ဒီစာအုပ်လေးက ကလေး နှစ်ယောက်အမေ emergency ဆရာဝန်ရေးသားစုဆောင်းတင်ပြထားတဲ့ မေမေတို့အတွက်အ ထောက်အကူဖြစ်နိုင်မယ့်အချက် အလက်လေးတွေပါ..
အနောက်တိုင်းနဲ့ အရှေ့တိုင်း ကလေးပြုစုပုံဓလေ့ထုံးစံတွေမတူတဲ့အတွက် အကုန်လုံးကို မဖော်ပြတော့ပေမယ့် အောက်မှာရေးထားတဲ့အချက်လေးတွေကတော့ အမေတိုင်း အမေတိုင်းကို အထောက်အကူဖြစ်နိုင်ဖို့မျှော်လင့်ပါတယ်..
- မေမေတွေအဖြစ်ချင်ဆုံးဆန္ဒက ဘာလဲ.. ကျန်းမာပြီး ပျော်ရွင်ချင်တာလား … အသက်ပိုရှည်ချင်တာလား…သားသားမီးမီးလေးတွေနဲ့ ကစားနိုင်ဖို့ မကုန်ခန်း နိုင်တဲ့ energy တွေလား … ဒါတွေအားလုံးရဲ့အရင်းအမြစ်က ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ဖြစ်ပါတယ်.. အစားအသောက်ဆင်ချင်ပြီးကျန်းမာရေးနဲညီညွတ်အောင်ချက်ပြုတ်တဲ့ မေမေတွေဟာ ကိုယ်တိုင်လည်း အဆီကျ ကျစ်လစ်လှပမှာ ဖြစ်သလို မိသားစုကိုလည်း သွေးတိုး ဆီးချို နှလုံး အဝလွန်ခြင်းမှ ကာကွယ်ပေးပြီးသားဖြစ်ပါမယ်.. စားလို့ကောင်းရင်ပြီးရော ကလေးစားရင်ပြီးရော ဆီတွေ သကြားတွေ ဆားတွေ အချိုမှုန့်တွေများများ သုံးပြီးချက်တော့မယ်ဆိုရင်အပေါ်မှာ မေမေတို့ဖြေထားတဲ့ အဖြစ်ချင်ဆုံးဆန္ဒတွေနဲ့ ဝေးရပါလိမ့်မယ်…
- အရောင်စုံတဲ့အသီးအရွက်များများ စားပါ…
- ဆီကျော်မုန့် ဆေးဆိုးထာတဲ့ အစာ processed food (သဘာဝ အတိုင်းမဟုတ်ပဲပြုပြင်ထားသောအစာ)ရှောင်ပါ
- ဗိုက်ထဲမှာကောင်းတဲ့ ဘက်တီးရီးယားလေးတွေပွါးအောင်ဒိန်ချဉ်သောက်ပါ kimchi စားပါ
- တိရိစ္ဆာန်မှရတဲ့အသားဓာတ်ကို တစ်ပတ် ၂ ခါပဲစားပါ. ပဲမျိုးစုံ တိုဖူး ဘဲဥငါးနှင့် နို့ထွက်ပစ္စည်း တွေမှလည်း အသားဓာတ်ရနိုင်ပါတယ်
- ရေများများ သောက်ပါ.. မိမိ အလေးချိန် ပေါင်ကို ၂ နဲ့စား ရလဒ်က ကိုယ်သောက်ရမယ့်ရေပမာဏပါပဲ ဥပမာ ပေါင် ၁၄၀ ရှိတဲ့ အမျိုးသမီးဟာ ရေ အနည်းဆုံး ၇၀ အောင်စ သောက်ရပါမယ် ၁ အောငါစ က ၃၀ ml ဆိုရင် ၁ လီတာရေသန့်ဘူး ၂ ဘူးသာသာပါ
- သကြားအချိုရှောင်နိုင်သမျှရှောင်ပါ သကြားဓာတ်ဟာ ဘိန်းလိုပဲ ဦးနှောက် အာရုံခံပစ္စည်းလေးတွေမှာသွားကပ်ပြီး စွဲလန်းမှုကိုဖြစ်စေပါတယ် သဘာဝအတိုင်းချိုတဲ့ အသီးလိုအရာကိုသာ စားသင့်ပါတယ် မစားမဖြစ် စားချင်ရင်လည်း portion control လုပ်ပြီးစားပါ။
- Junk food အာလူးကျော် သကြားလုံး ချော့ကလက် လိုမျိုး အစာပြေစားဖို့ဆိုပြီး အိမ်မှာအဆင်သင့်ဝယ်မထားပါနဲ့ စားချင်လွန်းလို့ တကူးတက သွားဝယ်ရမှာနဲ့တင် သွားရေစာ စားမှုလျော့ကျစေပါတယ်..
