ကလေးငယ်နှင့်အိပ်စက်ခြင်းအနုပညာ (Sleep Training)

ကလေးကိုအိပ်တတ်အောင်သင်ပေးရမယ်… အပိုအလုပ်တွေ..သူ့ဘာသာအချိန်တန်တော့အိပ်တတ်သွားမှာပေါ့..ဘာသင်စရာလိုလို.လဲ..

ဟုတ်ပါတယ်…အချိူ.ကံကောင်းတဲ့ မေမေတွေမှာ မွေးပြီးလအနည်းငယ်အကြာမှာပဲသူ့အလိုလို ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပြီး ၊အအိပ်နှစ်သက်တဲ့ကလေးလေးတွေရှိကြပါတယ်။ ဒါပေမယ့်ကျမတို. မေမေတော်တော်များများမှာတော့ ကလေး ညဘက်ခဏခဏထလို. အိပ်ရေးပျက်တဲ့ဒါဏ်ကိုအလူးအလဲခံရတတ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာ အဖေရောအမေပါအလုပ်လုပ်ရတဲ့မိဘတွေအတွက်တော့ အိပ်ရေးမ၀လို. စိတ်မကြည်တာ စိတ်မရှည်တာအလုပ်မှာလည်း performance စွမ်းဆောင်မှုကျတာတွေရှိလာတဲ့အခါတစ်မိသားစုလုံးအတွက်မကောင်းပါဘူး။

ဒီ အကြောင်းအရာကိုမပြောမီကျမအကြောင်းလေးနဲနဲပြောပါရစေ။ ကျမက အလုပ်ကို ကလေးမွေးတဲ့နေ.အထိ full-time လုပ်ခဲ့ပြီး မွေးပြီး ၃လ ကလေးနဲ.တူတူနေနိုင်ဖို. ခွင့်ရက်လေးတွေကိုစုထားခဲ့ရသူပါ။ ဒီအနောက်နိုင်ငံမှာ တစ်လလုပ်မှတစ်လစား အိမ်ဖိုး ကားဖိုး ကျောင်းကြွေးတွေပေးဖို. အလုပ်ထွက်ချင်ရင်တောင် မထွက်နိုင်သူတွေများပါတယ်။ အဲ့ဒီတော့ကလေး ၃လအရွယ်မှာ ကျမအလုပ်ပြန်သွားရပါတယ်။ အဲ့ဒီမှာကြုံရတဲ့ပြဿနာက ကလေးကညဘက် ၃နာရီ ၄နာရီ ထက်ဆက်တိုက်ပိုမအိပ်ပါဘူး။ ကျမတို.မှာ အိမ်အကူလဲမရှိအတူလာနေမယ့်ဆွေမျိုးလည်းမရှိပါဘူး။ ဒီတော့ ဖေဖေနဲ.မေမေဒီလိုပဲ အလှည့်ကျထပြီးကလေးကြည့်ရပါတယ်။ ၁လလောက်ကြာတော့မပြောင်းလဲလာတာနဲ.ကျမ လည်း ကလေးအိပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းတွေကိုအသည်းအသန်ရှာမိပါတယ်။ ဒီနိုင်ငံမှာ ကလေးကို အိပ်တတ်အောင်သင်ကြားပေးတဲ့ သင်တန်းတွေရှိပါတယ်။ အဲ့ဒီအထဲမှာ takingcarababy ဆိုတဲ့ လူထောက်ခံမှုများတဲ့ website ကနေသင်တန်းလေးကို ၀ယ်လိုက်ပြီး လိုက်လုပ်ကြည့်ဖို.ဆုံးဖြတ်ခဲ့တယ်။ ကျမရဲ. ဆုံးဖြတ်ချက်မှန်ကန်တယ်လို.ဆိုရမလား သမီးလေးက ၅လအရွယ်လောက်မှာ ညဘက်၈နာရီလောက်ဆက်တိုက်အိပ်ပြီး ၆လအရွယ်မှစပြီး ည ၇နာရီမှ မနက်၇နာရီအထိ ၁၂နာရီ ကြာဆက်တိုက်အိပ်တတ်သူလေးတစ်ယောက် ဖြစ်လာပါတယ်။ အခုသမီး က၁နှစ် ၁လအရွယ်ပါ။ အမြဲပြုံးရွှင်နေတတ်ပြီးအိပ်ချိန်မှန် စားချိန်မှန် အလွန် active ဖြစ် သူလေးမို. ၁၀လခွဲမှာတင်လမ်းလျှောက်တတ်နေပါပြီ။ ဒီ milestone ဖွံဖြိုးမှုမိုင်တိုင်တွေကိုစောစောရောက်တာ အငိုနည်းတာတွေက အိပ်ရေး၀တာနဲ.ဆက်စပ်နေမယ်လို.ကျမယုံကြည်ပါတယ်။ အဲ့ဒါကြောင့်ကျမသိထားတဲ့ အကြောင်းအရာလေးတွေကို အကုန်ဖောက်သည်ပြန်ချပါမယ်နော်။

  • sleep training စမလုပ်ခင် ကလေးရဲ.ကိုယ်အလေးချိန်ဟာ မွေးတဲ့အချိန်ထက် ၂ဆကျော်ရှိနေရပါမယ် ။ဥပမာ- မွေးတဲ့အချိန်မှာ၆ပေါင်ရှိတဲ့ကလေးကို အနည်းဆုံး ၁၂ပေါင်ပြည့်တဲ့အထိ လိုသလောက် ညဘက် နို.တိုက်ပေးရနိုင်တဲ့အတွက် အဲ့ဒီအချိန်ထိတော့သည်းခံပြီးစောင့်ပေးပါ။ ကလေးဝိတ်နှစ်ဆတက်ပြီဆိုရင်တော့ ဒီ training ကို ကလေး ၃ လ၄လအရွယ်မှစတင်နိုင်ပါတယ်။
  • တကယ်တော့အိပ်ရာထဲခေါင်းချတဲ့အချိန်ကနေ မနက်မိုးလင်းတဲ့အချိန်ထိ တဆက်တည်းအိပ်တဲ့သူဆိုတာမရှိပါဘူး ။ sleep cycle အိပ်လိုက်နိုးလိုက် ဖြစ်တဲ့အချိန်တွေဟာဆက်တိုက်ဖြစ်နေလို. တဆက်ထဲအိပ်တယ်လို.ထင်ရတာပါ။ အချို.ကျတော့လဲ နိုးပြီးပြန်အိပ်မပျော်တဲ့အချိန်တွေရှိတတ်ပါတယ်။ များသောအားဖြင့်တော့ ကျမတို.ဟာ နိုးလာရင်ဘယ်လိုကြိုးစားပြီးပြန်အိပ်ရမလဲဆိုတာသိပါတယ်။ ဒါပေမယ့်ကလေးငယ်လေးတွေဟာ ဒီလိုမျိုးမသိသေးပါဘူး..သူတို.သိတာက မေ့မေ့ရင်ဘတ်နွေးနွေးလေးထဲမှာအိပ်ပျော်သွားတယ် နိုးလာတော့မေမေမရှိတော့ဘူး နွေးလဲမနွေးတော့ဘူး။ အဲ့ဒီတော့အော်ငိုမယ်။ မေမေပြန်လာမယ် အိပ်ပျော်သွားအောင်ပြန်လုပ်ပေးမယ်။
  • အဲဒါကြောင့်ရှေ့လူကြီးတွေကကလေးအိပ်ပျော်သွားရင်နွေးနွေးလေးဖြစ်အောင် ရင်ဘတ်လေးပေါ်မှာ အ၀◌တ်ခေါင်းအုံးလေးတင်ပေးထားတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခန့်မသင့်ရင် ကလေးမျက်နှာပေါ်ရောက်ပြီး အသက်ရှူလမ်းကြောင်းပိတ်တာဖြစ်နိုင်တာမို. ကျမကတော့ ညဘက်မလုပ်ပါဘူး။အနှီးနဲ.ထုတ်တဲ့အရွယ်ကနေလွန်တဲ့အခါကလေးကို wearable blanket နဲ.သိပ်ပါတယ်။
  • ၃လ ၄လအရွယ်ကလေးလေးတွေဟာ လုပ်ရိုးလုပ်စဉ်အရာတွေ ခဏခဏတွေ့ကြုံနေရတာတွေကို သူတို.မှတ်မိနေပါပြီ။ အိပ်ရာမ၀င်ခင်မေမေကရေချိုးပေးတယ် နို.တိုက်ပြီး သီချင်းဆိုတယ် ပြီးတော့မေ့မေ့ရင်ဘက်နွေးနွေးလေးထဲမှာအိပ်ပျော်သွားတယ်။ ဒီအရွယ်ဟာဒီလို sequence ဘာပြီးရင်ဘာလာတယ်ဆိုတဲ့ သိတတ်မှုလေးကို အခွင့်ကောင်းယူပြီး ကလေးကို sleep foundation သူ့ဘာသူအိပ်တတ်တဲ့အကျင့်ဖြစ်အောင်သင်ပေးဖို.အချိန်ဖြစ်ပါတယ်။
  • ဒီအောက်မှာဖော်ပြထားတဲ့ အချက် ၇ချက်ကိုသုံးပြီး sleep training လေးစတင်နိုင်ပါတယ်။ အရွယ်ကြီးသွားတဲ့ကလေးတွေအတွက် ဒီ နည်းက အသုံးဝင်ချင်မှဝင်ပါ့မယ်။
  1. Fill the tank- maintaining adequate feeding during the day နေ.ဘက်မှာ နို.ကို ၂နာရီမှ၄နာရီ ခြားတိုင်း လိုသလောက်တိုက်ပေးဖို.လိုပါမယ်။ နေ.လည်မှာကောင်းကောင်းနို.မသောက်တဲ့ကလေးက ညဘက်နို.ဆာတာသဘာ၀ပါပဲ။
  2. Check the engine- examining your nightly routine ပတ်၀န်းကျင်ကိုလေ့လာပါ။ ကလေးအိပ်တဲ့နေရာက TVအလင်းရောင်ဝင်တာ၊ ပြင်ပသံတွေအရမ်းဆူညံနေတဲ့ နေရာမျိုးမ ဖြစ်ရပါဘူး။ အလင်းရောင်ကကလေးရဲ.ဉီးနှောက်ကိုလုံ့ဆော်ပေးနိုင်လို. ကလေးအိပ်တဲ့နေရာကိုကာပေးထားမယ်။ sound machine လိုခေါ်တဲ့ မိုးရွာတဲ့အသံလို ရေလှိုင်းသံလိုမျိုးအသံထုတ်ပေးတဲ့စက်လေးတွေရှိရင်လည်း အသုံး၀င်နိုင်ပါတယ် ဒါကတော့ အပြင်ကအသံတွေကိုဖုံးပြီးကလေး sleep cycle တခုနဲ.တခုအပြောင်းမှာလွယ်ကူစေဖို.ပါ။ နောက်ပြီး ရှေ့မှာပြောထားသလို အကျင့်လေးတွေမှတ်မိတတ်တဲ့ကလေးသဘာ၀ကိုအခွင့်ကောင်းယူပြီး sleep routine အိပ်ရာ၀င်အကျင့်လေးတခုခုလုပ်ပေးပါ။ နေ.တိုင်းလုပ်ပေးဖို.တော့အရေးကြီးပါတယ်။ ကျမ routine ကတော့ ရေချိုးlotion လိမ်း pajama လဲ၊ စာအုပ်ဖတ်ပြ သီချင်းဆိုပြီး နို.တိုက်သိပ်တာပါ။
  3. Set the Cruise control- allowing your baby to put themself to sleep ဒါက အရေးကြီးပါတယ်။ အတိုက S.I.T.B.A.C.K ပါ -Stop- ကလေးနိုးတိုင်းအော်ငိုတိုင်းထမကြည့်ပါနဲ. ဟုတ်ပါတယ် အချို.မေမေတွေလက်ခံချင်မှလက်ခံပါမယ်။ ဒါပေမယ့်ကလေးကို သူ့ဘာသာပြန်အိပ်တတ်အောင်လေ့ကျင့်ဖို.၅ မိနစ်အချိန်လေးပေးပါ။ ဒါမှမအိပ်ဘူးဆိုရင် Increase sound machine အသံစက်လေးကို အသံချဲ့ပေးပါ အချိန် ၂မိနစ်ပေးပါ။ ဒါလည်းမရဘူးဆိုရင် Touch baby’s chest ကလေးရင်ဘက်လေးကို လက်ဖဝါးနဲ. အသာလေးဖိထားပါ။ကလေးဘယ်လောက်ငိုငိုအဲ့လိုလေးပဲ၂ မိနစ်နေပေးပါ။ မရဘူးဆိုရင် Binky ချိုလိမ် သုံးပါ။ ချိုလိမ်မကြိုက်တဲ့ကလေးဆိုရင်အခြားအဆင့်ကိုကျော်ပါ။ ကလေးကချိုလိမ်ကိုထွေးထွေးထုတ်နေမယ်ဆိုရင် နောက်တဆင့် Add in rocking of baby’s body ကလေးကိုအိပ်ရာထဲမှာပဲဟိုဘက်ဒီဘက်အသာလေးလှုပ်ပေးပါ ဖင်လေးပုတ်ပေးပါ။ အဲ့ဒါကိုလည်း ၂ မိနစ်အချိန်ပေးပါ။ မရရင်နောက်တဆင့်က cuddle ပွေ့ချီလိုက်ပြီး ၂မိနစ်လှုပ်သိပ်ပေးပါ။ ဒါလည်းမရဘူးဆိုရင်တော့ နောက်ဆုံးအဆင့် K its time to feed နို.တိုက်လိုက်ပါ။ ဒါကတော့နောက်ဆုံးအဆင့်ပါ၊ဘာလို.လဲဆိုတော့ နို.တိုက်မှအိပ်ပျော်ရင် အမြဲတမ်း နို.ထတိုက်နေရတော့မှာပါ။ ကျမမှားခဲ့တဲ့အတွေ့အကြုံကတော့ အဆင့်ကျော်တာပါပဲ ကလေးငိုနေတာ ချိုလိမ်ထည့်ပေးလိုက်ရင်တမ်းတိတ်သွားတာပဲ အိပ်ချင်နေတော့ ချိုလိမ်ပဲတပ်ပေးမိတယ်၊ ပြီးတော့ အချိန်အပြည့်မစောင့်နိုင်ပဲ တဆင့်ကနေ နောက်တဆင့်ကိုမြန် မြန်ကူးလိုက်တာ။ အဲ့ဒါတွေကိုတွေ့ကြုံခဲ့ရပေမယ့်အားမလျော့ပဲ သေချာဆက်လုပ်လိုက်တာ ၁ပတ်လောက်အကြာမှာ ကလေးက ၈နာရီ ၉နာရီလောက်စအိပ်ပါတယ်။
  4. Top off the tank- considering a dream feed ဒါကတော့ကလေး ဗိုက်ပြည့်တာသေချာအောင် တညလုံးကောင်းကောင်းအိပ်နိုင်အောင် ည ၉နာရီခွဲကနေ ည၁၁နာရီအတွင်းမှာ အိပ်နေတဲ့ကလေးကို နို.ထပ်တိုက်တာပါ။၊ ကလေးကအိပ်ချင်မူးတူးနဲ. သောက်ပါလိမ့်မယ်။ ကလေးကမသောက်ရင် ဒါမှမဟုတ်ကလေးကနိုးသွားပြီးပြန်အိပ်ဖို.ခက်တာတွေဖြစ်နေရင်တော့ dream feed မလုပ်ပါနဲ.။
  5. Hit the break- planning to stop/reduce night wakings ဒါကတော့ခက်ကောင်းခက်ပါလိမ့်မယ်။ အပေါ်မှာပြောခဲ့တဲ့ကျမလုပ်ခဲ့တဲ့အမှားတွေလို အလွယ်နည်းမလိုက်ပါနဲ.။ အဆင့်မကျော်ပါနဲ.၊ ပထမပိုင်းမှာ ဒီအဆင့်တွေအကြာကြီးစောင့်ပြီးမှကလေးကအိပ်တယ်။တခါနိုးတိုင်းဒီအဆင့်တွေလုပ်နေရရင် အချိန်ကုန်တယ် အိပ်ရေးပိုပျက်တယ်လိုထင်ပါလိမ့်မယ်၊ ဒီတော့ အလွယ်ဆုံးနည်း နို.လေးထုတ်တိုက်လိုက်တာ ချိုလိမ်လေးပေးလိုက်တာတွေ လုပ်မိတတ်ပါတယ်။ ဒါပေမယ့်စိတ်ရှည်ရှည်နဲ. ၃ညလောက် ကြိုးစားကြည့်ပါ။ ရေရှည်အကျိူးရလဒ်ကိုခံစားရနိုင်ပါတယ်။ နောက်ပြီးတော့ realiastic goal သဘာ၀ကျတဲ့ပန်းတိုင်ထားပါ။ ညဘက် ၃ ခါ၄ခါ နို.ထသောက်နေတဲ့ကလေးဟာ ၃ရက်တည်းနဲ.တော့ ည ၈ နာရီဆက်တိုက်အိပ်ချင်မှအိပ်ပါလိမ့်မယ်။ ၃ခါ ကနေ ၂ခါ ၂ခါ ကနေ ၁ခါ နို.တိုက်ရတဲ့အကြိမ်ရေ ဒါမှမဟုတ်နို.တိုက်တဲ့အချိန်တာနည်းသွားတာဟာလည်း အောင်မြင်မှုတစ်ခုပါပဲ။
  6. Plan your rest stops- Handling Naps ဒါကတော့ နေ့လည်အိပ်ချိန်ပါ။နေ့လည်အိပ်ချိန်မှန်မှလဲ ညအိပ်ချိန်မှန်နိုင်မှာပါ။ ဒါပေမယ့် ကလေးတော်တော်များများဟာ ၅လ ၆လအထိ နေ.လည်အိပ်ချိန်ပုံမှန်မရှိသေးပါဘူး။ တနေ့မှာ အိပ်ချင်တဲ့အချိန်အိပ်မယ် ထချင်တဲ့အချိန်ထမယ်။ ၃လ၄လအရွယ်ရှိတဲ့ကလေးရဲ. wake window နိုးနေတဲ့အချိန်က ၁နာရီခွဲကနေ ၂ နာရီဆိုရင်ပုံမှန်ပါပဲ။ကလေးကြီးလာတာနဲ.အမျှ နိုးနေတဲ့အချိန်ကြာလာပါမယ်၊ အဓိကတော့ ညဘက်nighttime routine လိုပဲ ပုံမှန်လုပ်ရိုးလုပ်ဆင်လေးတွေရှိနေရင်ကောင်းပါတယ်။ကလေးကိုအပြင်သွားနေရင်းလက်ပေါ်မှာအိပ်ပျော်သွားစေတာ၊နေ့လည်မှာ အလွန်အမင်း အိပ်စေတာမဖြစ်အောင် အိပ်ချိန်၂နာရီကျော်ရင် နိုးပြီးနို.တိုက်ပေးပါ။ အရှေ့မှာပြောထားတဲ့ SITBACK ကို‌တော့နေ့လည်ဘက်မှာလုပ်စရာမလိုပါဘူး ကလေးအိပ်ဖို.အရေးကြီးလို. အဆင်ပြေသလိုသိပ်ပါ။
  7. Unload the baggage – releasing the sleep props ကလေးပိုအိပ်ပျော်အောင် အနှီးထုပ်တာတို. လှုပ်ပေးတဲ့မွေ့ရာလေးတွေက ရေရှည်သုံးလို့မရပါဘူး။ ကလေးမှောက်တတ်တဲ့အချိန်ရောက်ရင် ဒါတွေသုံးနေရင်ပိုပြီးအနရာယ်ရှိနိုင်တာမို. ဒီလိုအချိန်ဖွံဖြိုးမှုမိုင်တိုင်တခုကနေတခု transition စပ်ကူးမပ်ကူးကာလတွေ ၊ကလေးနေမကောင်းတဲ့အချိန်၊ သွားပေါက်တဲ့အချိန်တွေမှာ sleep training မလုပ်ဖြစ်အောင်သတိထားပါနော်။

