ်ဖတ်မလား ဒီဟာဖတ်မလား ဒီအရုပ်နဲ.ကစားမလား ဟိုဘက်မှာသွားကစားချင်လား အဲ့လိုမေးပြီး ရွေးချယ်စရာပေးရင် ကလေးက သူ့လုပ်ချင်ဖြစ်ချင်တာကို သူကိုယ်တိုင် control ရှိတယ်လို.ခံစားရပြီး  ဂျီကျစိတ်တိုတာကို လျော့နည်းစေပါတယ်။
  • စိတ်တိုစိတ်ရှုပ်လာရင် ဘယ်လို ထွက်ပေါက်လုပ်ရမလဲ သင်ပေးပါ။ အိပ်ရာ ဆိုဖာပေါ်မှာ ခုန်တာ/, ခေါင်းအုန်းနဲ.ထုတာpillow fight , ကလေးကစားစရာ သစ်သားတူနဲ. အိမ်ဆောက်ပစည်းလေးတွေကို ထုစေတာ၊ ဂျုံနှယ်တာ စတာလေးတွေကိုလည်း စိတ်ထွက်ပေါက်လုပ်ပေးလို.ရပါတယ်။
  • ကလေးကို ( အသံဆူတာ၊ ပျင်းလာတာ၊ လူတွေအရမ်းများနေတာ)စသဖြင့်တခုခုက အနှောက်အယက်ဖြစ်နေလို   ဂျီကျတော့မယ်လို. မြင်နေရရင် အခြားတိတ်ဆိတ်တဲ့နေရာကိုခေါ်သွားပါ အဲ့ဒီအချိန်မျိုးမှာ ဆိုနေကျသီချင်း ဖတ်နေကျစာအုပ်ဆော့နေကျအရုပ်တခုခု ထားထားပေးပါ။
  • ကလေးက လူတွေများဆူညံနေပေမယ့် ဂျီမကျဘူး လိမာနေမယ်ဆိုရင် ကလေးကလိမာတယ်တယ်နော် ဆိုပြီး ကောင်းတဲ့အပြုမူလေးကို ချီးကျူးပေးပါ၊ မသိဘူးလို. မထင်လိုက်ပါနဲ.။
  • ကိုယ်ကိုတိုင်ကလည်း စံပြ ပဂိုလ်ဖြစ်နေပါစေ- ကလေးကို ဂျီကျဆူညံတာမျိုးမဖြစ်စေချင်ဘူးဆိုရင် ကိုယ်တိုင်ကလည်းအသံကျယ်ကျယ်ပြောတာ ဒေါသထွက်တာမျိုးကလေးရှေ့မှာ မလုပ်မိဖို. ထိန်းပါ။
  • ဒီလိုကြိုတင်ပြင်ဆင်ထားပေမယ့် tantrum ဖြစ်လာတဲ့ခါ ဆောင်ရန် ရှောင်ရန်တွေကို အောက်မှာကြည့်ပါ

