ကျမတို့ မြန်မာနိုင်ငံမှာ covid 19 စဖြစ်တော့ အခြားနိုင်ငံတွေလိုပဲအကြောက်လွန်ပြီး panic ဖြစ်တဲ့သူက တဖွဲ့ ဘယ်သူသေသေငတေ မာရင်ပြီး အကြောက်တရားမရှိခေါင်းမာနေတဲ့အဖွဲ့က တဖွဲ့ကွဲနေကြမှာပါပဲ။
အကြောက်လွန်တာ ကာကွယ်ရေးမှာအရေးပါပေမယ့် stress များပြီးမအိပ်နိုင် သားသမီးတွေကိုကူးဆက်မှာစိုးလို့မချီနိုင်မနမ်းနိုင်ဖြစ်နေတယ်ဆိုတဲ့မိဘတွေအတွက် covid 19 ကို အကောင်းမြင်ရှုထောင့်ကဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အချက်လေးတွေရေးပေးထားပါတယ်။
Covid 19 က သူ့ရဲ့အမျိုးအနွယ်ဝင် SARS တို့ MARS တို့ထက် လူသေနူန်း အများကြီးနည်းတယ်။ SARS MARS ကလူသေနူန်း ၃၀ ရာခိုင်နူန်းရှိပြီး Covid19ကတော့ ၂ ရာခိုင်နူန်းသာရှိတယ်။
လက်ရှိ data တွေမှာရောဂါဖြစ်တဲ့သူတွေက အသက်ကြီးပြီး ခုခံအားနည်းတဲ့ရောဂါသည်တွေများတယ်ဆိုတာသိထားကြတဲ့အတွက် သူတို့ကိုအ ရေးပေးပြီး ကူးဆက်မှု မရှိအောင် ကာကွယ် ထားလို့ရတယ်။ ကျန်းမာနေတဲ့သူတွေကလည်း ခုခံအားကောင်းအောင်နေထိုင်စားသောက်ကြဖို.အခွင့်အရေးဖြစ်တယ်။
မြန်မာနိုင်ငံက ဖြစ်တာ နောက်ကျတဲ့အတွက် သူများနိုင်ငံက အမှားတွေကို နမူနာယူနိုင်မယ် ။မလွဲရှောင်နိုင်လို့ရောဂါဖြစ်နူန်းတွေ များလာတဲ့အချိန်ဟာ သူများနိုင်ငံမှာလေ့လာထားတဲ့ လူနာတွေကို ဘယ်လို manage လုပ်မလဲ ဘာဆေးပေးမလဲဆိုတာနဲ့ ရောဂါပျောက်သွားတဲ့သူတွေဆီက ထုတ်ထားတဲ့ immunoglobulin တွေ vaccine တွေပေါ်တာကို outbreak မဖြစ်ခင် မှီကောင်းမှီမယ်။
အောက်က graph ပုံမှာကြည့်လိုက်ရင် China, Korea နဲ့ Singapore လိုနေရာမျိုးမှာ ရောဂါဖြစ်နူန်းက လအနည်းငယ်မှာPlateau တန့်သွားပြီ ဒါဟာ ဘာကိုပြသလဲဆိုရင် လူတွေ လိုအပ်တဲ့ precaution တွေယူရင် တချိန်ချိန်မှာရောဂါအသစ်ဖြစ်နူန်း တွေ တန့်သွားမယ်။ ထိန်းမနိုင်သိမ်းမရ ဆက်ဖြစ်နေတာမျိုးမဟုတ်ဘူး။
သားသမီးတွေအတွက် အစိုးရိမ်ကြီးနေတဲ့မိဘတွေအတွက်လက်ရှိ data က အသက်၁၀ နှစ်အောက် ကလေး မှာရောဂါဖြစ်နူန်းက အလွန် နည်းပြီး ရောဂါကြောင့်သေတဲ့ကလေး ခုထိ report မတွေ့သေးဘူး။ Korea မှာဖြစ်တဲ့ age and gender distribution graph ကိုကြည့်ပါ။ ရောဂါအခံရှိတဲ့ကလေးတွေမှာဖြစ်တဲ့ပုံတွေတက်လာတာကြည့်ပြီး အရမ်းမစိုးရိမ်ပါနဲ့ covid19 မှ မဟုတ်ဘူး RSV တို့ bacteria pneumonia တို့ကလည်း အဆုတ် မဖွံ့ဖြိုးသေးတဲ့ premie ကလေးတွေ cystic fibrosis ရှိတဲ့ကလေး ေတွမှာ oxygen ပိုလိုပြီး အသက်မရူနိုင် ဖြစ်တာပါပဲ။ ပုံမှန်ကျန်းမာနေတဲ့က လေးအတွက်က ေတာ့ မိဘ ေတွ အပြင်သွားလို့ လိုအပ်တဲ့ precautions ဆောင်ရန်ရှောင်ရန်တွေလုပ်ရင် ကလေးကိုကူးမှာမစိုးရိမ်ပါနဲ့။
ကြိုတင်ခန့်မှန်း ပြင်ဆင်လို့မရတဲ့ World war ကမ္ဘာ့စစ်တွေကိုတောင် ကျမတို့ အဘိုးအဘွားတွေ ရင်ဆိုင်ခဲ့ရသေးရင် ကြိုတင်ပြင်ဆင် ကာကွယ်လို့ရတဲ့ covid19 အတွက် ကျမတို့ စိတ်ပျက်အားလျော့ မနေပါနဲ့။