အခုပြောပြခဲ့တာကတော့၃လ၄လကစပြီး လုပ်ကြည့်လို.ရတဲ့ကျမဖတ်သားခဲ့ရတဲ့နည်းလေးတွေပါ။ကလေးနဲ.တအိပ်ရာထဲမှာ တူတူအိပ်တဲ့မေမေတွေ ကလေးငိုတာမခံစားနိုင်တဲ့မေမေတွေအတွက်ခက်ခဲမှာကို နားလည်ပါတယ်။ဒီအနောက်တိုင်းကမေမေတွေအတွက်အသုံးဝင်ပေမယ့် မြန်မာမေမေတွေအကုန်လုံးအတွက်တော့အသုံး၀င်ချင်မှလည်းဝင်မှာပါ။အချို.မေမေတွေမလုပ်ချင်တဲ့အပိုင်းတွေလည်းပါကောင်းပါနိုင်ပါတယ်။ ကလေးတစ်ယောက်နဲ.တစ်ယောက်ဟာလည်းမွေးရာပါပင်ကိုယ်ဗီဇလေးတွေမတူနိုင်တဲ့အတွက် အချို့ကလေးတွေအတွက်လွယ်လွယ်ကူကူပဲ ဖြတ်ကျော်နိုင်ပေမယ့် အချို့ persistent personality ဇွဲကောင်းလွန်းသောကလေးတွေအတွက်ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ကိုယ့်ကလေးနဲ့ကိုယ်အဆင်ပြေမယ့်အရာကိုပဲရွေးချယ်ကျင့်သုံးကြပါ။ ကလေးလေးတွေနှစ်နှစ်ချိုက်ချိုက်အိပ်လို့ မေမေတွေအိပ်မက်လှလှမက်နိုင်ကြပါစေရှင်။

လွပ်လပ်စွာ share နိုင်သည်

Burmese American Home

ကိုယ်ဝန်ဆောင်သည်နှင့်အဟာရမျှတာစွာစားသောက် ခြင်း

ကိုယ်ဝန်ဆောင်သည်တွေရင်ဆိုင်ရတဲ့ challenge အခက်အခဲတွေများစွာရှိပါတယ် .. ဒီအထဲမှာ တနေ့တနေ့ ဘာစားရမလဲဘယ်လောက်စားရမလဲဆိုတဲ့မေးခွန်းတွေလည်းပါပါတယ်..

ကျန်းမာအောင်အဟာရပြည့်ဝအောင်စားသောက်ဖို့အပြောရလွယ်သလောက်အလုပ်ခက်မှန်းကိုယ်တိုင်တွေ့ကြုံမှသိကြမှာမှန်ပေမယ့် ဒီ ဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင်သည်တွေအတွက်guideline ပေးထားတဲ့အကြောင်းအရာတွေနဲ့ကိုယ်တိုင်အတွေ့အကြုံလေးကို မျှဝေ ထားပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အဟာရပြည့်ဝအောင်စားသုံးခြင်းဟာ ကလေးတင်မကပဲ မိခင်မှာပါ သွေးအားနည်းခြင်းAnemia, ကိုယ်ဝန်ဆောင်ဆီးချိုgestational diabetes , ကိုယ်ဝန်ဆိပ်တက်ခြင်းpreeclampsia နဲ့ ကိုယ်ဝန်ဆောင်စဉ်ဝိတ်အလွန်အကျွံတက်လာခြင်းမှကာကွယ်နိုင်မှာဖြစ်သလို စိတ်အတက်အကျမမြန်ပဲ balanced emotion, လစေ့တဲ့အထိကိုယ်ဝန်ဆောင်နိုင်ပြီး post partum recovery မွေးပြီး အနာကျက်တာ လည်း မြန်ဆန်စေပါတယ်။

အခြေခံကျန်းမာအောင်စားသောက်နည်း (Basic principles for 9 months of healthy eating )

ကိုယ်စားတဲ့ အစာတိုင်း အစာတိုင်းဟာ ကိုယ်လွယ်ထားရတဲ့ရင်သွေး လေးအတွက်လှပတဲ့အနာဂတ်ကိုပေးနိုင်မယ့်လက်ဆောင်မွန်တွေပါပဲ ဒါကြောင့် every bites count. ရွေးချယ်ပြီးစားပါ..