- အပြင်မှာထွက်စားလို့ မကုန်ရင် လည်း အိမ်ကိုထုပ်ယူဖို့ မရှက်ပါနဲ့
- Time restricted eating အစာမလျော့နိုင်သေးရင် တနေ့တာစားတဲ့ window အချိန် ကို တိုလိုက်ပါ.. တနေ့ကို ၉ နာရီ ၁၀နာရီအတွင်းမှာစားပါ ဥပမာ မနက် ၈ နာရီ မှ ညနေ ၆ နာရီ သို့ မနက် ၇ နာရီမှည နေ ၆ နာရီထိပဲစားသုံးပါ
- ကလေးတွေနဲ့ထမင်းဝိုင်းမှာတူတူထိုင်စားပါ..မိဘနဲ့ထမင်းတူတူအ မြဲစားတဲ့ကလေးဟာ အဟာရပိုပြည့်ဝတဲ့အစာတွေပိုစားသလို မိမိကိုယ်ကိုယုံကြည်မှုပိုရှိကြောင်း လေ့လာတွေရှိချက်တွေမှာတွေ့ရပါတယ်တဲ့
- Exercise , Gym trainer တွေနဲ့ train မလုပ်နိုင်ရင်တောင် အကောင်းဆုံးလေ့ကျင့်ခန်းက လမ်းလျောက်တာပါ..သီချင်းဖွင့်ပြီးလွတ်လွတ်လပ်လပ်ကခုန်ပါ
- ကလေးနဲ့တူတူကစားတာ လမ်းလျောက်ထွက်တာ.. home exercise video တူတူလုပ်တာလေးတွေလုပ်နိုင်ပါတယ်..အိပ်ရာထချိန်မှ မလှုပ်မရှားထိုင်ခုံပေါ်မှာထိုင်နေတဲ့အချိန်ဟာတနေ့တာရဲ့ ၂၅ရာခိုင်နှုန်းထက်မပိုသင့်ပါဘူး
- Exercise လုပ်ဖို့ အချိန်မရှိရင် တနေ့ကို ၁၀ မိနစ်ပဲလုပ်ပါ.. ဝိတ်မကျခဲ့ရင်တောင်mind booster အနေနဲ့စိတ်တက်ကြွလန်းဆန်းလာမှာဖြစ်ပါတယ်
- Exercise ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ကောင်းတဲ့ အပြုအမူတွေလုပ်ပြီးတဲ့အခါကိုယ့်ကိုကိုယ် reward ဆုပေးပါ( reward က အစာအစာ မဟုတ်ရပါဘူး လိုချင်နေတဲ့ အဝတ်အစားလေးတွေအသုံးအဆောင်လေးတွေပဲဖြစ်သင့်ပါတယ်
- Social media သိပ်မသုံးပါနဲ့ social media သုံးလို့ ကုန်သွားတဲ့ အချိန်နာရီဝက် တစ်နာရီမှာ ကိုယ်လုပ်ချင်တဲ့ exercise program လေးတွေလုပ်တာ ဝါသနာပါရာ အလုပ်တစ်ခုခုလုပ်တာ ကိုယ့်အတွက်အကျိုးရှိပါတယ်
- အမေတွေတိုင်းဟာ အနည်းနဲ့အများ အိပ်ရေးပျက်ကြမှာပါ မွေးခါစကလေးမှ ဆယ်ကျော်သက်အရွယ်ရှိတဲ့ကလေးအမေအထိ ညဘက်နှစ်ချိုက်စွာအိပ်မပျော်ရခြင်းအကြောင်းရင်းများစွာရှိကြပါတယ်. အိပ်ရေးဝမှစိတ်ကြည်မှာပါ ရေရှည်အိပ်ရေးပျက်ခြင်းဟာ စိတ်တိုလွယ်ခြင်း အစာလွန်ကဲစွာစားခြင်း သို့မဟုတ် အစာကောင်းကောင်းမစားချင်ခြင်း..ခေါင်းမူးခြင်း သတိမေ့လွယ်ခြင်း စတာတွေကိုခံစားရနိုင်ပါတယ်.
