အနောက်နိုင်ငံကိုရောက်လာတဲ့အခါ သူများအိမ်သွားလည်ရင်ဖြစ်ဖြစ် မတွေ့တာကြာတဲ့သူတွေကို အပြင်မှာသွားတွေ့ရင်ဖြစ်ဖြစ် စတွေ့တဲ့အချိန်နဲ့ ပြန်ခါနီးနှုတ်ဆက်ခါနီးမှာ ဖက်ပြီး နုုတ်ဆက်လေ့ရှိကြပါတယ်။ မတူတဲ့ယဉ်ကျေးမှုမှာမွေးလာတဲ့ ကျမအတွက် ကတော့ အဲ့လိုအဖက်ခံရတိုင်း အနမ်းခံရတိုင်း ကိုယ့် အမေအရွယ် ယေက္ခမ ဖြစ်နေတာတောင်ကြက်သီးထပြီးမနေတတ်ပါဘူး။ ဒါကသူတို့ယဉ်ကျေးမှုအရ ရင်းနှီးမှုကြင်နာမှုကိုဖော်ပြတာဖြစ်လို့ လက်ခံလိုက်ပေမယ့်ကိုယ်က စပြီးဖက်ဖို့အမြဲတွန့်ဆုတ်နေတတ်ပါတယ်။ ကိုယ့်မိဘကလည်း နည်းနည်းကြီးလာတော့ကိုယ့်ကိုဖက်တာတို့ နမ်းတာတို့သိပ်မလုပ်တော့တာ သတိထားမိပါတယ်။ ဒီတော့ကျမစဉ်းစားမိတာက ကျမတိို့ မြန်မာလူမျိုး မိဘတွေဟာတခါတခါ ချစ်တဲ့အကြောင်းကို ပြသဖို့ဘာကြောင့်တွန့်တိုကြပါလဲ။ မိဘကို respect မပေးတော့မှာကြောက်လို့လား အသက်ကြီးနေပြီ ကလေးကို နမ်းတုန်းလားဆိုပြီး ပတ် ဝန်းကျင်က ပြောတာကိုရှက်လို့လား။ ချစ်တာပြရင် ကလေးတွေရောင့်တက်တတ် တယ်ထင်လို့လားဆိုတာ ကျမ မပြောနိုင်ပေမယ့် ဒီ article ထဲမှာ ကလေးတွေကိုဖက်ထားခြင်း နမ်းခြင်း ချစ်ခြင်းမေတ္တာကိုပြသခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးပါမယ်။
မိဘမဲ့ကလေးပေါင်းများစွာကိုလေ့လာထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ တနေ့ကို မိနစ်၂၀ မျှ ပိုပြီးအဖက်ခံရတဲ့မိဘမဲ့ကလေးတွေရဲ့ဖွံ့ဖြိုးမှု assessment တွေဟာ အဖက်မခံရတဲ့ကလေးရဲ့ ဖွံဖြိုးမှုထက် ပိုပြီးသာတာ ကိုတွေ့ရှိရပါတယ်တဲ့။ သာမာန်ထိတွေ့မှုထက် nurturing touch တကယ့်မေတ္တာနဲ့ကြင်ကြင်နာနာ ထိတွေ့မှုက ပိုပြီး ဦးနှောက်ကိုလှုံ့ဆော်ပေးတာကိုလည်းတွေ့ရပါတယ်။
ပွေ့ဖက်ခြင်းဟာ oxytocin ဆိုတဲ့ အချစ် ဟော်မုန်း လေးထုတ်ပေးပါတယ်။ oxytocin က အခြား ကလေးကြီးထွားဖို့လိုအပ်တဲ့ growth hormone IGF-1 and nerve growth factor( NGF ) ကိုလည်းထုတ်ပေးပါတယ်။ကလေးဆရာဝန်တွေ တွေ့ရှိထားတာက physical contact အတွေအထိသိပ်မခံရတဲ့ကလေးတွေဟာ အဟာရ ပြည့်ဝရင်တောင် failure to thrive ကြီးထွားမှုနှောက်နှေးမှုပိုဖြစ်ပါတယ်တဲ့။