ဒါကတော့ calorie counting လုပ်တဲ့အမေတွေအတွက်ပါ second trimester မှာ calorie ၃၅၀ ပိုစားရမယ် third trimester မှာ calorie ၄၅၀ ပိုစားရမယ်လို့အကြမ်းဖျင်းရေတွက်နိုင်ပေမယ့် ဒီ calorie ဟာ အဟာရပြည့်ဝတဲ့အစားစာကလာရင်ပိုအကျိုးရှိပါတယ် အာလူးကျော် တစ်ထုတ်မှာ calorie ၂၀၀ ပါရင် အဲ့ဒီအစား ငှက်ပျောသီးတစ်လုံးကြက်ဉတစ်လုံးနဲ့ အစားထိုးရင်လည်း calorie ၂၀၀ ပါပဲ

ထမင်းဟင်းတွေတဝကြီး တနေ့ သုံးခါစားမယ့်အစား နည်းနည်း ချင်း တနေ့ ၆ခါစားပေးရပါမယ် ဒါဆိုရင် ကလေးအတွက်လည်း အဟာရလုံလောက်မယ် အမေလည်း ရင် ပြည့်ရင်ပူတာ မဖြစ်တော့ဘူး.. အစာခံတာ နေ့လည်စာ ညစာပုံမှန်မစားတာလည်း မလုပ်မိဖို့လိုပါတယ် တနေကုန်ပျို့အန်ချင်နေတဲ့ ကိုယ်ဝန်ဆောင်သည်တွေအတွက် ပြောရလွယ်ပြီးလုပ်ရခက်တဲ့အရာပါ ( ပျို့အန်ချင်တဲ့ ကိုယ်ဝန်ဆောင်သည်တွေအတွက် အသုံးဝင်မယ့် tips လေးတွေကတော့ အိပ်ရာထထချင်းစားပါ အစာမရှိရင်ပိုအန်ချင်ပါတယ်၊ အိပ်ခါနီးအစာနည်းနည်းစားပြီးမှအိပ်ပါ၊ အများကြီးမစားနိုင်ပေမယ့်စားနိုင်သလောက်လေးကြိုးစားစားပါ အစာမာ မစားနိုင်ရင် နွားနို့ စွပ် ပြုတ်စတဲ့ liquid calorie လေးရအောင်သောက်ပါ နည်းနည်းချင်း ပိုက်နဲ့စုတ်တာက ခွက်လိုက်မော့ချတာထက် အဝင်လွယ်ပါတယ် ချက်ချင်းလည်း ပြန်မအန်ချင်ပါဘူး.. စိတ်ထဲမှာမစားချင်တဲ့အရာကို အတင်းမစားပါနဲ့ အန်ချင်စိတ်ပိုဖြစ်စေပါတယ်.. multivitamin အလုံးလိုက်မမြိုနိုင်အောင်ပျို့အန်ချင်နေရင် ဝါးစားလို့ရတဲ့ Gummie vitamin တွေရှိပါတယ်, ဂျင်းနဲ့လုပ်ထားတဲ့အစားအစာစားပါ, အနားယူပါ၊ မကြာခဏသွားတိုက် အာလုပ်ကျင်းပေးပါ၊ ဘာမှမရတဲ့နောက်ဆုံးဆေးသောက်ပါ။

ကိုယ်ဝန်ဆောင်စဉ်မှာတက်သင့်သလောက်ဝိတ်မတက်တဲ့သူတွေအနေနဲ့ ဒီထက်လည်းပိုမစားနိုင်တော့ဘူးဆိုရင်အဟာရတန်ဖိုးမြင့်မားတဲ့အရာ စားပါ (ဥပမာ ထောပတ်သီး မြေပဲ အစေ့အဆန်များ နွားနို့ )ကိုယ်ဝန်ဆောင်တွေတက်သင့်တဲ့ကိုယ်အလေးချိန်အကြောင်း နောင် ဆောင်းပါးတစ်ခုမှာရေထားပါတယ်

သကြားကရတဲ့အဟာရဟာ အဟာရမဟုတ်ပါ.. ကိတ်မုန့် သကြားလုံး အချို, အချိုရည် များမှ ဘာအဟာရတန်ဖိုးမှ မရနိုင်ပါ empty calorie လို့ခေါ်ပါတယ်။

အောက်ပါအစားအစာများ နေ့စဉ်စားပါ

အသားဓာတ် (သို့ )ပဲ နှင့် အစေ့အဆန်အမျိုးမျိုး မပါမ ဖြစ်နေ့တိုင်းစားပါ

Calcium ဓာတ်ပါသောအစားအသောက်များ( နို့ ဒိန်ချဉ် cheese, အရိုးပါစားနိုင်တဲ့ငါးလေးများ , အစိမ်းရောင်အရွက်များ)

Vitamin C ပါသောအစားအစားများ (လိမ္မော်သီး လိမ္မော်စစ်စစ်အရည် ကျွဲကောသီး သရက်သီး သံပရာရေ, စတော်ဘယ်ရီ , ခရမ်းချဉ်သီး, ကီဝီသီ ,နာနတ်သီး)

ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများဟာသံဓာတ်ချို့တဲ့တတ်တာမို့ သံဓာတ်ပါတဲ့အစားအစာတွေစားမယ် လိုအပ်ရင် supplement သောက်ရပါမယ်။ဆရာဝန်နဲ့သွေးစစ်ကြည့်လျှင်သိနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီ (သံလွင်ဆီ ထောပတ်သီး ငါးမှရသောအဆီ နို့ထွက်ပစ္စည်းများ အစေ့အဆံမှရသော penut butter လိုအဆီတွေဟာလည်းကလေး ဦးနှောက်ဖွံ့ဖြိုးရာမှာအရေးပါတဲ့ အရာဖြစ်ပါတယ်။

အစားတင် နှစ်ယောက်စာ စားရတာမဟုတ်ပါဘူး ရေလည်း နှစ်ယောက်စာသောက်ဖို့လိုပါတယ် ရေများများသောက်ချင်းဟာ ခန္ဓာကိုယ်ကအညစ်အကျေးတွေကိုသန့်စင်မယ်၊ ဝမ်းချုပ် တာ ခြေထောက်ဖောရောင်တာ ဆီးလမ်းကြောင်းပိုးဝင်တာ, ကလေးလမစေ့ပဲမွေးတာတွေကလည်း ကာကွယ်နိုင်ပါတယ်တဲ့ ။လူတစ်ယောက်နဲ့တယောက်လိုအပ်တဲ့ရေပမာဏမတူနိုင်တဲ့အတွက်ဘယ်လောက်သောက်ရမယ်ဆိုတာမပြောတော့ပေမယ့် မိမိဆီးသွားတဲ့အရောင်ကိုကြည့်ပါ အရောင်က အဝါနုရောင်နဲ့ များများသွားမယ်ဆိုရင်ရေဓာတ်လုံလောက်တယ်လို့ပြောနိုင်ပါတယ်။

Prenatal multivitamin မသောက်နိုင်လို့ရိုးရိုး multivitamin ပဲသောက်မယ်ဆိုရင် folic acid 600mcg ထပ်သောက်ပေးပါ။

အစားအစာတွေကို သန့်ရှင်းစွာကိုင်တွယ်ပြီး ကျက်အောင်ချက်ပြုတ်ရပါမယ် ဒါကတော့ အသားစိမ်းငါးစိမ်းထဲမှာ တွေ့ရတဲ့listeria ဆိုတဲ့ပိုးတစ်မျိုးဟာ မိခင်ရောကလေးပါ အန္ဓရာယ်ရှိစေနိုင်ပါတယ်။

အသီးအရွက်အစိမ်းစားတော့မယ့်ဆိုရင်သေသေချာချာရေစင်အောင်ဆေးကြောပြီးမှစားပါ ( အသီးအရွက်တွေမှာကပ်နေတဲ့ ပိုးသတ်ဆေး pesticide တွေကကလေးကို အန္ဓရာယ်ရှိစေနိုင်ပါတယ်။

အောက်ကပုံလေးမှာကိုယ်ဝန်ဆောင်တွေစားသင့်တဲ့အစာနဲ့ရှောင်သင့်တဲ့အစားအစာပုံလေးဖော်ပြထားပါတယ်

Ref: what to expect when you are expecting

ကိုယ်တွေ့အတွေ့အကြုံ (Reality check )

အချိန်တိုင်းအန်ချင်နေတာရယ် ရင်ပူတာရယ် ခံတွင်းကလည်း နေမကောင်းတဲ့သူတွေလို ထူထုံပြီးအရသာခံမရတာရယ် တံတွေးတွေကအမြဲထွက်နေတာနဲ့တင် အဟာရပြည့်ဝတဲ့အစားအစာကိုရွေးမစားနိုင်ပဲ ခံတွင်းတွေ့တာလေး ဗိုက်ထဲဝင်တာလေးတွေလေးပဲစားမိပါတယ်.. ကံကောင်းစွာပဲ ၁၂ ပတ်ကျော်သွားတဲ့အချိန်မှာ သက်သာလာတော့မှ healthy eating ဘက် ပြန်လည့်ရပါတယ်..ဒါတောင် carbohydrate ထမင်းဖြူတွေစားတာများတာရယ် exercise မလုပ်နိုင်တာရယ်ကြောင့် first trimester မှာ ၃ပေါင်တက်ပါတယ်

Second trimester မှာတော့ ကြိုးစားပြီး အဟာရပြည့်အောင်စားပါတယ်

နေ့တိုင်းအသီးအရွက်ပါအောင်စားတယ်

Salmon လို seafood ကို တစ်ပတ် နှစ်ခါစားတယ်။ Nut mix အစေ့အဆန်မျိုးစုံပါတဲ့ အထုတ်သေးသေးလေးတွေကို snack သရေစာအဖြစ် နေ့တိုင်းစာတယ်။ ကလေးဦးနှောက်လေးဖွံဖြိုးအောင်။

Multivitamin စားဖို့မမေ့အောင် phone reminder ပေးထားပါတယ်။

Will power ကအရမ်းအရေးကြီးပါတယ် နှစ်ယောက်စာအတွက် ကျန်းမာရေးနဲ့ညီညွတ်တာလေးတွေစားနေတုန်းမှာ အထူးသဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်တဲ့အချိန်မှာသူများလာကြွေးတဲ့ ကိတ်မုန့်အချိုတွေ ဆီကျော်မုန့်တွေ ဇီးထုတ်လို ချဉ်ချဉ်စပ်စပ်စားကောင်းပေမယ့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ဆိုးဆေးတွေ ဆေးသကြားတွေကိုပါမှန်းသိသိနဲ့ ချဉ်ချင်းတက်ပြီးအရမ်းစားချင်တဲ့စိတ်ကို ထိန်းနိုင်ဖို့ဆိုတာ will power တော့တော်တော်လိုပါတယ်။

ကိုယ်တိုင်လဲကျန်းမာရေးနဲ့မညီတာတွေမစားမိဘူးလားဆိုတော့…စားမိတာပေါ့စားပြီးရင်လည်းနောင်တရတယ် ကလေးအတွက်စိုးရိမ်တယ် ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကိုခွင့်လွှတ်ပြီး ကျန်းမာရေးနဲညီညွှတ်အောင်ပြန်စားရတာပေါ့…စားချင်ရက်နဲ့စားလို့မရတာလေးတွေ မွေးပြီးစားဖို့စာရင်းပြုစုထားလိုက်တယ် အဲ့ဒီအစား ကိုယ် ကိုကိုယ် Pamper လုပ်တယ် မျက်နှာပေါင်းတင်တာ၊ လက်သည်းအလှပြင်တာ ဗိုက်ဖုံးအင်္ကျီလှလှလေးတွေဝယ်တာစသဖြင့်ပေါ့။

နောက်ထပ် tip လေးတစ်ခုကတော့ bullet journal လေးထားတာပါပဲ .. အလုပ်ရှုပ်တဲ့ မိခင်လောင်းတွေအတွက်အဆင်ပြေပါတယ်။ တခါတလေ ကိုယ့်ဟာကို multivitamin သောက်ပြီးပြီးလားမသောက်ရသေးဘူးလားဆိုတာတောင်မေ့တဲ့အခါတွေရှိပါတယ်.. bullet journal လေးက ကိုယ် track လုပ်ချင်တဲ့ အရာအားလုံးကို လစဉ် တနေရာထဲမှာစုစုစည်းစည်း မြင်နိုင်တယ် နောက်ပြီး doctor appointment တွေ အ ခြားအရေးကြီးတဲ့ date တွေလည်း မှတ်ထားလို့ရတယ်။ နောက်ဆောင်းပါးတွေမှာလည်း gestational diabetes ကိုယ်ဝန်ဆောင်ဆီးချို Preeclampsia ကိုယ်ဝန်ဆိပ်တက်ခြင်း နဲ့ အခြား ကိုယ်ဝန်ဆောင်သည်နဲ့ မိခင်ဆိုင်ရာ ကျန်းမာရေးဗဟုသုတကိုဝေမျှသွားပါမယ်။

Habits tracker

Happy pregnancy and motherhood!

Ref- what to expect: eating well when you are expecting book

Burmese American home

Mom Hacks

ဒီစာအုပ်လေးက ကလေး နှစ်ယောက်အမေ emergency ဆရာဝန်ရေးသားစုဆောင်းတင်ပြထားတဲ့ မေမေတို့အတွက်အ ထောက်အကူဖြစ်နိုင်မယ့်အချက် အလက်လေးတွေပါ..

အနောက်တိုင်းနဲ့ အရှေ့တိုင်း ကလေးပြုစုပုံဓလေ့ထုံးစံတွေမတူတဲ့အတွက် အကုန်လုံးကို မဖော်ပြတော့ပေမယ့် အောက်မှာရေးထားတဲ့အချက်လေးတွေကတော့ အမေတိုင်း အမေတိုင်းကို အထောက်အကူဖြစ်နိုင်ဖို့မျှော်လင့်ပါတယ်..

    မေမေတွေအဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ.. ကျန်းမာပြီး ပျော်ရွင်ချင်တာလား … အသက်ပိုရှည်ချင်တာလား…သားသားမီးမီးလေးတွေနဲ့ ကစားနိုင်ဖို့ မကုန်ခန်း နိုင်တဲ့ energy တွေလား … ဒါတွေအားလုံးရဲ့အရင်းအမြစ်က ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ဖြစ်ပါတယ်.. အစားအသောက်ဆင်ချင်ပြီးကျန်းမာရေးနဲညီညွတ်အောင်ချက်ပြုတ်တဲ့ မေမေတွေဟာ ကိုယ်တိုင်လည်း အဆီကျ ကျစ်လစ်လှပမှာ ဖြစ်သလို မိသားစုကိုလည်း သွေးတိုး ဆီးချို နှလုံး အဝလွန်ခြင်းမှ ကာကွယ်ပေးပြီးသားဖြစ်ပါမယ်.. စားလို့ကောင်းရင်ပြီးရော ကလေးစားရင်ပြီးရော ဆီတွေ သကြားတွေ ဆားတွေ အချိုမှုန့်တွေများများ သုံးပြီးချက်တော့မယ်ဆိုရင်အပေါ်မှာ မေမေတို့ဖြေထားတဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေနဲ့ ဝေးရပါလိမ့်မယ်…
    အရောင်စုံတဲ့အသီးအရွက်များများ စားပါ…
    ဆီကျော်မုန့် ဆေးဆိုးထာတဲ့ အစာ processed food (သဘာဝ အတိုင်းမဟုတ်ပဲပြုပြင်ထားသောအစာ)ရှောင်ပါ
    ဗိုက်ထဲမှာကောင်းတဲ့ ဘက်တီးရီးယားလေးတွေပွါးအောင်ဒိန်ချဉ်သောက်ပါ kimchi စားပါ
    တိရိစ္ဆာန်မှရတဲ့အသားဓာတ်ကို တစ်ပတ် ၂ ခါပဲစားပါ. ပဲမျိုးစုံ တိုဖူး ဘဲဥငါးနှင့် နို့ထွက်ပစ္စည်း တွေမှလည်း အသားဓာတ်ရနိုင်ပါတယ်
    ရေများများ သောက်ပါ.. မိမိ အလေးချိန် ပေါင်ကို ၂ နဲ့စား ရလဒ်က ကိုယ်သောက်ရမယ့်ရေပမာဏပါပဲ ဥပမာ ပေါင် ၁၄၀ ရှိတဲ့ အမျိုးသမီးဟာ ရေ အနည်းဆုံး ၇၀ အောင်စ သောက်ရပါမယ် ၁ အောငါစ က ၃၀ ml ဆိုရင် ၁ လီတာရေသန့်ဘူး ၂ ဘူးသာသာပါ
    သကြားအချိုရှောင်နိုင်သမျှရှောင်ပါ သကြားဓာတ်ဟာ ဘိန်းလိုပဲ ဦးနှောက် အာရုံခံပစ္စည်းလေးတွေမှာသွားကပ်ပြီး စွဲလန်းမှုကိုဖြစ်စေပါတယ် သဘာဝအတိုင်းချိုတဲ့ အသီးလိုအရာကိုသာ စားသင့်ပါတယ် မစားမဖြစ် စားချင်ရင်လည်း portion control လုပ်ပြီးစားပါ။
    Junk food အာလူးကျော် သကြားလုံး ချော့ကလက် လိုမျိုး အစာပြေစားဖို့ဆိုပြီး အိမ်မှာအဆင်သင့်ဝယ်မထားပါနဲ့ စားချင်လွန်းလို့ တကူးတက သွားဝယ်ရမှာနဲ့တင် သွားရေစာ စားမှုလျော့ကျစေပါတယ်..
    အပြင်မှာထွက်စားလို့ မကုန်ရင် လည်း အိမ်ကိုထုပ်ယူဖို့ မရှက်ပါနဲ့
    Time restricted eating အစာမလျော့နိုင်သေးရင် တနေ့တာစားတဲ့ window အချိန် ကို တိုလိုက်ပါ.. တနေ့ကို ၉ နာရီ ၁၀နာရီအတွင်းမှာစားပါ ဥပမာ မနက် ၈ နာရီ မှ ညနေ ၆ နာရီ သို့ မနက် ၇ နာရီမှည နေ ၆ နာရီထိပဲစားသုံးပါ
    ကလေးတွေနဲ့ထမင်းဝိုင်းမှာတူတူထိုင်စားပါ..မိဘနဲ့ထမင်းတူတူအ မြဲစားတဲ့ကလေးဟာ အဟာရပိုပြည့်ဝတဲ့အစာတွေပိုစားသလို မိမိကိုယ်ကိုယုံကြည်မှုပိုရှိကြောင်း လေ့လာတွေရှိချက်တွေမှာတွေ့ရပါတယ်တဲ့
    Exercise , Gym trainer တွေနဲ့ train မလုပ်နိုင်ရင်တောင် အကောင်းဆုံးလေ့ကျင့်ခန်းက လမ်းလျောက်တာပါ..သီချင်းဖွင့်ပြီးလွတ်လွတ်လပ်လပ်ကခုန်ပါ
    ကလေးနဲ့တူတူကစားတာ လမ်းလျောက်ထွက်တာ.. home exercise video တူတူလုပ်တာလေးတွေလုပ်နိုင်ပါတယ်..အိပ်ရာထချိန်မှ မလှုပ်မရှားထိုင်ခုံပေါ်မှာထိုင်နေတဲ့အချိန်ဟာတနေ့တာရဲ့ ၂၅ရာခိုင်နှုန်းထက်မပိုသင့်ပါဘူး
    Exercise လုပ်ဖို့ အချိန်မရှိရင် တနေ့ကို ၁၀ မိနစ်ပဲလုပ်ပါ.. ဝိတ်မကျခဲ့ရင်တောင်mind booster အနေနဲ့စိတ်တက်ကြွလန်းဆန်းလာမှာဖြစ်ပါတယ်
    Exercise ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ကောင်းတဲ့ အပြုအမူတွေလုပ်ပြီးတဲ့အခါကိုယ့်ကိုကိုယ် reward ဆုပေးပါ( reward က အစာအစာ မဟုတ်ရပါဘူး လိုချင်နေတဲ့ အဝတ်အစားလေးတွေအသုံးအဆောင်လေးတွေပဲဖြစ်သင့်ပါတယ်
    Social media သိပ်မသုံးပါနဲ့ social media သုံးလို့ ကုန်သွားတဲ့ အချိန်နာရီဝက် တစ်နာရီမှာ ကိုယ်လုပ်ချင်တဲ့ exercise program လေးတွေလုပ်တာ ဝါသနာပါရာ အလုပ်တစ်ခုခုလုပ်တာ ကိုယ့်အတွက်အကျိုးရှိပါတယ်
    အမေတွေတိုင်းဟာ အနည်းနဲ့အများ အိပ်ရေးပျက်ကြမှာပါ မွေးခါစကလေးမှ ဆယ်ကျော်သက်အရွယ်ရှိတဲ့ကလေးအမေအထိ ညဘက်နှစ်ချိုက်စွာအိပ်မပျော်ရခြင်းအကြောင်းရင်းများစွာရှိကြပါတယ်. အိပ်ရေးဝမှစိတ်ကြည်မှာပါ ရေရှည်အိပ်ရေးပျက်ခြင်းဟာ စိတ်တိုလွယ်ခြင်း အစာလွန်ကဲစွာစားခြင်း သို့မဟုတ် အစာကောင်းကောင်းမစားချင်ခြင်း..ခေါင်းမူးခြင်း သတိမေ့လွယ်ခြင်း စတာတွေကိုခံစားရနိုင်ပါတယ်.
    လေ့ကျင့်ခန်း တစ်ပတ် သုံးခါမျှ လုပ်ပေးခြင်းဟာ ညဘက် ကောင်းကောင်းမွန်မွန်အိပ်ပျော်စေရန်လည်း အကူအညီဖြစ်စေကြောင်းလေ့လာတွေ့ရှိထားပါတယ် ညဘက် အိပ်ခါနီး ၄ နာရီအတွင်းပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ် ခြင်းမှတော့ရှောင်ကျဉ်ပါ
    Bed time routine ညအိပ်ရာဝင် အကျင့်လေးတွေထားပါ.. ဥပမာ အိပ်ခါနီး မျက်နာသစ် သွားတိုက် ဘုရားရှိခိုး မိမိနှစ်သက်ရာအကျင့်လေးတွေလုပ်ပေး ခြင်းအားဖြင့် မိမိခန္ဓာကိုယ် က ဒီအကျင့်လေးတွေလုပ် ပြီးရင် အိပ်ရတော့မယ်ဆိုတဲ့အသိနဲ့ လွယ်လွယ်ကူကူအိပ်ပျော်စေမှာပါ.. ကလေးတွေကိုလည်း အိပ်ရာဝင် အကျင့်လေးတွေလုပ်ပေးပါ
    အိပ်ခါနီး စိတ်ပူစရာတွေတွေးခြင်းမှရှောင်ပါ.. စိတ်ပူတတ်သူတွေအနေနဲ့ အတွေးတွေကို စာအုပ်မှာချရေးတာပဲဖြစ်ဖြစ် အိပ်ခါနီး လေရှုလေထုတ်မှတ်တာတရားထိုင်တာပဲဖြစ်ဖြစ်လုပ်ပေးနိုင်ပါတယ်
    ဟော်မှုန်းတွေမညီမျှမှုကြောင့်ဖြစ်တတ်တဲ့စိတ်ပူလောင်ပြင်းထန်မှုရောဂါနဲ့ စိတ်ဓာတ်ကျ ခြင်းခံစားတဲ့ မေမေတွေဟာ အိပ်ခါနီးတိုင်းမှာ အိပ်မပျှော်နိုင်အောင် အတွေးဆိုးတွေဝင်တတ်ပါတယ်.. ဒါတွေကိုကုစားနိုင်တဲ့ cognitive behavioral therapy အတွေးပြုပြင်ပြောင်းလဲမှုကုထုံးတွေရှိပါတယ် ( ဖြစ်လာတဲ့အတွေးဆိုးတွေကို challenge လုပ်ပါ ဥပမာ ငါမနက် ဖြန်စာမေးပွဲမ ဖြေနိုင်လို့ စာမေးပွဲကျရင်ငါတော့ဘဝပျက်ပါပြီ..ဒီအတွေးကတကယ်ရောမှန်ရဲ့လား အရင်ကရောဒီလိုအတွေးမျိုးဖြစ်ပြီးစာမေးပွဲ ဖြေနိုင်တာရှိခဲ့လား တကယ်ပဲ မဖြေနိုင်လို့ စာမေးပွဲကျခဲ့ရင်ရော ဘဝပျက်ပြီလား။ ဘဝပျက်ပြီဆိုတာကရောဘာလဲ. နောက်ထပ်ဥပမာ ငါဒီညတော့အိပ်ပျော်မှ ဖြစ်မယ် အိပ်မပျော်ရင် နောက်နေ့အလုပ်နောက်ကျပြန်မယ် ဒါဆို ငါတော့အလုပ်ပြုတ်တော့မယ် အလုပ်ပြုတ်ရင် ငါယောင်္ကျားက ငြိုငြင်လိမ့်မယ့် ကွာရှင်းမယ် သားသမီးတွေက မလေးမစား ဖြစ်လိမ့်မယ် ငါ့ကိုချစ်မှာမဟုတ်တော့ဘူး စသဖြင့် ဆက်ဆက်ပြီး အဆိုးတွေတွေးသွားတတ်ပါတယ် ဒါကိုလည်း challenge လုပ်ပါ ဒီညအိပ်မပျော်လည်း နောက်နေ့ အလုပ် နောက်မကျအောင် စောစောထမယ်၊ အလုပ်နောက်ကျတိုင်းလည်း အလုပ် တော့မပြုတ်လောက်ပါဘူး အလုပ်ပိုကြိုးစားမယ်၊ အလုပ်ပြုတ်ခဲ့ရင်တော့ ငါ့ယောင်္ကျားနဲ့သားသမီးတွေ ကငါ့ကို ချစ်နေမှာပဲ သူတို့အတွက် အချိန်ပိုပေးနိုင်မယ်လေ
    လုံးဝ အိပ်မပျော်နိုင်တာ သေချာသွားရင် နေရာပြောင်းအိပ်ကြည့်ပါ စာအုပ်ဖတ် သီချင်းနားထောင်လုပ်ကြည့်ပါ ဖုန်းကြည့်တာ TV ကြည့်တာမျိုးတော့မလုပ် ဖြစ်အောင်ရှောင်ပါ တခါတရံ ဒီအိပ်ရာပေါ်မှာပဲ အိပ်မပျော်တဲ့အတွေ့အကြုံတွေများလာတဲ့အခါ အိပ်ရမှာကိုတောင်ကြောက်နေတတ်ပါတယ် ဒီ connection ကို ဖြတ်တဲ့အနေနဲ့ အိပ်ရာပြောင်းတာ routine ပြောင်းတာလေးလုပ်ကြည့်ပါ
