ဒီအရွယ်မှာ ကလေးတိုင်းလိုလို လှုပ်ရှားသွားလာနေပြီး ပတ်၀န်းကျင်ကိုလေ့လာတတ်နေပြီ။ စူးစပ်လိုတဲ့စိတ်၊လွပ်လွပ်လပ်လပ်ကစားလိုတဲ့စိတ်၊ အာခံတတ်တဲစိတ်လေးတွဖြစ်ပေါ်နေတတ်တဲ့အချိန်ဖြစ်ပါတယ်။ အရာ၀တ္ထူပစ္စည်းတွေ၊စကားလုံးအခေါ်အဝါ်တွေ ၊စကားပြောအဆိုတွေကိုလည်း မှတ်မိနေပြီ
၁နှစ်အောက်ကလေးတွေတုန်းကလိုပဲ ဖွံ့ဖြိုးမှုနယ်ပယ်ငါးမျိုးကိုပဲ ဆက်ပြီး လေ့ကျင့်ပေးနိုင်ပါတယ်။ ဒီအရွယ်မှာစျေးကြီးတဲ့ အရုပ်တွေ သင်ထောက်ကူတွေမဝယ်ပဲ အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ကလေးအတွက်လိုအပ်တဲ့ skill တွေကို လေ့ကျင့်ပေးနိုင်ပါတယ်။
Gross motor skill- ကလေးတော်တော်များများက လမ်းလျောက်တတ်နေပြီ ။အမြင့်တနေရာကိုတက်ဖို.ကြိုးစားနေပြီ Gross motor skill ကိုဆက်လက်တိုးတက်စေရန် ဘောလုံးကန်တာ ဘောလုံးပစ်တာ ဖမ်းတာလုပ်ပေးမယ်။ စက္ကူတွေကိုလုံးပြီး အမှိုက်တောင်းထဲကို basketball ပစ်သလိုပစ်တိုင်းကစားမယ်။အမြင့်ကိုတက်ခြင်းနဲ.ပြန်ဆင်းခြင်းဟာလိုအပ်တဲ့ milestone ဖြစ်တဲ့အတွက် ခဏခဏမဟန်.တားမိပါစေနဲ.။ အိမ်ကိုလည်းအရင်ကထက်ပိုပြီး Toddler proof ဖြစ်အောင် လှေကားအ၀တွေမှာ တံခါးတခုထားထားမယ်။ ကလေးတက်နိုင်တဲ့ထိုင်ခုံတွေအောက်မှာ ခပ်ပျော့ပျော့ ခေါင်းအုန်း ကူရှင်လေးတွေခံပေးထားနိုင်ပါတယ်။ ဗီဒိုလိုမျိုး ပရိဘောဂပစည်းတွေကို ကလေးဆွဲရင်မပြိုလဲနိုင်အောင်နံရံနဲ.တွဲပြီးသံရိုက်ထားမယ်။ မြင့်ရာကိုတက်ပြီးရင် ဘယ်လိုအနောက်ပြန်လှည့်ပြီးဆင်းရမယ်ဆိုတာ သင်ပေးထားမယ်။ obstacle course ခုန်ပြန်ကျော်လွားသွားရတဲ့ခက်ခဲတဲ့လမ်းလေးဖန်တီးပေးပြီး ပန်းတိုင်မှာ သူလိုချင်တဲ့ အရုပ် ပစ္စည်း လေး ရအောင်ဖန်တီးပေးထားမယ်။
Fine motor skill အတွက်လုပ်ပေးနိုင်တာတွေကတော့ non toxic crayon, marker နဲ့ စုတ်တံတွေကိုသုံးပြီးတော့ စာရွက်လွတ်ပေါ်မှာပန်ချီဆွဲစေမယ်။အရွယ်မျိုးစုံရှိတဲ့ပစ္စည်းတွေကို ကောက်တတ်အောင်သင်ပေးမယ်။ ကစားစရာတွေကို တန်းစီထားပြီး တောင်းတခုနဲ. လိုက်ကောက်တိုင်းကစားမယ်။ ဒါဟာနောက်ပိုင်းမှာ ကစားပြီးရင် ပြန်သိမ်းတတ်တဲ့အကျင့်ဖြစ်အောင် အစပျိုးနိုင်တဲ့အရာဖြစ်ပါတယ်။ ရေခွက်ကနေ ရေမော့သောက်တတ်အောင်သင်ပေးမယ်။ရေကိုနည်းနည်းချင်းပဲထပ်ဖြည့်ပေးမယ်။ ရေခွက်တခုထဲကရေကိုနောက်ခွက်တခုထဲကိုပြောင်းထည့်စေတာ၊အကျီကျယ်သီး အဖြုတ်အတပ်လုပ်တာ၊ ဘူးခွက် မျိုးစုံ အဖွင့်အပိတ်လုပ်တာ၊ ဇစ်အဖွင့်အပိတ်လုပ်တာကိုသင်ပေးမယ်။ အရောင်တူပစ္စည်းလေးတွေရွေးပြီး အရောင်တူတဲ့ဘုံးတခုထဲမှာ သွားထည့်စေတာ matching game၊လေးထောင့် အ ဝိုင်းစတဲ့ shape မျိုးစုံကိုခွဲစေတဲ့ shape sorting game၊ ပုလင်း သို့ ရေသန့်ဘူးတခုထဲကို ဖရောင်းတိုင်စတဲ့ ရှည်ရှည်အတံလေးတွေထည့်စေတာတွေကလည်း ကလေးရဲ့ မျက်လုံး လက်ချောင်းနဲ့ ဦးနှောက်ကို တပြိုင်တည်းဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ကစားရင်းသင်ယူမိစေပါတယ်။