- လေ့ကျင့်ခန်း တစ်ပတ် သုံးခါမျှ လုပ်ပေးခြင်းဟာ ညဘက် ကောင်းကောင်းမွန်မွန်အိပ်ပျော်စေရန်လည်း အကူအညီဖြစ်စေကြောင်းလေ့လာတွေ့ရှိထားပါတယ် ညဘက် အိပ်ခါနီး ၄ နာရီအတွင်းပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ် ခြင်းမှတော့ရှောင်ကျဉ်ပါ
- Bed time routine ညအိပ်ရာဝင် အကျင့်လေးတွေထားပါ.. ဥပမာ အိပ်ခါနီး မျက်နာသစ် သွားတိုက် ဘုရားရှိခိုး မိမိနှစ်သက်ရာအကျင့်လေးတွေလုပ်ပေး ခြင်းအားဖြင့် မိမိခန္ဓာကိုယ် က ဒီအကျင့်လေးတွေလုပ် ပြီးရင် အိပ်ရတော့မယ်ဆိုတဲ့အသိနဲ့ လွယ်လွယ်ကူကူအိပ်ပျော်စေမှာပါ.. ကလေးတွေကိုလည်း အိပ်ရာဝင် အကျင့်လေးတွေလုပ်ပေးပါ
- အိပ်ခါနီး စိတ်ပူစရာတွေတွေးခြင်းမှရှောင်ပါ.. စိတ်ပူတတ်သူတွေအနေနဲ့ အတွေးတွေကို စာအုပ်မှာချရေးတာပဲဖြစ်ဖြစ် အိပ်ခါနီး လေရှုလေထုတ်မှတ်တာတရားထိုင်တာပဲဖြစ်ဖြစ်လုပ်ပေးနိုင်ပါတယ်
- ဟော်မှုန်းတွေမညီမျှမှုကြောင့်ဖြစ်တတ်တဲ့စိတ်ပူလောင်ပြင်းထန်မှုရောဂါနဲ့ စိတ်ဓာတ်ကျ ခြင်းခံစားတဲ့ မေမေတွေဟာ အိပ်ခါနီးတိုင်းမှာ အိပ်မပျှော်နိုင်အောင် အတွေးဆိုးတွေဝင်တတ်ပါတယ်.. ဒါတွေကိုကုစားနိုင်တဲ့ cognitive behavioral therapy အတွေးပြုပြင်ပြောင်းလဲမှုကုထုံးတွေရှိပါတယ် ( ဖြစ်လာတဲ့အတွေးဆိုးတွေကို challenge လုပ်ပါ ဥပမာ ငါမနက် ဖြန်စာမေးပွဲမ ဖြေနိုင်လို့ စာမေးပွဲကျရင်ငါတော့ဘဝပျက်ပါပြီ..ဒီအတွေးကတကယ်ရောမှန်ရဲ့လား အရင်ကရောဒီလိုအတွေးမျိုးဖြစ်ပြီးစာမေးပွဲ ဖြေနိုင်တာရှိခဲ့လား တကယ်ပဲ မဖြေနိုင်လို့ စာမေးပွဲကျခဲ့ရင်ရော ဘဝပျက်ပြီလား။ ဘဝပျက်ပြီဆိုတာကရောဘာလဲ. နောက်ထပ်ဥပမာ ငါဒီညတော့အိပ်ပျော်မှ ဖြစ်မယ် အိပ်မပျော်ရင် နောက်နေ့အလုပ်နောက်ကျပြန်မယ် ဒါဆို