Dos

  • Do stay calm- ကလေးတွေ tantrum ဖြစ်လာပြီဆိုရင် အမေတွေစိတ်အေးအေးထားပါ. ကလေးကို အော်တာရိုက်တာတွေ မလုပ်မိဖို. မိမိကိုယ်ကို self control လုပ်ပါ။ လူသားတွေမို. တခါတလေ စိတ်မထိန်းနိုင်တဲ့အခါ ခဏရှောင်ထွက်သွားပြီးquick time-out ယူပါ။
  • Do speak softly-  အရမ်းချော့ပြောစရာမလိုပေမယ့်ချိုချိုသာသာပဲ စကားပြေရာပြေကြောင်းပြောပါ
  • Do protect your toddler and others- tantrum ဖြစ်တဲ့အချိန်မှာ ကလေးတွေဟာ အနရာယ်ရှိတဲ့အရာာတွေလုပ်ပြီး  မိမိနဲ. အခြားကလေးတွေကို ထိခိုက်နိုင်တာမို. ကလေးကို ဘေးကင်းရာနေရာကို ချက်ချင်းခေါ်သွားပါ
  • Do try holding your toddler- ကလေးကို ကြင်ကြင်နာနာဖက်ထားပေးပါ။ အချို.ကလေးကလည်း ဖက်ထားရင် ပိုဆိုးတတ်ပြီး တွန်းကန်နေရင်တော့ အတင်းမလုပ်ပါနဲ.
  • Do express empathy- ကလေးရဲ.ခံစားချက်ကို နားလည်ကြောင်း ကိုယ်ချင်းစာကြောင်းပြောပါ။ ဉပမာ- သမီးလိုချင်တာ မရတော့ သမီးတော်တော်စိတ်မကောင်းဖြစ်မယ်ဆိုတာမေမေသိပါတယ်
  • Do  try distraction- ကလေးတော်တော်များများက အာရုံပြောင်းပေးရင် ဂျီကျတာသက်သာပါတယ်။ အချို.ကျတော့လည်း အာရုံပြောင်းပေးရင် ပိုပြီးဆိုးသွားတတ်ပါတယ်။ အထွတ်အထိပ်မရောက်မှီအာရုံပြောင်းပေးရင်တော့ ရကောင်းရနိုင်ပါတယ်။ သူကစားနေကျ ကစားစရာ စာအုပ် ပေးတာ၊ အခြားပျော်စရာကောင်းမယ့် ကစားနည်းတွေ ကစားအောင် တိုက်တွန်းကြည့်တာ သီချင်းနားထောင်တာ ဟာသပြောြပတာ မျက်နှာပြောင်ပြတာတွေလုပ်ကြည့်နိုင်ပါတယ်၊
  • Do ignore the tantrum- တခါတရံဘာမှမလုပ်တာက လည်း အထိရောက်ဆုံးနည်းလမ်းပါပဲ။ ကလေးက အနရာယ်ကင်းကင်းနဲ့ကိုယ့်မျက်စိအောက်မှာရှိနေရင် မသိချင်ယောင်ဆောင်ပြီး ကိုယ်လုပ်နေကျအလုပ်ကိုဆက်လုပ်ပါ။ ပထမပိုင်းမှာ ပိုဆိုးတဲ့ပုံဆံမျိုးလုပ်ပြတတ်ပေမယ့် နောက်ဆုံး သူလိုချင်တဲ့တုံ.ပြန်မှုမရတဲ့အခါ ပင်ပန်းရကျိုးမနပ်တဲ့အခါ  မြန်မြန်စိတ်ပြေနိုင်ပါတယ်။ ကလေးက စိတ်ခံစားလွယ်ရင် နေမကောင်းတဲ့အချိန်လိုခက်ခဲ့တဲ့ အချိန်စိတ်ဖိစီးတဲ့အချိန်တွေမှာတော့ no-attention approach မသိချင်ယောင်ဆောင်တဲ့နည်းကို တော့ မသုံးကြပါနဲ. ။ 

Don’t

  • Don’t have a tantrum of your own- ကလေးနဲ.အပြိုင်ဂျီမကျပါနဲ. ထိန်းချုပ်နိုင်မှုကို လက်ကိုင်ထားပါ
  • Don’t punish – ကလေးတွေဟာ ထိန်းချုပ်နိုင်မှုမရှိသေးတဲ့အတွက်  ကသူတို.အပြစ်မဟုတ်ပါဘူး။ အပြစ်ပေးဖို.မလိုပါဘူး၊ ရိုက်ပြီးဆုံးမတာ ကလေးကိုနာကျင်စေတာတွေက နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးနဲ.ပါ။
  • Don’t try to reason or argue with your toddler during a tantrum – ကလေးနဲ.ပြိုင်ပြီး အမှန်အမှား မငြင်းပါနဲ.  Tantrum ဖြစ်နေတဲ့ကလေးမှာ အသိတရားလည်းမရှိပါဘူး
  • Don’t stress – ချက်ချင်း အနေအထားကို ပြောင်းလဲလို.မရလို. စိတ်မဖိစီးပါနဲ. သူစိတ်ပြေတဲ့အထိ စိတ်လျော့ထားလိုက်ပါ
  • Don’t rehash – ပြီးသွားတဲ့ tantrum ကို ပြီးပါစေတော့ ကလေးကို ကြင်ကြင်နာနာဖက်ပြီး အခြားပျော်စရာတခုခု ပြောင်းလုပ်လိုက်ပါ။ အရှိန်မသေသေးတာ အစပြန်ဖော်တာတွေမလုပ်မိပါစေနဲ.

Burmese American Home