Cognitive skill -ဒီအရွယ်မှာ သူ.ဟာကိုယ့်ဟာဆိုတာကို နားလည်သဘောပေါက်နိုင်တဲ့အတွက် ဒါက မေ့မေ့ အကျီ, ဒါက သမီးအကျီ စသဖြင့်ပြောပေးပါ။ သူ့အလှည့်ကိုယ့်အလှည့်သိတတ်အောင်၊ကစားစရာတခုကို မေမေ့အလှည့် သမီးအလှည့် ဆိုပြီး ကစားပေးမယ်။cognitive skill တိုးတက်အောင် moral story သင်ခန်းစာပေးတဲ့ ပုံပြင်ပြောတာ စာအုပ်ဖတ်တာများများလုပ်ပေးနိုင်ပါတယ်။Catagory game- တိရိစာန်လေးတွေ၊ စားစရာ အသီးတွေ၊ အကျီအ၀တ်အစား စသဖြင့် အမျိုးအမယ်ခွဲပြီး ဘုံး တခုဆီမှာ ထည့်စေတာ၊ ရေခွက်ထဲမှာ ဖော့တုံးကျောက်ခဲစတဲ့ပစည်းမျိုးစုံချ ပြပြီး လေးတဲ့အရာ ရေထဲမြုတ်ပြီး ပေါ့တဲ့အရာပေါ်တဲ့ဆိုတဲ့physic သဘောတရားတွေကိုလည်း ကစာရင်းသင်ပေးလို့ရပါတယ်။Pretend play – ဟင်းချက်တိုင်း ကစားတာ၊ အရုပ်လေးတွေကို ရေတိုက်တာ မုန်.ကြွေးတာ၊ တံပျက်စည်းလှည်းတာ လူကြီးလုပ်တာအကုန်လိုက်လုပ်ချင်တတ်တဲ့အတွက် သူ.အတွက်သီးသန်. အသေးစား ကစားစရာလေးတွေပေးကစားနိုင်ပါတယ်။
Language skill – စကားများများပြောမယ်။ သူပြောနေတာကို နားမလည်ရင်တောင်နားလည်သလို စကားပြန်ပြောမယ်။ သူလက်ညိုးထိုးတဲ့အရာတိုင်းရဲ.နာမည်ကိုပြောပြမယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း ကိုထောက်ပြပြီး နာမည်တွေပြောပြမယ်၊ ကလေး သိတာသေချာရင် ပြန်ပြီး quiz လုပ်လို.ရပါတယ်။ ခဏခဏ quiz လုပ်ခြင်းကိုတော့ကလေးစိတ်ရှုပ်နိုင်တဲ့အတွက်ရှောင်စေချင်ပါတယ်။ စကားပြောရင် နာမ်စားသုံးတာမျိုးမလုပ်ပဲ ပစည်းရဲ.နာမည်ကိုသာသတိထားပြီးပြောပေးသင့်ပါတယ်။ ဥပမာ- ဟိုဟာယူလိုက်ပါအုန်း၊သူ.ကိုပေးလိုက်လေ လို.ပြောမယ့်အစား ပန်းသီးလေးယူလိုက်ပါအုန်း၊ ၀က်၀ံလေးကိုပေးလိုက်လေ
Social emotional skill – playdate လုပ်တာ၊မကြာခဏ အပြင်ထွက် ပြီးလူတွေကိုမြင်စေတာ၊စကားပြောစေတာက social skill ကို တိုးတက်စေမယ်။ စိတ်ခံစားမှုကိုသိရှိအောင် emotion game စက္ကူအိပ်ပေါ်မှာ မျက်နှာပုံစံမျိုးစုံဆွဲပြီး ပျော်တာ၊စိတ်တိုတာ၊စိတ်မကောင်းတာ စသဖြင့် ပြောပြနိုင်တယ်။ ကလေးကို emotionally secure စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိအောင်ကြင်ကြင်နာနာဖက်ပေးအနမ်းပေးပါ။ကလေးကအရုပ်တွေကိုပစ်ပေါက်နေရင်ကိုယ်ချင်းစာစိတ်ဖြစ်တတ်အောင်သူတို..နာသွားမှာပေါ့ဆိုပြီးအရုပ်လေးတွေကိုလည်း ကြင်ကြင်နာနာဆက်ဆံပြပါ။.အတူတူကစားရမယ့်အဖော်မရှိရင်လည်း အရုပ်ကလေးတွေနဲ. pretend play ကစားတာ role play ကစားတာတွေက လည်း social emotional skill ကိုတိုးတက်စေပါတယ်။
ဒီကစားနည်းလေးတွေကို ကလေးက စိတ်မဝင်စားရင် မကစားချင်ရင် နည်းနည်းကြီးလာတဲ့အခါ ထပ်ကြိုးစားကြည့်ပါ။ သူတို့အရွယ်နဲ့စိတ်ဝင်စားမှုဟာအမြဲပြောင်းလဲနေတတ်လို့ဒီနေ့မှာ စိတ်မဝင်စားပေမယ့် နောက်တနေ့စိတ်ဝင်စားပါလိမ့်မယ်။