ငါတော့အလုပ်ပြုတ်တော့မယ် အလုပ်ပြုတ်ရင် ငါယောင်္ကျားက ငြိုငြင်လိမ့်မယ့် ကွာရှင်းမယ် သားသမီးတွေက မလေးမစား ဖြစ်လိမ့်မယ် ငါ့ကိုချစ်မှာမဟုတ်တော့ဘူး စသဖြင့် ဆက်ဆက်ပြီး အဆိုးတွေတွေးသွားတတ်ပါတယ် ဒါကိုလည်း challenge လုပ်ပါ ဒီညအိပ်မပျော်လည်း နောက်နေ့ အလုပ် နောက်မကျအောင် စောစောထမယ်၊ အလုပ်နောက်ကျတိုင်းလည်း အလုပ် တော့မပြုတ်လောက်ပါဘူး အလုပ်ပိုကြိုးစားမယ်၊ အလုပ်ပြုတ်ခဲ့ရင်တော့ ငါ့ယောင်္ကျားနဲ့သားသမီးတွေ ကငါ့ကို ချစ်နေမှာပဲ သူတို့အတွက် အချိန်ပိုပေးနိုင်မယ်လေ
- လုံးဝ အိပ်မပျော်နိုင်တာ သေချာသွားရင် နေရာပြောင်းအိပ်ကြည့်ပါ စာအုပ်ဖတ် သီချင်းနားထောင်လုပ်ကြည့်ပါ ဖုန်းကြည့်တာ TV ကြည့်တာမျိုးတော့မလုပ် ဖြစ်အောင်ရှောင်ပါ တခါတရံ ဒီအိပ်ရာပေါ်မှာပဲ အိပ်မပျော်တဲ့အတွေ့အကြုံတွေများလာတဲ့အခါ အိပ်ရမှာကိုတောင်ကြောက်နေတတ်ပါတယ် ဒီ connection ကို ဖြတ်တဲ့အနေနဲ့ အိပ်ရာပြောင်းတာ routine ပြောင်းတာလေးလုပ်ကြည့်ပါ
- Vitamin minerals တွေချို့တဲ့လျှင်လည်း အိပ်မပျော်တာဖြစ်တတ်တာမို့ multi vitamin သောက်ဖို့ မမေ့ပါနဲ့မေမေတို့ရေ
- မွေးကင်းစ ကလေး မိခင်မို့ အိပ်ရေးပျက် နေတဲ့ မိခင်တို့လည်း စိတ်အားမငယ်ပဲ ကလေး ၆လ အထိအားတင်း ဖြတ်ကျော်ပြီး ကလေး ၆လ အရွယ်လောက်ဆို ကလေးတော်တော်များများ ညဘက် ဆက်တိုက် အိပ်တတ်နေပြီဖြစ်ပြီး မအိပ်တတ်သေးတဲ့ ကလးတွေကိုလည်း sleep train လုပ်ပေးလို့ရနေပါပြီ.. အကူအညီတောင်းဖို့ မရှက်ပါနဲ့ မိမိအိပ်ရေးဝ စိတ်ကြည်မှ မိသားစုအတွက်ပိုလုပ်ပေးနိုင်မှာဖြစ်လို့ ကိုယ့်မိသား စုဝင်တစ်ယောက်ယောက်ကိုကလေးကြည့်ခိုင်းပြီး စိတ်ချလက်ချ အိပ်ပါ.