ခုလို quarantine တို့ lockdown တို့ဖြစ်တဲ့အချိန်ဟာ မိသားစု ကို အချိန်ပေးပြီး reconnect လုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ တယောက်ထဲသမားတွေဆိုရင်လည်း ကိုယ့် စိတ်ကို ပြန်ဆန်းစစ်ဖို့ ဝါသနာတခုရှာဖွေဖို့ကောင်းတဲ့အချိန်ပါ။ အဆက်ပြတ်နေတာကြာနေတဲ့ သူငယ်ချင်းတွေနဲ့ ဖုန်းပြော messenger ကစာရေးပြီး ပြန်လည်ဆက်သွယ်မယ်။ ကျန်တဲ့အချိန်မှာ ကျမတို့ဟာ လူမှုရေးစီးပွါးရေးတွေနဲ့ မိသားစုနဲ့ ကိုယ့်အတွက်ကို အချိန်ပေးဖို့မေ့လျော့နေတတ်ကြလို့ပါ။
Covid 19 ကြောင့် အလုပ်မရှိတော့လို့စိတ်ညစ်နေတဲ့သူတွေအတွက်ငွေဆိုတာ အသက်ရှင်နေသရွှေ့ ပြန်ရှာလို့ရပါတယ် မိသားစုနဲ့လူ့အသက်ထက် အရေးကြီးတာ မရှိတဲ့အတွက် အသက်ရူနေနိုင်သရွှေ့ ကံကောင်းတယ်လို့တွေးပါ။
ဒီ outbreak လိုအချိန်မျိုးမှာအလုပ်ဆက်ဆင်းနေရတဲ့ဆေးရုံလုပ်သားတွေ စားသောက်ကုန်ထုတ်လုပ်ငန်းတွေ transportation သမားတွေကလည်း ငါကျမှ Risk ယူပြီးဘာလို့ဆက်လုပ်နေရသလဲလို့တွေးမယ့်အစား လူတွေအတွက် ဒီလိုအချိန်မျိုးမှာ ငါဟာ essential အရေးပါသူဖြစ်တယ်ဆိုပြီးဂုဏ်ယူဝင့်ကြွားစွာနဲ့ကိုယ့်အိမ်သားနဲ့ ပတ်ဝန်းကျင်ကလူတွေကို ကူးစက်မှုနည်းစေဖို့ မိမိကိုယ်ကို အတတ်နိုင်ဆုံး တာဝန်ယူကာကွယ်သင့်ပါတယ်။
အခုလို covid19 outbreak ဖြစ်နေတဲ့အချိန်မျိုးမှာ စိတ်ဖိစီးတာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ ကြောက်တာတွေက ပုံမှန်ပါပဲ။
ကိုယ့်ထိန်းချုပ်မှု အောက်မှာမဟုတ်တဲ့အရာတွေ ကို စိတ်ပူသောကရောက်ပြီး လူတွေကို အပြစ်တင် negative vibes တွေနဲ့ သတင်းအမှားအမှန်မှန်းမသိ covid 19 လူနာတွေခံစားနေရတဲ့ပုံတွေကိုmedia မှာ share မယ့်အစား ပြောင်းလဲလို့မရတာကို လက်ခံပြီး စိတ်အနှောက်အယှက်ဖြစ်စေမယ့် media တွေကိုရှောင်မယ်၊ အိပ်ရေးဝဝအိပ်မယ်၊ တရားထိုင်မယ်၊ exercise လုပ်မယ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ အထူးသဖြင့်vitamin B1, vitamin C, vitamin E, selenium, zinc ပါတဲ့အစာတွေပိုစားမယ်၊ အိမ်သန့်ရှင်းရေးနဲ့ ဝါသနာပါရာ တခုခုလုပ်ပြီး အချိန်ကိုအသုံးချနေမယ်ဆိုရင် အရူံးထဲကအမြတ်ပါပဲ။
ဒီ outbreak ကပ်ဆိုးကြီးကကျော်လွန်တဲ့အခါမှာ ကျမတို့ဘယ်လိုလူတွေဖြစ်ပြီးကျန်ခဲ့ချင်သလဲစဉ်းစားပါ။ ဒါဟာ အားလုံးအတွက် reset ပါ။ ဒါကိုကျော်လွန်သွားတဲ့အခါကျမတို့နဲ့အတူ ကျန်ခဲ့နေမှာက အရင်က သိပ်အလေးမထားခဲ့တဲ့ မိသားစု သူငယ်ချင်းတွေနဲ့ပြန်လည်သင့်မြတ်မှုလား အတတ်ပညာအသစ်တခု တတ်မြောက်မှုလား၊ မြန်မာတွေ ဂုဏ်ယူရတဲ့ လူလူချင်းရိုင်းပင်းမှု၊ မေတ္တာတရားထားမှု၊ ပရဟိတတရားတွေ လား ဒါမှမဟုတ် အပြစ်တင်မှု တကိုယ်ကောင်းဆန်မှု ကိုယ့်ကြောင့်သူတပါးထိခိုက်နာကျင်သွားစေမှုတွေလား…