Oxytocin အချစ်ဟော်မုန်းလေးက ခန္ဒာကိုယ်ခုခံအား immune system ကိုလည်းပိုပြီးကောင်းစေလို့ ကျန်းမာရေးနဲ့ ကုသမှုပိုင်းမှာလည်းအထောက်အကူဖြစ်တာကို တွေ့ရှိထားပါတယ်။
ဖက်ထားခြင်းက လိုတာမရလို့ အောဟစ်ဂျီကျတဲ့ကလေးကို စိတ်ငြိမ်သက်စေပြီး ကိုယ့်စိတ်ကိုယ်ထိန်းနိုင် self regulate လုပ်နိုင်စေတယ်။
မိခင်နဲ့အလုပ်သွားတဲ့အချိန်မှာခွဲရလို့ဖြစ်တဲ့စိတ်ပူပန်သောက separation anxiety ဖြစ်တာက သက်သာစေတယ်။
ရန်ဖြစ်တဲ့ကလေး ၄၀၀ ကျော်ကို၁၄ ရက်တိိ တိ ရန်ဖြစ်ရတဲ့အကြောင်းမေးပြီး ၊ ပွေ့ဖက်ပြီး အဆုံးသတ်တဲ့လေ့လာမှုတစ်ခု ရဲ့ အဖြေကလည်း ကလေးတွေဟာ အဆင်မပြေမှု ရန်ဖြစ်အငြင်းပွါးမှုနဲ့ကြုံရတဲ့အခါ အဖက်ခံခဲ့ရတဲ့ကလေးတွေဟာ စိတ်ပြေလွယ်တာဒေါသမကြီးတာကိုတွေ့ထားပါတယ်။
စိတ်ပိုင်းဆိုင်ရာပိုပြီးကျန်းမာတဲ့သူတွေလဲဖြစ်စေပါတယ်။optimism စိန်ခေါ်မှုတွေကို အကောင်းမြင်ရှုထောင့်ကကြည့်ပြီးပိုပြီးလိုက်ရောညီထွေစွာနေတတ်တာ ၊ ကိုယ့်စိတ်ကို နိုင်ပြီး ငါလုပ်ရင်ဖြစ်တယ်ဆိုတဲ့ အတွေးယုံကြည်မှုတွေကိုရစေပါတယ်။
ကလေးတွေကိုခဏခဏဖက်ထားခြင်းက အချစ်ခံရတယ်လို့ခံစားရလို့ပိုပြီး ပျော်ရွှင်တဲ့ကလေးတွေဖြစ်လာစေပါတယ်။ မိဘနဲ့ကလေးကြား ယုံကြည်မှုကိုပိုပြီးတိုးပွါးစေပါတယ်။
နောက်ဆုံးတစ်ခုကတော့ အသက်အရွယ်ကြီးမှ ငယ်မှမဟုတ်ပါဘူး ပွေ့ဖက်ခြင်းက ရတဲ့အကျိုးအမြတ်တွေကတော့အများကြီးပါ။ဒါပေမယ့် body autonomy ကိုယ့်ခန္တာကိုယ် ကို ကိုယ်ပိုင်တဲ့အတွက် ငါမိဘပဲဆိုပြီးတော့တော့ အတင်းဖက်ရင်လည်းအပေါ်မှာရခဲ့တဲ့ အကျိုးအမြတ်တွေအကုန် မရတတ်ပါဘူး။
ဒီတော့ ကိုယ့်ကလေး က ဆယ်ကျော်သက်အရွယ်မက လို့ ယောင်္ကျားမိန်းမရနေလည်း မေမေဖက်လို့ရမလားလို့မေးပြီး ပွေ့ဖက်ခြင်းကရတဲ့ အကျိုးအမြတ်လက်ဆောင်တွေကို ပေးလိုက်ကြရအောင်။