- ကလေးနဲ့တူတူကစားဖို့ အချိန် သီးသန့်ထားပါ .. multitasking မလုပ်ပါနဲ့ email ကြည့်တာ Facebook ကြည့်တာ TV ကြည့်ရင်း နဲ့သာကလေးနဲ့ အချိန်ဖြုန်းတာမျိုး မလုပ်မိပါစေနဲ့
- ဖုန်းအသုံးပြုမှုကို ဂရုစိုက်ပေးပါ အလုပ်မှာပဲဖြစ် ဖြစ် အိမ်မှာပဲဖြစ် ဖြစ် ဖုန်းခဏကြည့်ပြီး ပြန်ပြီးအလုပ်လုပ်တဲ့အခါ အမှားပိုများတာ အာရုံ မစိုက်နိုင်တာကို တွေ့ရှိရသလို မိသားစု family time ထမင်းဝိုင်းမှာ ဖုန်းသုံးခြင်းဟာလည်း ကလေးကို ဂရုစိုက်မှုနည်းတဲ့အတွက် ကလေး ကဂျီကျတာ စားချင်တာပဲစားပြီးကျန်းမာရေးနဲ့အညီ မစားသောက်တတ်တော့တာ အစာဂျီးများတာတွေ ဖြစ်လာနိုင်ပါတယ်.. မိသားစုထမင်းဝိုင်းမှာ စိုစိုပြေပြေ စကားပြောရတဲ့မိသားစုမှာကြီးလာတဲ့ကလေးတွေဟာ ညဏ်ရည်ကောင်းသလို မိမိကိုယ်ကိုယုံကြည်မှု လူမှုဆက်ဆံရေးတွေကောင်းပါတယ်တဲ့
- Perfect parents ပြီးပြည့်စုံတဲ့ မိဘဆိုတာ မရှိပါဘူး ကိုယ်မလုပ်ပေးနိုင်တဲ့ အရာတွေကို အာရုံစိုက်ပြီး စိတ်ညစ်မခံပါနဲ့ ကလေး ကလည်း အင်္ကျီလှလှဝတ်ရဖို့ ကစားစရာအရုပ်တွေများဖို့ထက် မိခင်မေတ္တာကိုသာပိုလိုအပ်တာပါ
- ပျော်ရွှင်မှုနဲ့ ဘဝအတွေ့အကြုံလောကဓံဟာ ဆက်စပ်မှုမရှိပါ ဖြစ်ပေါ်လာတဲ့အခြေအနေတွေအပေါ်မှာ မိမိရဲ့သုံးသပ်မှုကသာလျှင်ပျော်ရွှင်မှုဝမ်းနည်းမှု စိတ်ခံစား မှုကိုပေးတာပါ (ဥပမာ ယဉ်တိုက်မှုတစ်ခုမှာ နှစ်ဖက်စလုံး ထိခိုက်တာချင်းတူရင်တောင် တစ်ယောက်က ငါ့ကျမှ ဖြစ်ရတယ် ကံဆိုးလိုက်တာ ကားပြင်ရင်လည်းပိုက်ဆံကုန်အုန်းမယ် လို့စဉ်းစားနေချိန်မှာအခြားတစ်ယောက်က ကံကောင်းလိုက်တာ လူဘာမှမ ဖြစ်ဘူး ကားကလဲပြန်ပြင်လို့ရတဲ့အခြေအနေရှိတယ်)
- ဒီလို မှန်ကန်စွာသုံသပ်နိုင်မှုနဲ့ စိတ်ခံယူမှုဟာ လူတိုင်းရရှိနိုင်ပါတယ် အသက်ကြီးမှ အတွေအကြုံရှိမှမဟုတ်ပါဘူး လူတိုင်းမှာ slow brain နဲ့ fast brain ဆိုပြီး နှစ်မျိုးရှိပါတယ် fast brain က တစ်ခုခုဆို အဆိုးကို အရင်တွေးပါတယ် ဒါဟာလူတိုင်းပါပဲ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တွေ အသက်ရှင်နေထိုင်ဖို့ survival of fittest သဘာဝအလျောက် ကျောက်ခေါတ်လူသားတွေဟာအန္ဒရာယ်နဲကြုံလာရင်ထွက်ပြေးဖို့မိမိကိုယ်ကိုကာကွယ်ဖို့ အဆိုးကိုကြိုတင်ပြင်ဆင်တာပါ ဒါပေမယ့် ဒီဘက်ခေါတ်မှာ တော့မလိုအပ်တော့တဲ့ fast brain နောက်မလိုက်ပဲ စဉ်းစားချင့်ချိန်မှု ဝေဖန်ပိုင်းခြားနိုင်မှုတွေရှိတဲ့ slow brain ကို အလုပ်ပေးသင့်ပါတယ်