    Vitamin minerals တွေချို့တဲ့လျှင်လည်း အိပ်မပျော်တာဖြစ်တတ်တာမို့ multi vitamin သောက်ဖို့ မမေ့ပါနဲ့မေမေတို့ရေ
    မွေးကင်းစ ကလေး မိခင်မို့ အိပ်ရေးပျက် နေတဲ့ မိခင်တို့လည်း စိတ်အားမငယ်ပဲ ကလေး ၆လ အထိအားတင်း ဖြတ်ကျော်ပြီး ကလေး ၆လ အရွယ်လောက်ဆို ကလေးတော်တော်များများ ညဘက် ဆက်တိုက် အိပ်တတ်နေပြီဖြစ်ပြီး မအိပ်တတ်သေးတဲ့ ကလးတွေကိုလည်း sleep train လုပ်ပေးလို့ရနေပါပြီ.. အကူအညီတောင်းဖို့ မရှက်ပါနဲ့ မိမိအိပ်ရေးဝ စိတ်ကြည်မှ မိသားစုအတွက်ပိုလုပ်ပေးနိုင်မှာဖြစ်လို့ ကိုယ့်မိသား စုဝင်တစ်ယောက်ယောက်ကိုကလေးကြည့်ခိုင်းပြီး စိတ်ချလက်ချ အိပ်ပါ.
    ကလေးနဲ့တူတူကစားဖို့ အချိန် သီးသန့်ထားပါ .. multitasking မလုပ်ပါနဲ့ email ကြည့်တာ Facebook ကြည့်တာ TV ကြည့်ရင်း နဲ့သာကလေးနဲ့ အချိန်ဖြုန်းတာမျိုး မလုပ်မိပါစေနဲ့
    ဖုန်းအသုံးပြုမှုကို ဂရုစိုက်ပေးပါ အလုပ်မှာပဲဖြစ် ဖြစ် အိမ်မှာပဲဖြစ် ဖြစ် ဖုန်းခဏကြည့်ပြီး ပြန်ပြီးအလုပ်လုပ်တဲ့အခါ အမှားပိုများတာ အာရုံ မစိုက်နိုင်တာကို တွေ့ရှိရသလို မိသားစု family time ထမင်းဝိုင်းမှာ ဖုန်းသုံးခြင်းဟာလည်း ကလေးကို ဂရုစိုက်မှုနည်းတဲ့အတွက် ကလေး ကဂျီကျတာ စားချင်တာပဲစားပြီးကျန်းမာရေးနဲ့အညီ မစားသောက်တတ်တော့တာ အစာဂျီးများတာတွေ ဖြစ်လာနိုင်ပါတယ်.. မိသားစုထမင်းဝိုင်းမှာ စိုစိုပြေပြေ စကားပြောရတဲ့မိသားစုမှာကြီးလာတဲ့ကလေးတွေဟာ ညဏ်ရည်ကောင်းသလို မိမိကိုယ်ကိုယုံကြည်မှု လူမှုဆက်ဆံရေးတွေကောင်းပါတယ်တဲ့
    Perfect parents ပြီးပြည့်စုံတဲ့ မိဘဆိုတာ မရှိပါဘူး ကိုယ်မလုပ်ပေးနိုင်တဲ့ အရာတွေကို အာရုံစိုက်ပြီး စိတ်ညစ်မခံပါနဲ့ ကလေး ကလည်း အင်္ကျီလှလှဝတ်ရဖို့ ကစားစရာအရုပ်တွေများဖို့ထက် မိခင်မေတ္တာကိုသာပိုလိုအပ်တာပါ
    ပျော်ရွှင်မှုနဲ့ ဘဝအတွေ့အကြုံလောကဓံဟာ ဆက်စပ်မှုမရှိပါ ဖြစ်ပေါ်လာတဲ့အခြေအနေတွေအပေါ်မှာ မိမိရဲ့သုံးသပ်မှုကသာလျှင်ပျော်ရွှင်မှုဝမ်းနည်းမှု စိတ်ခံစား မှုကိုပေးတာပါ (ဥပမာ ယဉ်တိုက်မှုတစ်ခုမှာ နှစ်ဖက်စလုံး ထိခိုက်တာချင်းတူရင်တောင် တစ်ယောက်က ငါ့ကျမှ ဖြစ်ရတယ် ကံဆိုးလိုက်တာ ကားပြင်ရင်လည်းပိုက်ဆံကုန်အုန်းမယ် လို့စဉ်းစားနေချိန်မှာအခြားတစ်ယောက်က ကံကောင်းလိုက်တာ လူဘာမှမ ဖြစ်ဘူး ကားကလဲပြန်ပြင်လို့ရတဲ့အခြေအနေရှိတယ်)
    ဒီလို မှန်ကန်စွာသုံသပ်နိုင်မှုနဲ့ စိတ်ခံယူမှုဟာ လူတိုင်းရရှိနိုင်ပါတယ် အသက်ကြီးမှ အတွေအကြုံရှိမှမဟုတ်ပါဘူး လူတိုင်းမှာ slow brain နဲ့ fast brain ဆိုပြီး နှစ်မျိုးရှိပါတယ် fast brain က တစ်ခုခုဆို အဆိုးကို အရင်တွေးပါတယ် ဒါဟာလူတိုင်းပါပဲ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တွေ အသက်ရှင်နေထိုင်ဖို့ survival of fittest သဘာဝအလျောက် ကျောက်ခေါတ်လူသားတွေဟာအန္ဒရာယ်နဲကြုံလာရင်ထွက်ပြေးဖို့မိမိကိုယ်ကိုကာကွယ်ဖို့ အဆိုးကိုကြိုတင်ပြင်ဆင်တာပါ ဒါပေမယ့် ဒီဘက်ခေါတ်မှာ တော့မလိုအပ်တော့တဲ့ fast brain နောက်မလိုက်ပဲ စဉ်းစားချင့်ချိန်မှု ဝေဖန်ပိုင်းခြားနိုင်မှုတွေရှိတဲ့ slow brain ကို အလုပ်ပေးသင့်ပါတယ်
    နောက်ဆုံးအချက်အနေနဲ့ကတော့ မိမိ ကိုယ်ကိုဝေဖန်မှု inner critics တွေကို ပြန်လေ့လာကြည့်ပါ မေမေတွေတော်တော်များများဖြစ်တတ်ပါတယ်( ဥပမာ ငါအဝတ်အစားမဆင်တတ်လို့ငါ့သမီးလေး ရုပ်အဆိုးဆုံးဖြစ်နေပြီ ငါ့ကလေးစာမလိုက်နိုင်တာ ငါအသုံးမကျလို့ ကလေးဝိတ်မတက်တာ ငါနို့မထွက်လို့ ငါအချက်အပြုတ်မကောင်းလို့ )အဲ့ဒီအချိန်မျိုးမှာ အဆိုးတွေကိုထပ်ခါထပ်ခါ ဆင့်ဆင့်တွေးပြီး အဆုံးအထိ tunnel vision အမြင်ကျဉ်းမြောင်းစွာတွေးသွားတတ်ပါတယ် (ဥပမာငါကမိခင်ကောင်းတယောက်မဟုတ်ဘူး ကလေးတွေကိုလဲငါပျော်အောင်မထားနိုင်ဘူးငါ့ကလေးတွေက ငါ့ကိုမချစ်ကြဘူး အိမ်ထောင် ရေးကလည်း အဆင်မ ပြေဘူး အလုပ်လဲမရှိဘူး ဘယ်သူ့ကိုအားကိုးရမလဲ) စသဖြင့်ပေါ့.. ဒီလိုမျိုးအတွေးတွေဝင်လာရင် ( နံပါတ် ၁ – မိမိကိုယ်ကိုပြန်မေးပါ ဘာဖြစ်လို့ ငါဒီလိုတွေးမိတာလဲ(ဥပမာ- ကိုယ့်ကလေးက ကျောင်း costume contest ဝတ်စုံပြိုင်ပွဲမှာဆုမရခဲ့ဘူး…ဆုမရတာဘာမှမဖြစ်ပေမယ့်နောက်ဆက်တွဲအတွေးဖြစ်တဲ့ ငါအသုံမကျလို့ငါ့သမီးဆုမရတာဆိုတဲ့အတွေးဖြစ်လာတဲ့အခါ။ နံပါတ် ၂ ကို စဉ်းစားပါ …. ဟုတ်ပြီငါ့ကိုဘယ်အရာကဒီလိုအဆုံးတွေးမိအောင်တွန်းပို့သလဲ ( အခြားအမေတွေတင်ထားတဲ့ social media က ပုံတွေကြောင့်လား, ငါ post-partem depression ဟော်မူန်းတွေကြောင့်စိတ်ဓာတ်အပြောင်းအလဲဖြစ်နေတာလား၊ အိပ်ရေးမဝလို့လား) ၊ နံပါတ် ၃ ငါ့ကလေးကငါ့ကိုမုန်းတော့မှာပဲ ငါ့က မိခင်ကောင်းတစ်ယောက်မဟုတ်ဘူး ဆိုတဲ့အတွေးတကယ်မှန်ရဲ့လား မိခင်ကောင်းတစ်ယောက်ဆိုတာဘာနဲ့တိုင်းတာမှာလဲ အရင်ကရောဒီလိုအတွေးဆိုးတွေတွေပြီး တကယ်ရောမှန်ခဲ့ဘူးလား… မိခင်ဆိုးလို့ကိုယ့်ကိုကိုယ်သုံးသပ်ရအောင်တကယ်ပဲဘာမှကောင်းတာမလုပ်ပေးခဲ့မိဘူးလားစမ်းစစ်ပါ၊ ကောင်းတာတွေကိုမမြင်ပဲ မကောင်းတာတွေကိုပဲမြင်မိနေတာလား ၊ ကိုယ့်ဆွေမျိုးမိတ်ဆွေ တစ်ယောက်ယောက်သာကိုယ့်ကိုကိုယ်ဒီလိုမျိုးတွေပြောနေမယ်ဆိုရင်ရော သင်ဘာဝင်ပြောမိမလဲ.. အခြေအနေကို မပြောင်းနိုင်ရင်ဘအတွေးအမြင်ကိုပြောင်းပါ..
    အိပ်ထောင်ဖက်နဲ့ connect ပြန်ဆက်သွယ်ပါ နားလည်မှုပြန်ယူပါ.. ကလေးအဖေအမေဖြစ်လာတဲ့အချိန်မှာ မိဘတွေဟာ ကလေး အရေးကိုရှေ့တန်းတင်ပြီးကိုယ်ပိုင်ခံစားချက်တွေကိုမေ့လျော့နေတတ်ကြပါတယ်.. ကြာလာတဲ့အခါ relationship ကလည်း အရင်ကလိုမနွေးထွေးကြည်နူးပျော်ရွင်စရာမကောင်းတော့ပဲ တာဝန်တစ်ခုအနေနဲ့တာ ဆက်ဆံနေကြတာကိုတွေ့ရပါတယ်.. ဒီလိုတွေ ဖြစ်လာတာကိုသတိထားမိရင် သီးသန့် နှစ်ဦးဆွေးနွေးဖို့ အချိန် routine schedule လုပ်ပါ.. တစ်လတစ်ခါ.. အဲ့ဒီအချိန် မှာ တစ်ယောက်ကို တစ်ယောက် appreciate ကောင်းတဲ့အချက် အနည်းဆုံး ၃ ချက်ထုတ်ပြောပါ.. မပြောလည်း သိနေတာပဲဆိုပေမယ့် လူတိုင်း ချီးကျုးစကားနားထောင်ချင်ပါတယ် (ဥပမာ မိန်းမနေမကောင်းတုန်းက ကလေးညဘက်ကြည့်ပြီးအိပ်ရေးပျက်ခံခဲ့တဲ့ယောကျားကိုကျေ:ဇူးတင်ပါတယ်… ကလေးအလုပ်တွေနဲ့အလုပ်များတဲ့ကြားက ယောင်္ကျားကြိုက်တဲ့ဟင်းချက်ကြွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်)
    Social media Facebook ကသူငယ်ချင်းတွေကို သူငယ်ချင်း အစစ်တွေနဲ့အစားမထိုး ပါနဲ့ comment ပေးရုံ like လုပ်ရုံနဲ့မလုံလောက်ပါဘူးဖုန်းခေါ် ပါ အပြင်မှာတွေ့ပါ
    ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင်သင်ပေးပါ
    သူတပါးတစ်ယောက်ကိုပျော်ရွင်အောင်လုပ်ပေးပါ.. ချီးကျုးစကားပြောစရာရှိရင် မတွန့်ဆုတ်ပါနဲ့ မကောင်းတာတစ်ခုခုပြောချင်ရင် နှစ်ခါစဉ်းစာပါ ငါ့ကိုဒီလိုပြောရင်ငါကြိုက်ပါ့မလား
    Volunteer အခမဲ့လုပ်အားပေးပါ organization တွေ ဘိုးဘွားရိပ်သာ မိဘမဲ့ဂေဟာစတာတွေမှာလုပ်အားမပေးနိုင်ရင်တောင် မိမိ ရပ်ကွက်လမ်းထဲမှာ တံပျက်စည်းလှဲတာ အခုလိုမျိုး ဗဟုသုတရနိုင်မယ် စာတွေရေးတာဟာလည်း အခမဲ့လုပ်အားပေးတာပါပဲ