- နောက်ဆုံးအချက်အနေနဲ့ကတော့ မိမိ ကိုယ်ကိုဝေဖန်မှု inner critics တွေကို ပြန်လေ့လာကြည့်ပါ မေမေတွေတော်တော်များများဖြစ်တတ်ပါတယ်( ဥပမာ ငါအဝတ်အစားမဆင်တတ်လို့ငါ့သမီးလေး ရုပ်အဆိုးဆုံးဖြစ်နေပြီ ငါ့ကလေးစာမလိုက်နိုင်တာ ငါအသုံးမကျလို့ ကလေးဝိတ်မတက်တာ ငါနို့မထွက်လို့ ငါအချက်အပြုတ်မကောင်းလို့ )အဲ့ဒီအချိန်မျိုးမှာ အဆိုးတွေကိုထပ်ခါထပ်ခါ ဆင့်ဆင့်တွေးပြီး အဆုံးအထိ tunnel vision အမြင်ကျဉ်းမြောင်းစွာတွေးသွားတတ်ပါတယ် (ဥပမာငါကမိခင်ကောင်းတယောက်မဟုတ်ဘူး ကလေးတွေကိုလဲငါပျော်အောင်မထားနိုင်ဘူးငါ့ကလေးတွေက ငါ့ကိုမချစ်ကြဘူး အိမ်ထောင် ရေးကလည်း အဆင်မ ပြေဘူး အလုပ်လဲမရှိဘူး ဘယ်သူ့ကိုအားကိုးရမလဲ) စသဖြင့်ပေါ့.. ဒီလိုမျိုးအတွေးတွေဝင်လာရင် ( နံပါတ် ၁ – မိမိကိုယ်ကိုပြန်မေးပါ ဘာဖြစ်လို့ ငါဒီလိုတွေးမိတာလဲ(ဥပမာ- ကိုယ့်ကလေးက ကျောင်း costume contest ဝတ်စုံပြိုင်ပွဲမှာဆုမရခဲ့ဘူး…ဆုမရတာဘာမှမဖြစ်ပေမယ့်နောက်ဆက်တွဲအတွေးဖြစ်တဲ့ ငါအသုံမကျလို့ငါ့သမီးဆုမရတာဆိုတဲ့အတွေးဖြစ်လာတဲ့အခါ။ နံပါတ် ၂ ကို စဉ်းစားပါ …. ဟုတ်ပြီငါ့ကိုဘယ်အရာကဒီလိုအဆုံးတွေးမိအောင်တွန်းပို့သလဲ ( အခြားအမေတွေတင်ထားတဲ့ social media က ပုံတွေကြောင့်လား, ငါ post-partem depression ဟော်မူန်းတွေကြောင့်စိတ်ဓာတ်အပြောင်းအလဲဖြစ်နေတာလား၊ အိပ်ရေးမဝလို့လား) ၊ နံပါတ် ၃ ငါ့ကလေးကငါ့ကိုမုန်းတော့မှာပဲ ငါ့က မိခင်ကောင်းတစ်ယောက်မဟုတ်ဘူး ဆိုတဲ့အတွေးတကယ်မှန်ရဲ့လား မိခင်ကောင်းတစ်ယောက်ဆိုတာဘာနဲ့တိုင်းတာမှာလဲ အရင်ကရောဒီလိုအတွေးဆိုးတွေတွေပြီး တကယ်ရောမှန်ခဲ့ဘူးလား… မိခင်ဆိုးလို့ကိုယ့်ကိုကိုယ်သုံးသပ်ရအောင်တကယ်ပဲဘာမှကောင်းတာမလုပ်ပေးခဲ့မိဘူးလားစမ်းစစ်ပါ၊ ကောင်းတာတွေကိုမမြင်ပဲ မကောင်းတာတွေကိုပဲမြင်မိနေတာလား ၊ ကိုယ့်ဆွေမျိုးမိတ်ဆွေ တစ်ယောက်ယောက်သာကိုယ့်ကိုကိုယ်ဒီလိုမျိုးတွေပြောနေမယ်ဆိုရင်ရော သင်ဘာဝင်ပြောမိမလဲ.. အခြေအနေကို မပြောင်းနိုင်ရင်ဘအတွေးအမြင်ကိုပြောင်းပါ..
- အိပ်ထောင်ဖက်နဲ့ connect ပြန်ဆက်သွယ်ပါ နားလည်မှုပြန်ယူပါ.. ကလေးအဖေအမေဖြစ်လာတဲ့အချိန်မှာ မိဘတွေဟာ ကလေး အရေးကိုရှေ့တန်းတင်ပြီးကိုယ်ပိုင်ခံစားချက်တွေကိုမေ့လျော့နေတတ်ကြပါတယ်.. ကြာလာတဲ့အခါ relationship ကလည်း အရင်ကလိုမနွေးထွေးကြည်နူးပျော်ရွင်စရာမကောင်းတော့ပဲ တာဝန်တစ်ခုအနေနဲ့တာ ဆက်ဆံနေကြတာကိုတွေ့ရပါတယ်.. ဒီလိုတွေ ဖြစ်လာတာကိုသတိထားမိရင် သီးသန့် နှစ်ဦးဆွေးနွေးဖို့ အချိန် routine schedule လုပ်ပါ.. တစ်လတစ်ခါ.. အဲ့ဒီအချိန် မှာ တစ်ယောက်ကို တစ်ယောက် appreciate ကောင်းတဲ့အချက် အနည်းဆုံး ၃ ချက်ထုတ်ပြောပါ.. မပြောလည်း သိနေတာပဲဆိုပေမယ့် လူတိုင်း ချီးကျုးစကားနားထောင်ချင်ပါတယ် (ဥပမာ မိန်းမနေမကောင်းတုန်းက ကလေးညဘက်ကြည့်ပြီးအိပ်ရေးပျက်ခံခဲ့တဲ့ယောကျားကိုကျေ:ဇူးတင်ပါတယ်… ကလေးအလုပ်တွေနဲ့အလုပ်များတဲ့ကြားက ယောင်္ကျားကြိုက်တဲ့ဟင်းချက်ကြွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်)
- Social media Facebook ကသူငယ်ချင်းတွေကို သူငယ်ချင်း အစစ်တွေနဲ့အစားမထိုး ပါနဲ့ comment ပေးရုံ like လုပ်ရုံနဲ့မလုံလောက်ပါဘူးဖုန်းခေါ် ပါ အပြင်မှာတွေ့ပါ
- ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင်သင်ပေးပါ
- သူတပါးတစ်ယောက်ကိုပျော်ရွင်အောင်လုပ်ပေးပါ.. ချီးကျုးစကားပြောစရာရှိရင် မတွန့်ဆုတ်ပါနဲ့ မကောင်းတာတစ်ခုခုပြောချင်ရင် နှစ်ခါစဉ်းစာပါ ငါ့ကိုဒီလိုပြောရင်ငါကြိုက်ပါ့မလား
- Volunteer အခမဲ့လုပ်အားပေးပါ organization တွေ ဘိုးဘွားရိပ်သာ မိဘမဲ့ဂေဟာစတာတွေမှာလုပ်အားမပေးနိုင်ရင်တောင် မိမိ ရပ်ကွက်လမ်းထဲမှာ တံပျက်စည်းလှဲတာ အခုလိုမျိုး ဗဟုသုတရနိုင်မယ် စာတွေရေးတာဟာလည်း အခမဲ့လုပ်အားပေးတာပါပဲ
အထက်မှာဖော်ပြခဲ့တဲ့ အချက် တွေဟာ Mom hacks စာအုပ်ထဲက ကောက်နှုတ် အတိုချုပ်ထားတာဖြစ်သလို နားလည်ရလွယ်အောင်ဥပမာတွေထည့်ပေးထားပါတယ်.. မေမေတွေအတွက်အထောက်အကူဖြစ်ဖို့မျှော်လင့်ပါတယ်
ခေတ်သစ်မေမေများ

တခါသုံး သုံးရမလား ပိတ်စ အနှီးပဲ လျှော်ပြီးသုံးရမလား တွေဝေနေတဲ့ New mommy တွေအတွက် Disposable diaper နဲ့ ပိတ်စအနှီးကောင်းကျိုးဆိုးကျိုးတွေကိုအောက်မှာရေးထားပါတယ်..