အထက်မှာဖော်ပြခဲ့တဲ့ အချက် တွေဟာ Mom hacks စာအုပ်ထဲက ကောက်နှုတ် အတိုချုပ်ထားတာဖြစ်သလို နားလည်ရလွယ်အောင်ဥပမာတွေထည့်ပေးထားပါတယ်.. မေမေတွေအတွက်အထောက်အကူဖြစ်ဖို့မျှော်လင့်ပါတယ်

ခေတ်သစ်မေမေများ

ချိုလိမ်ဖြတ်ကြမယ်

မွေးခါစအရွယ်မှာ မိမိကိုယ်ကိုယ်နှစ်သိမ့်တတ်အောင်မိဘတွေကချိုလိမ် လေးပေးထားလေ့ရှိပါတယ်။ အနောက်နိုင်ငံ ကလေးဆရာဝန်အဖွဲ့အစည်းတွေကလည်းကလေးရုတ်တရတ်သေတာကျဆင်းအောင် အိပ်တဲ့အချိန်မှာ ချိုလိမ်ပေးဖို့တိုက်တွန်းထားပါတယ်။ ဒါပေမယ် အချို့လမ်းလျှောက်တတ်တဲ့ကလေးတွေမှာချိုလိမ်တန်းလန်းနဲ့ အစာလည်း မစားချင် စကားလည်းမပြောချင်အောင် စွဲလမ်းသွားတတ်ပါတယ်။ ဒါမျိုးမဖြစ်ရလေအောင် အောက်က tips လေးတွေကို ကြည့်ပါ။

✅Establish limits- ချိုလိမ်သုံးစွဲတဲ့ အချိန် ကို သတ်မှတ်ထားပါ။ သူတောင်းတိုင်းပေးတာ ငိိုတိုင်းပေးတာမျိုးမဟုတ်ပဲအိပ်ချိန်ပဲပေးတာမျိုး ကားစီးတဲ့အခါပဲပေးတာမျိုး၊ အိပ်ယာထဲမှာကားထဲမှာပဲထားခဲ့တာမျိုးလုပ်ပါ။ 

✅Keep the mouth busy – စကားပြောပေးပါ၊ သီချင်းတူတူဆိုပေးပါ။ ချိုလိမ်တန်းလန်းနဲ့ စကားပြောရင် ဘာပြောတာလဲ နားမလည်ဘူးပြောပါ။

✅Don’t let him go hungry or sleepy- ကလေးက အပင်ပန်းလွန်တာ အဆာလွန်တာတွေဖြစ်ရင် သူနှစ်ချိုက်တဲ့ ချိုလိမ်ကိုပိုပြီးတောင့်တပါလိမ့်မယ်။ ကလေးချိုလိမ်တောင်းမှ အစာအတင်းကြွေးတာမျိုးမဟုတ်ပဲ အချိန်မှန်ကြွေးအချိန်မှန်သိပ်ပေးပါ။

✅Provide extra comfort- ချိုလိမ်ကိုပဲအရမ်းစွဲလမ်းမနေအောင် အခြားနှစ်သိမ့်မှုပေးနိုင်တဲ့အရာ နူးညံ့တဲ့အရုပ်လေးပေးတာ၊များများထိတွေ့ပွေ့ဖက်ပေးတာတို့လုပ်ပေးပါ။

✅Take matters into your own hands – ကလေးကို ချိုလိမ်ဘယ်တော့ဖြတ်မယ်ဆိုတာ မိမိဘာသာဆုံးဖြတ်ပါ။ ပြီးရင် ပိုင်ပိုင်နိုင်နိုင် စိတ်ခိုင်ခိုင် ဖြတ်ပါ။ ချိုလိမ်ဖြတ်နည်းတွေကိုအောက်မှာကြည့်ပါ။

♦️ဘယ်အချိန်မှာဖြတ်ကြမလဲ? 

ဘယ်အချိန်ဖြတ်ကြမလဲဆိုတာ မေမေနဲ့ကလေးဘယ်အချိန်မှာအဆင်သင့်ဖြစ်လဲပေါ်မူတည်ပါတယ်။ AAP အမေရိကန်ကလေးဆရာဝန်များအဖွဲ့အစည်းကတော့ ကလေးရုတ်တရက်သေဆုံးမှု နည်းသွားတဲ့အချန် ၁၂လအထိ စောင့်ခိုင်းပါတယ်။ ကလေးရဲ့ major life change ကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်နေတဲ့အချိန်မှာလည်းမဖြတ်ပါနဲ့အုန်း (ဥပမာ- day care ပို့ရတဲ့အချိန် ၊နေမကောင်းတဲ့အချိန် ၊သွားပေါက်နေတဲ့အချိန်) 

♦️ဘယ်လိုဖြတ်ကြမလဲ? 

🔘မေမေတွေစိတ်ခိုင်ရင်အစိမ်းသတ်သတ်ယတိပြတ်ဖြတ်လို့ရပါတယ်။

🔘ကလေးက သိတတ်နားလည်တတ်နေပြီဆိုရင် ရှင်းပြပြောပြပြီးဖြတ်ပါ။ သားသားက လူကြီးဖြစ်တော့မှာလူကြီးက ချိုလိမ်မသုံးတော့ဘူး…ဒါမှမဟုတ်ရင်လည်း ကလေးတွေ ချစ်တဲ့ Christmas ဘိုးဘိုးတို့ Easter bunny တို့ ချိုလိမ်နတ်သမီးလေးတို့ကို လက်ဆောင်ပေးလိုက်တော့မယ် ဒါဆိုအရုပ်ကြီးကြီးပြန်ရလိမ့်မယ်…ဒါမှမဟုတ် သူလိုချင်တဲ့အရုပ်တခုခုနဲ့အလဲအလည်လုပ်ပါ။ အိမ်မှာချိုလိမ်လုံးဝမရှိတော့အောင်လုပ်ပါ။

🔘ဖြည်းဖြည်းချင်းလျော့သွားပါ။ ချိုလိမ်ကို အိပ်တဲ့အချိန်ပဲသုံးတာ ကားစီးတဲ့အချိန်ပဲသုံးတဲ့အကျင့်စလုပ်ပါ။ ချိုလိမ်ကို ကားထဲမှာ အိပ်ရာထဲမှာပဲထားခဲ့ပါ။ နောက်ပိုင်း ညဘက်အိပ်တဲ့အချိန်ပဲပေးပြီးနေ့ဘက်မပေးပဲနေတာ စသဖြင့်တဖြည်းဖြည်းလျော့သွားပါ။

🔘Lovey နု့ညံ့တဲ့အရုပ်လေးနဲ့အစားထိုးပါ။

🔘ချိုလိမ်ဖြတ်တဲ့ပုံပြင်စာအုပ်လေးတွေလည်းရှိပါတယ်။ 

🔘ကလေးတွေမကြိုက်တဲ့အရသာတခုခုသုတ်ပါ။ ခါးပြီးအန္တရာယ်မရှိတဲ့ကလေးဆေးတခုခုသုတ်လို့ရသလိုသံပရာရေတို့ ရှာလကာရေတို့မှာနှစ်ပြီးပေးလို့ရပါတယ်။

🔘ချိုလိမ်ထိပ်တွေအကုန်လိုက်ဖြတ်ပါ။ ဒါကတော့ကျမသုံးခဲ့တဲ့နည်းပါ။ အရုပ်လေးနဲ့တွဲနေတဲ့ချိုလိမ်ကိုသံုးခဲ့တဲ့အတွက် ချိုလိမ်ထိပ်ကိုဖြတ်လိုက်ပေမယ့် အရုပ်လေးကို သိမ်းထားပြီးတူတူအိပ်လို့ရပါတယ်။

🔘သူ့အလိုလိုပြတ်သွားတဲ့ထိစောင့်ချင်လည်းစောင့်နိုင်ပါတယ်။

🔘ချိုလိမ်ဖြတ်တဲ့အချိန်မှာကလေးကိုပိုကြင်နာဖို့ ဂရုစိုက်ဖို့အရေးကြီးပါတယ်။သူတို့အရမ်းခင်တွယ်တဲ့အရာတခုကိုဆုံးရူံးသွာတာဖြစ်လို့ ပိုနွေးနွေးထွေးထွေးဆက်ဆံပေးဖို့လိုပါတယ်။

🔘စိတ်မလျော့လိုက်ပါနဲ့ အနည်းဆုံး ၃ ရက်အချိန်ပေးပါ။

နှစ်နှစ်ချိုက်ချိုက်အိပ်တတ်တဲ့ကလေးလေးတွေဖြစ်ဖို့

Screen Shot 2020-04-03 at 8.46.08 PM

သ န္ဓေသားလေးတွေဟာမှောင်ပြီးအသံတွေဆူညံနေတဲ့သားအိပ်ထဲမှာနေခဲ့ရတဲ့အတွက် မွေးခါစအရွယ်မှာ နေ့နဲ့ညမှားတာ အသံတိတ်ဆိတ်နေတဲ့ညဘက်မှာမအိပ်ပဲ နေ့ဘက် ဆူညံနေတဲ့အချိန်မှာအိပ်တာပုံမှန်ပါပဲ

ရက်တွေလတွေကြာလာရင်တော့ မေမေတို့အနေနဲ့သားသားမီးမီးတွေကိုကောင်းကောင်းအိပ်တတ်အောင်အကျင့်လေးတွေကို မွေးပေးလို့ရပါတယ်

  • ၁. အလင်းရောင်ကိုကောင်းကောင်းအသုံးချပါ- နေ့လည်ဘက် တံခါးတွေဖွင့် အလင်းရောင်ရစေပြီး ညဘက်ကို အမှောင်ချပါ ကလေးနိုးလို့ နို့တိုက်ရမယ်ဆိုရင်လည်း အခန်းမီးကိုမဖွင့်ပဲ မြင်ရရုံ nightlight လေးပဲထားသင့်ပါတယ်
  • ၂. ကလေးကို အိပ်ချင်မူးတူးဖြစ်နေချိန်မှာအိပ်ရာထဲထည့်ပါ..လက်ထဲအိပ်ပျော်သွားမှ အိပ်ရာထဲရွေ့တာမျိုးမဖြစ်ပါစေနဲ့.. သို့မဟုတ်ရင်တော့ နောက်ပိုင်းကြီးလာတဲ့အထိ လက်ထဲမှာချီထားမှအိပ်ပျော်တတ်တဲ့အကျင့်ကိုမွေးမိသွားနိုင်ပါတယ်
  • ၃. ခဏစောင့်ပါ… ကလေးအသံကြားတိုင်း လှုပ်တိုင်းငိုတိုငိး ထချီတာ ပုတ်သိပ်ပေးတာ နို့တိုက်တာ စတာတွေကိုချက်ချင်းလုပ်မပေးမိဖို့အရေးကြီးပါတယ်..ဒါမှသာ အိပ်ရာကခဏနိုးရင်သူ့ဘာသာပြန်အိပ်တတ်သွားတဲ့အကျင့်ကိုဖြစ်စေမှာပါ
  • ၄. ညဘက်နို့တိုက် အနှီးလဲရင် ကလေးနဲ့ အကြည့်ချင်း မဖလှယ်မိဖို့ စကားတွေမ ပြောမိဖို့အရေးကြီးပါတယ် သို့မဟုတ်ရင်တော့ ကလေးကို နိုးထဖို့ လှုန့်ဆော်သလိုမျိုးဖြစ်နေမှာပါ
  • ၅. Dream feed လုပ်ပါ ည၁၀နာရီနဲ့ ၁၂ကြားမှာကလေးအိပ်ချင်နေတဲ့အချိန်မှာ နို့တိုက်ပေးပါ ဒါမှ ကလေးဗိုက်ပြည့်လို့အမေရောကလေးပါ ၄ -၅ နာရီလောက်ဆက်တိုက်အိပ်ပျော်နိုင်မှာပါ
  • ၆. Sleep train လုပ်လို့ရမယ့်အ ခြေအနေတစ်ခုထိစောင့်ပါ.. အနည်းဆုံး ကလေး ၄ လပြည့်ထိစောင့်ပါ. Sleep train method တွေအကြောင်းကိုနောက်မှရေးပေးပါမယ်
  • ၇. Sleep regression တွေကိုအားတင်းဖြတ်ကျော်ပါ..နှစ်နှစ်ချိုက်ချိုက်အိပ်တတ်သွားတဲ့ကလေးလေးတွေလည်း သွားပေါက်တဲ့အချိန် မှောက်တတ်သွားတဲ့အချိန် ထိုင်တတ်တဲ့အချိန် မတ်တတ် ရပ်တပ်တဲ့အချိန် စတဲ့ ဖွံဖြိုးမှုမိုင်တိုင်တွေကိုဖြတ်ကျော်တဲ့အချိန်မှာ အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်
  • ၈. Nighttime routine လေးလုပ်ပေးပါ တစ်ယောက်နဲ့တစ်ယောက် ညဘက်အိပ်ရာဝင်လုပ်ရိုးလုပ်စဉ်လေးတွေမတူကြပါဘူး ဥပမာ ရေချိုး ညအိပ်ရာဝင် အင်္ကျီလဲ ဘုရားရှိခိုး အိပ်ရာဝင်ပုံပြင်ပြော စသဖြင့် အိပ်ရာဝင်အကျင့်လေးတွေလုပ်ပေးသင့်ပါတယ် အဓိကကတော့ နေ့တိုင်းပုံမှန် လုပ်ပေးဖို့ပါ ဒါဆိုကလေးလေးတွေရဲ့အသိစိတ်မှာ ဒါတွေလုပ်ပြီးရင်တော့ အိပ်ရတော့မှာပဲဆိုတဲ့ စိတ်နဲ့ ကိုယ့်ဘာသာအိပ်တတ်သွားတဲ့အကျင့်လေးတွေဖြစ်သွားစေပါတယ်
  • Ref: baby center

တခါသုံးDiaper Vs ပိတ်စ အနှီး

တခါသုံး သုံးရမလား ပိတ်စ အနှီးပဲ လျှော်ပြီးသုံးရမလား တွေဝေနေတဲ့ New mommy တွေအတွက် Disposable diaper နဲ့ ပိတ်စအနှီးကောင်းကျိုးဆိုးကျိုးတွေကိုအောက်မှာရေးထားပါတယ်..

တခါသုံးDiaper ကောင်းကျိုးများ

  • လူအများသုံးကြပါတယ် လွယ်ကူအဆင်ပြေပြီး အလုပ်ရှုပ်သက်သာစေပါတယ်..
    စုပ်ယူမှုကောင်းတဲ့အတွက် ကလေးသေးစိုတိုင်း ပိတ်စအနှီးလောက်ခဏခဏမလဲရပါဘူး
    သုံးပြီးလွတ်ပစ်လို့ရတဲ့အတွက် ရေနဲ့လျှော်တာမပြောင်မှာ အနံ့ကျန်မှာ bacteria ပိုးတွေပေါက်ပွားတာ တွေမပူရတော့ပါဘူး

တခါသုံး Diaper ဆိုးကျိုးများ

  • ကောင်းကျိုးရဲ့ အခြားတဖက်မှာ အနှီးကိုခဏခဏမလဲရတဲ့အတွက် diaper rash အပူလောင်တာပိုဖြစ်စေမယ်
  • ရှေည်သုံးရင်ဈေးပိုကြီးတယ်
    Diaper မှာပါတဲ့ dioxin, chlorine and dye တွေက အချို့ကလေးတွေဓာတ်မတည့်မှု့ဖြစ်နိုင်တယ်
  • Diaper တော်တော်များများကBiodegradable ဖြတ်ဆီးလို့မရတဲ့အတွက်ကြောင့် သဘာ ဝပတ်ဝန်းကျင်အတွက် မကောင်းဘူး

ပိတ်စအနှီးကောင်းကျိုးများ

  • တခါသုံး diaper တွေရဲ့ဆိုးကျိုးအပြစ်တွေကင်းမယ်
  • ဈေးသက်သာမယ်
  • Potty training လုပ်ရတာပိုလွယ်မယ် ပိတ်စအနှီးကအီးပေရင်သိသာတော့ အိမ်သာပြေးပြီး train လုပ်လို့ရလို့

ပိတ်စအနှီးဆိုးကျိုးများ

  • သန့်ရှငိးရေးလုပ်ရင်းညစ်ပတ်ရှုပ်ပွနိုင်တယ်
  • အဝတ်ခဏခဏလျော်ရလို့ရေကုန် ဆပ်ပြာကုန်အချိန်ကုန်ပင်ပန်းတယ် စက်နဲ့လျော်ရင် မီတာကုန်တယ်
  • အပြင်သွားရင်လဲပေးပြီး အီးပေပိတ်စကို ပြန်ယူလာရမယ်ဆိုရင်သိပ်အဆင်မပြေဘူး

အချို့မိဘတွေကတော့သင့်လျော်တဲ့နေရာမှာ နှစ်မျိုးလုံးသုံးကြတာလဲရှိပါတယ်.. hybrid ပုံစံပိတ်စအနှီးဘောင်းဘီမှာ disposable insert linerထည့်ပြီးသုံးတာ တွေလည်းရှိပါတယ်..မိဘတွေအနေနဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေသိထားပြီး ကိုယ်နဲ့ အဆင်ပြေမယ့်နည်းလမ်းကိုရွေးချယ်နိုင်ကြပါတယ်..

Ref: What to expect the first year

အလုပ်ခွင်ပြန်သွားရတော့မယ့်မေမေတို.သိထားသင့်တဲ့အချက် ၁၀ချက်

၁။ ကြိုတင်ပြီးနို.သိမ်းထားပါ။ ၁လလောက်အလိုထဲကနို.ညှစ်စက်နဲ.ညှစ်ပြီး  freezer ထဲမှာသိမ်းထားခဲ့ပါ။ကလေးနို.မလောက်မှာမပူရတော့သလိုနို.ညှစ်စက်သုံးတာလည်း အကျင့်ဖြစ်သွားနိုင်ပါတယ်။
၂။ အလုပ်ပြန်သွားတော့မယ်ဆိုရင်လိုအပ်မယ့် အသုံးအဆောင်တွေကတော့ နို.ညှစ်စက်၊ နို.ခံဘူး၊ နို.သိမ်းအိပ်၊ ၂၄ နာရီခံတဲ့ cooler အိပ်လေး၊ နို.ညှစ်ရင်လက်နဲ.ဘူးကို ကိုင်ထားစရာမလိုအောင် handfree pump bra၊ breast pad၊ နို.ညှစ်ရင်အောက်ကခံဖို.towel၊ နို.ညှစ်ဖို. အခန်းသီးသန်.မရှိရင်ကာဖို. nursing cover၊ လက်ဆေးရမယ့်နေရာမရှိရင်သုံးဖို. hand sanitizer၊ အိမ်မှာ pump parts တွေသန်.ရှင့်ရေးလုပ်ဖို.မေ့ခဲ့ရင်အမြန်သန့်ရှင်းရေးလုပ်နိုင်ဖို microwave steam bag နဲ. နို.သိမ်းအိပ်မှာ နို.ညှစ်ချိန်နဲ.နေ.စွဲရေးဖို. soft pen လိုပါမယ်။
၃။ Electric pump ပျက်မှာစိုးတာတို. မီးမလာမှာစိုးတာတို. ၊လိုအပ်တဲ့pump parts တွေကျန်ခဲ့တာတို.ဖြစ်ရင်နို.တောင့်တင်းနာကျင်တာတွေမဖြစ်ရအောင် လိုလိုမယ်မယ် လက်နဲ.ကိုင်ညှစ်လို.ရတဲ. manual pump တစ်ခုဆောင်ထားပါ။ နို.မသိမ်းနိုင်ရင်တောင် emergency နို.တင်းနို.သက်တာတွေမဖြစ်ခင် မြန်မြန်လေးညှစ်ထုတ်လို.ရပါတယ်။
၄။ နို.ညှစ်ခါနီးအရင် အလုပ်အကြောင်း စိတ်ဖိစီးစရာအကြောင်းတွေမစဉ်းစားနဲ.တော့ relax..
 ဖြစ်နိုင်ရင်ကလေးရဲ.ဓာတ်ပုံ video လေးတွေထုတ်ကြည့် ကလေးအသုံးအဆောင်လေးတွေယူသွားပြီးညှစ်ရင် ကလေးအတွက်လိုအပ်တဲ့အဟာရတွေပိုမိုပါ၀င်နိုင်တယ်လို.လေ့လာတွေ့ရှိထားပါတယ်။
၅။ နောက်နေ.အတွက် အကျီနဲ. ထမင်းချိုင့်ကို ညကတည်းက ကြိုပြင်ထားပါ။
၆။ နို.ညှစ်နေရင်း ရေသောက် မုန်.စားဖို.မမေ့ပါနဲ.၊ တခါတရံအလုပ်များတဲ့အခါ၊ အလုပ်မှာstress  များတဲ့အခါရေသောက်ဖို.မေ့လျော့ပြီး နို.အထွက်နည်းသွားတတ်လို. နို.ညှစ်တဲ့အချိန်တိုင်းရေတဖန်ခွက်သောက်ပေးပါ။
၇။ ညအိပ်ရာ၀င်ခါးနီးနဲ.မနက်အိပ်ရာထအလုပ်မသွားခင်နို.ညှစ်ပါ..နို.အထွက်များနိုင်သလိုအလုပ်စလုပ်တဲ့အချိန် နို.သားမတင်းတဲ့အတွက်သက်တောင့်သက်သာအလုပ်စလုပ်နိုင်မှာဖြစ်ပါတယ်။ အလုပ်ချိန် ၈နာရီမှာ ၂ကြိမ်မှ ၃ကြိမ် အထိညှစ်ပေးနိုင်ပါတယ်။ schedule နဲ.အချိန်မှန်နို.ညှစ်နိုင်ရင်ပိုကောင်းပါတယ်။ ကလေးကြီးလာလို.နို.ဖြတ်ချင်ရင်တော့ ၃-၄ရက်လောက်တစ်ခါ နို.ညှစ်အကြိမ်ရေလျော့သွားခြင်း သို.မဟုတ်နို.ညှစ်အချိန်တာ မိနစ်လျော့သွားခြင်းဖြင့်သက်သောက်သက်တာ နို.ဖြတ်လို.ရမှာဖြစ်ပါတယ်။
၈။ အိမ်မှုကိစတွေကို ဘယ်သူဘာလုပ်မယ်ဆိုတာ ကြိုတွေးထားပါ အကူအညီယူသင့်ရင်ယူပါ။
၉။
၁၀။နောက်ဆုံးအချက်ကတော့ Me time ယူပါ ကိုယ့်ကိုယ်ကိုယ် take care လုပ်နိုင်မှ မိသားစုကိုလည်း take care လုပ်နိုင်မှာပါ။
working mom ဖြစ်ရလို.လည်း ကလေးအတွက် စိတ်မကောင်းမဖြစ်ပါနဲ. ကိုယ့်ကလေးနဲ.ကိုယ့်အနာဂတ်အတွက် အကောင်းဆုံးလမ်းကိုရွေးချယ်ပါ။
Burmese American Home

ဖြည့်စွက်စာ ဘာစ ကြွေးကြမလဲ ဘယ်လိုကြွေးကြမလဲ

ဘယ် အစား အစာကို စပြီးကြွေးရမယ် ဆိုတာ မိသားစု တစ်စုနဲ့တစ် စု လူမျိုး တစ်မျိုး နဲ့ တမျိုး နေထိုင် စားသောက်ပုံ မတူနိုင်တဲ့ အတွက် တရားသေ သတ်မှတ်လို့ မရပါဘူး..

ပုံမှန်ရေဘူရဖြည့်စွက်စာ ဘယ် လောက် စကြွေးရမယ် ဆိုတာ အောက်ပါ ဇယား မှာဖော်ပြထားပါတယ်

ပထမဆုံး စကြွေးတဲ့ အစာဟာ အမယ် တစ်မျိုးထဲသာဖြစ်ရပါမယ် .. ဥပမာ ဆန်မှန့် လဘက်ရေဇွန်း တစ်ဇွန်းခန့် ကို အမေနို့ ဒါမှမဟုတ် ဖော်မြူလာ နို့ နဲနဲနဲ့ရောပြီး နို့တိုက်ပြီးတဲ့ အခါမှ စကြွေးသင့်ပါတယ်

၈လကျော်သွားပြီဆိုရင် တော့ တနေ့ကို အသီးအရွက် ဖျော်ရည် အနည်းဆုံး တစ်ခါ ကြွေးသင့်ပါတယ်..

လေ့လာတွေ့ရှိချက်များ အရ အသီးအရွက်ကို တစ်နေ့တခါ မကြွေးခဲ့တဲ့ ကလေူတွေဟာ ၆ နှစ်ကျော်တဲ့အခါ အသီးအရွက်သိပ်မစား ချင်တာကို တွေ့ရှိရပါတယ်..

ကိုယ်တိုင် အိမ်မှာ blender နဲ့ဖျော်တာ ပို ကောင်းသလို အလွယ် တကူ ကြွေးလို့ရတဲ့ ready made food jar လေးတွေဝယ်မယ် ဆိုရင်တော့ ဆားဓာတ်ပါဝင်မှု ရှိမရှိကို label ကို ဖတ်ကြည့်ပါ..၆ လမှ ၁ နှစ် ကလေး တစ်ယောက်ဟာ ဆား တစ်နေ့ကို ၃၇၀ မီလီဂရမ်ပဲစားသင့်ပါတယ်..

Purée ဖျော်ရည်များစကြွေးတဲ့ အခါ တစ်ခါကြွေးရင် အမယ်တစ်မျိုးတည်း ဖျော်ထားသောအသီးအရွက်များကို ၃ရက်လောက် ဆက်တိုက်ကြွေးပြီးမှ နောက် တမျိုးပြောင်းသင့်ပါတယ် ဒါမှ ကလေး ဘယ် အစာနဲ့ဓာတ်မတည့်လဲဆိုတာ သိသာစမှာ ဖြစ်ပါတယ်..

တမျိုးချင်းကြွေးလို့ ဘာပြဿနာမှ မရှိရင် နောက်ပိုင်း အသီး အရွက် အသား ဆန်မှန့် စတာတွေကို ရောကြွေးသွားလို့ရပါတယ်..

Purée အရည်ကို ကျဲကျဲဖျော်ရာမှ တဖြည်းဖြည်းချင်း ပြစ်အောင် ဖျော်သွားပြီး ကလေး ကောင်း ကောင်း ထိုင် နိုင်ပြီဆိုရင် အစာပျော့ပျော့ လေးတွေကို လက်ချောင်း လေးတွေနဲ့ကောက်စား လို့ရအောင် စီစဉ်ပေးပါ..

၈လကျော်သွားပြီဆိုရင်တော့ pasta ခေါက်ဆွဲ ထမင်းပျော့ပျော့ စတာတွေကို တိုးတိုးပြီးကြွေးသွားပေးပါ..

ပါးစပ် လှုပ်ရှားမှုစွမ်းရည်နဲ့ မြိုချတတ် အောင် texture ထိတွေမှု မတူတဲ့ အစာတွေကို တဖြည်းဖြည်းချငိး တိုးမြင့်ကျွေးသွားပါ.. နူးနေအောင်ပြုတ်ထာတဲ့ပန်းဖူး၊အာလူး ပြုတ် ၊ အသီးပျော့ပျော့လေးများ ငါးပြုတ်၊အသားလုံးများကို ခွဲစိတ်ပြီး ဖြစ်စေ ကလေးတွေစားလို့ရတဲ့ မုန့်ကြွပ် cracker လေးတွေ စသဖြင့် အမယ်စုံအောင် ကြွေးသင့်ပါတယ်..

၉ လကျော်သွားပြီဆိုရင်တော့ မိသားစု ထမင်းဝိုင်းမှာစားတဲ့ အစာတွေကိုတောင် လက်ညှိုးအရွယ် သေးသေးလေးတွေပိုင်းဖြတ်ပြီး ကြွေးသွားသင့်ပါတယ်။

Pacifier/ချိုလိမ်သုံးစွဲခြင်း ကောင်းကျိုး ဆိုးကျိုးများ

ကောင်းကျိုးများ

၁။ဂျီကျတဲ့ ကလေးကိုချက်ချင်းငြိမ်စေတယ်.. ဥပမာ တိတ်ဆိတ်တဲ့ နေရာဘုန်း ကြီးကျောင်းတို.လူများတဲ့ နေရာတို. မှာ ကလေးဂျီကျရင် ချက်ချင်း နို.ထုတ်တိုက်ဖို. မလွယ်ကူရင် ချိုလိမ်လေးတတ်ပေးတဲ့ အခါ အလေး အာရုံပြောင်းပြီး ခေတ္တာ ငြိမ်သက်စေပါတယ်။

၂။ အိပ် မပျော်တဲ့ ကလေး၊ နာကျင်နေတဲ့ကလေးတွေကို အိပ်ပျော်အောင် သက်တောင့်သက်သာရှိအောင်ကူညီပေးပါတယ်။ ကလေးတွေက နို.မဆာပေမေယ့် တခုခုကို စုပ်နေရတာ သူတို.အတွက် သက်တောင့်သက်တာရှိစေပါတယ် ဒီတော့ အမေနို. ဒါမှမဟုတ် ကိုယ့် လက်မ လက်ညိုးကိုစုပ် နေရတာ သူတို.အတွက်အရသာပါပဲ.. နေမကောင်းလို.ဖြစ်စေဒါမှ မဟုတ် ကာကွယ်ဆေးထိုးထားလို.နာကျင်နေတဲ့ ကလေးကို အမေနို. တချိန်လုံး တိုက်နေဖို. မဖြစ်နိုင်တဲ့ အခါ ချိုလိမ်က အစားထိုးလို. ကောင်းပါတယ.်

၃။ ချိုလိမ် က ကလေးရုတ်တရက် သေဆုံခြင်းမှ ကာကွယ်နိုင်ပါတယ် …လေ့လာတွေ့ရှိချက်များအရ ချိုလိမ် စုပ်ပြီ အိပ်တဲ့ ကလေးဟာ အသက်ရူ ဖို.မေ့ပြီး ရုတ်တရက် သေဆုံးခြင်းမှ ကာကွယ်နိုင်တယ်လို့ တွေ့ရှိရပါတယ်..

၎။ ချိုလိမ် ကို ကလေး အသက်ကြီးလာတဲ့ ဖြတ်ချင်ရင် အိမ် မှာ မရှိအောင်လွတ်ပစ် လို.ရတဲ့ အတွက်လက်မ တို.လက်ညိုးတို.စုပ် တဲ့ ကလေးတွေထက် ဖြတ် ပစ်ဖို.လွယ်ပါတယ်

ဆိုးကျိုးများ

၁။ ကလေးကို ၃-၄ ပတ် အောက်မှာ ချိုလိမ်စ ပေးရင် နို.တိုက်တဲ့ အခါ ခက်ခဲတတ်တယ် လို့ အချို. လေ့လောတွေရှိချက်တွေက ဆိုပါတယ် သို.သော် လည်း အချို. လေ့လာတွေရှိချက်တွေက ဒီအချက်ဟာ ပုံမှန် လစေ့ ပေါင်ပြည့် မွေး တဲ့ ကလေးတွေမှာ မတွေ.ရှိရဘူးလို.လည်း ဆိုထားပြန်ပါတယ်…

၂။ ကလေး ကို ချိုလိမ် တိုက်ပြီး အိပ်စေတဲ့ အခါ အကျင့်ဖြစ်ပြီး ညဘက် သန်းခေါင် နိုးတဲ့ အခါ ချိုလိမ် ပြန်တတ်ပေးမှ အိပ်တတ်တဲ့ အကျင့် ကိုဖြစ်စေပါတယ်..ဒါကတော့ အမေနို. တိုက်ပြီးမှ ပြန် အိပ်တတ်တဲ့ ကလေးလည်း အတူတူပါပဲ..

၃။ ချိုလိမ် တတ်တဲ့ကလေးမှာ နား ပြည်တည် ပိုးဝင် တာပိုများတာတွေ့ရပါတယ်။ ဒါပေမယ့် ကလေး ၆ လ အောက်မှာ ဆိုရင် နား ပြည်တည် ပိုးဝင်တဲ့ နှုန်းကတော့ ချိုလိမ် မသုံးတဲ့ ကလေးနဲ. အတူတူပဲ ဖြစ်ပြီး ကလေးရုပ်တရက် သေးဆုံး နှုန်းဟာ ၆လ အောက်မှာ ချိုလိမ် မသုံးတဲ့ ကလေးတွေမှာ များတဲ့ အတွက် မိဘ တွေအနေနဲ. ၆လ အောက်ကလေးတွေကို ပေးသုံးတာကို အနောက် နိုင်ငံများမှာ အားပေးကြပါတယ်..

ချိုလိမ် သုံးတော့မယ်ဆိုရင် သတိထားရမည့် အချက်များ

၁။ ကလေး က နို.ကောင်းကောင်း စို.တတ်တော့မှ ချိုလိမ်စသုံး ပါ ..၃ ပတ် မှ ၄ ပတ် အထိ စောင့်ပါ။

၂။ ကလေး ငိုတိုင်း ချိုလိမ် ထိုးထည့် မပေးပါနဲ. ..ဥပမာ အနေအထား ပြောင်းပေးတာပဲ ဖြစ်ဖြစ် လှုပ်ပြီး ချော့ပေးတာပဲဖြစ်ဖြစ် အရင် လုပ်ပေးပါ..

၃။ ပလက်စတစ် ချိုလိမ် မသုံးပါနဲ. စီလီကွန် ချိုလိမ် သုံးပါ အကွင်းလေးတွေနဲ. တွဲနေတဲ့ ပြုတ်ချိုထွက်နိုင်တဲ့ ချိုလိမ်မျိုး မသုံးပါနဲ. အကွင်းပြုတ်ထွက်ပြီး ကလေး chocking ဖြစ်နိုင်ပါတယ်။

၎။ အချို.ကလေးတွေက ချိုလိမ် မကြိုက်ပါဘူး.. မကြိုက်ရင် အတင်း မထိုးထည့်ပေးပါနဲ.

၅။ ချိုလိမ် ကို သန်.သန်. ရှင်းရှင်းထားပါ. ဆူပွက်နေတဲ့ ရေနွေးထဲကို မကြာခဏ ထည့်ပြီး ပိုးသတ်ပေးပါ။

၆။ ကလေး ချိုလိမ် စို့ချင်အောင် အချိုတွေသုတ်မပေးပါနဲ.

၇။ ကလေး အရွယ်နဲ့ သင့်တော်တဲ့ ချိုလိမ် အမျိုးအစားကိုသုံးပါ။ ဥပမာ ၆ လအောက်နဲ. ၆ လအေထက်မှာသုံးရမယ့်ချို လိမ်က အထူအပါးမတူပါဘူး ကလေးက ၆လကျော်ရင် ကလေးတွေကသွားလေးတွေပေါက်စပြုနေပြီ မို. အရွယ်နဲ.လိုက်တဲ့ အမျိုးအစားကိုသာရွေးသင့်ပါတယ်။

၈။ နို. ဆာနေတဲ့ ကလေးကို ချိုလိမ်ပေးပြီး မနှစ်သိပ်ပါနဲ. .နို.တိုက်ပြီး နို.၀မှ ချိုလိမ်ပေးပါ။

ကလေးတွေ အသက် ၂ နှစ်ကျော်ပြီဆိုရင်တော့ ချိုလိမ် ဖြတ်ပေးသင့်ပါတယ်။ ကလေးလည်း သိတတ်နေပြီမို. သူကြိုက်တာလေးတွေ ပြောပေး အစားထိုးပေးခြင်းဖြင့် ဖြတ်ပေးသင့်ပါတယ်.. ချိုလိမ် ဖြတ်ဖို.ခက်ခဲနေရင် ဆရာဝန်နဲ.တိုင်ပင်ပါ။

ref: Mayoclinic, uptodate,babycenter

၁ နှစ်အောက် ကလေးရှောင်ကျဉ်ရမည့် အစားအစာများ

မွေးခါစမှ ၄လ သို့ ၆လ အထိ မိခင်နို့ သို့ ဖော်မြူလာနို့ တမျိုးတည်းသာတိုက်ကျွေးသင့်ပါတယ်..

၎ လမှ ၁နှစ် အထိရှောင်ရမည့်အစားအစာများ

    ၁။ ပျားရည်- ပျားရည်မှာပါတဲ့ ပိုးတမျိုးဟာ အစာအိမ်ရောင်ရမ်းတဲ့ botulism ရောဂါကိုဖြစ်စေနိုင်ပါတယ်
    ၂။ နွား နို့ ပဲ နို့ – ဒီ နို့တွေထဲမှာပါတဲ့ protein ဓာတ်ကို ၁ နှစ်အောက်ကလေးတွေရဲ့ အစာအိမ်က မချေဖြတ်နိုင်တဲ့ အတွက် ကျောက်ကပ်ကိုပျက်စီးစေတတ်ပါတယ်
    ၃။ လက်မ ဝက် အရွယ် ရှိသော အစားအစာများ – လက်မဝက်ထက်ကြီးသော အစာများဟာ ကလေးလည်ချောင်းထဲမှာတစ်ဆို့ပြီး အသက်ရူမရဖြစ်တတ်တဲ့အတွက်စပျစ်သီး ဘယ်ရီသီး အသားတုံး အသီး အရွက်များကို သေးသေးလေးဖြစ်အောင်တုံးပြီးမှ ကြွေးသင့်ပါတယ်
    ၄။ အသီးအရွက်အစိမ်းများ- ပိုးသတ်ဆေးတွေကပ်နေနိုင်တဲ့အတွက်အသီးအရွက်အစိမ်းများကို ပြုတ်၍ သို့ ပေါင်း၍သာ ကြွေးသင့်ပါတယ်..
    ၅။ အခွံမာသီး ၏အဆံများနှင့် အစေ့များ -ချယ်ရီသီး ဖရဲသီး မက်မွန်သီး ဇီးသီး စတဲ့ အစေ့ ပါသော အသီးများကို အစေ့ဖယ်ပြီးမှကြွေးသင့်ပါတယ်..နေကြာစေ့ ဖရုံစေ့ စတာတွေက လည်ချောင်းထဲမှာကပါနေပြီး လေပြွန်ရောင်ရမ်းမှုတွေဖြစ်စေတတ်ပါတယ်
    ၆။ သကြားလုံး ပေါက်ပေါက်စုပ် ဂျယ်လီ သစ်သီချောက် စတာတွေကလည်း လည်ချောင်ထဲမှာကပ်နေတတ်တဲ့အတွက် သတိထားပြီးကျွေးသင့်ပါတယ်
    ၇။ ကပ်စေးနေတဲ့ penut butter မြေပဲထောပတ်လို ဟာမျိုးဟာ ကလေးတွေမျိုချဖို့ခက်ခဲတတ်တဲ့အတွက် အရည်နဲနဲကျဲအောင်ဖျော် သို့ မဟုတ် ပေါင်မှုန့်ကိုသုတ် ၍သာကျွေးသင့်ပါတယ်
    ၈။ ဖျော်ရည်မျိုးစုံ – သကြားဓာတ်ပါဝင်မှုများ၍ ၁ နှစ်အောက်ကလေးများကိုဖျော်ရည်တိုက်ခြင်းမှရှောင်ကြဉ်သင့်ပါတယ်
    ၉ ။ဝက်ပေါင်ချောက် ကြက်ဥချောင်း -ဆားဓာတ်နဲ့ အဆီတွေမှာ nitrate နဲ့ အခြား ဓာတုဇီဝပစ္စည်းတွေပါဝင်တဲ့အတွကါရှောင်ကြဉ်သင့်ပါတယ်
    မော်ဒန်မေမေ
    ref: baby center