အလုပ်ခွင်ပြန်သွားရတော့မယ့်မေမေတို.သိထားသင့်တဲ့အချက် ၁၀ချက်
၁။ ကြိုတင်ပြီးနို.သိမ်းထားပါ။ ၁လလောက်အလိုထဲကနို.ညှစ်စက်နဲ.ညှစ်ပြီး  freezer ထဲမှာသိမ်းထားခဲ့ပါ။ကလေးနို.မလောက်မှာမပူရတော့သလိုနို.ညှစ်စက်သုံးတာလည်း အကျင့်ဖြစ်သွားနိုင်ပါတယ်။
၂။ အလုပ်ပြန်သွားတော့မယ်ဆိုရင်လိုအပ်မယ့် အသုံးအဆောင်တွေကတော့ နို.ညှစ်စက်၊ နို.ခံဘူး၊ နို.သိမ်းအိပ်၊ ၂၄ နာရီခံတဲ့ cooler အိပ်လေး၊ နို.ညှစ်ရင်လက်နဲ.ဘူးကို ကိုင်ထားစရာမလိုအောင် handfree pump bra၊ breast pad၊ နို.ညှစ်ရင်အောက်ကခံဖို.towel၊ နို.ညှစ်ဖို. အခန်းသီးသန်.မရှိရင်ကာဖို. nursing cover၊ လက်ဆေးရမယ့်နေရာမရှိရင်သုံးဖို. hand sanitizer၊ အိမ်မှာ pump parts တွေသန်.ရှင့်ရေးလုပ်ဖို.မေ့ခဲ့ရင်အမြန်သန့်ရှင်းရေးလုပ်နိုင်ဖို microwave steam bag နဲ. နို.သိမ်းအိပ်မှာ နို.ညှစ်ချိန်နဲ.နေ.စွဲရေးဖို. soft pen လိုပါမယ်။
၃။ Electric pump ပျက်မှာစိုးတာတို. မီးမလာမှာစိုးတာတို. ၊လိုအပ်တဲ့pump parts တွေကျန်ခဲ့တာတို.ဖြစ်ရင်နို.တောင့်တင်းနာကျင်တာတွေမဖြစ်ရအောင် လိုလိုမယ်မယ် လက်နဲ.ကိုင်ညှစ်လို.ရတဲ. manual pump တစ်ခုဆောင်ထားပါ။ နို.မသိမ်းနိုင်ရင်တောင် emergency နို.တင်းနို.သက်တာတွေမဖြစ်ခင် မြန်မြန်လေးညှစ်ထုတ်လို.ရပါတယ်။
၄။ နို.ညှစ်ခါနီးအရင် အလုပ်အကြောင်း စိတ်ဖိစီးစရာအကြောင်းတွေမစဉ်းစားနဲ.တော့ relax..
 ဖြစ်နိုင်ရင်ကလေးရဲ.ဓာတ်ပုံ video လေးတွေထုတ်ကြည့် ကလေးအသုံးအဆောင်လေးတွေယူသွားပြီးညှစ်ရင် ကလေးအတွက်လိုအပ်တဲ့အဟာရတွေပိုမိုပါ၀င်နိုင်တယ်လို.လေ့လာတွေ့ရှိထားပါတယ်။
၅။ နောက်နေ.အတွက် အကျီနဲ. ထမင်းချိုင့်ကို ညကတည်းက ကြိုပြင်ထားပါ။
၆။ နို.ညှစ်နေရင်း ရေသောက် မုန်.စားဖို.မမေ့ပါနဲ.၊ တခါတရံအလုပ်များတဲ့အခါ၊ အလုပ်မှာstress  များတဲ့အခါရေသောက်ဖို.မေ့လျော့ပြီး နို.အထွက်နည်းသွားတတ်လို. နို.ညှစ်တဲ့အချိန်တိုင်းရေတဖန်ခွက်သောက်ပေးပါ။
၇။ ညအိပ်ရာ၀င်ခါးနီးနဲ.မနက်အိပ်ရာထအလုပ်မသွားခင်နို.ညှစ်ပါ..နို.အထွက်များနိုင်သလိုအလုပ်စလုပ်တဲ့အချိန် နို.သားမတင်းတဲ့အတွက်သက်တောင့်သက်သာအလုပ်စလုပ်နိုင်မှာဖြစ်ပါတယ်။ အလုပ်ချိန် ၈နာရီမှာ ၂ကြိမ်မှ ၃ကြိမ် အထိညှစ်ပေးနိုင်ပါတယ်။ schedule နဲ.အချိန်မှန်နို.ညှစ်နိုင်ရင်ပိုကောင်းပါတယ်။ ကလေးကြီးလာလို.နို.ဖြတ်ချင်ရင်တော့ ၃-၄ရက်လောက်တစ်ခါ နို.ညှစ်အကြိမ်ရေလျော့သွားခြင်း သို.မဟုတ်နို.ညှစ်အချိန်တာ မိနစ်လျော့သွားခြင်းဖြင့်သက်သောက်သက်တာ နို.ဖြတ်လို.ရမှာဖြစ်ပါတယ်။
၈။ အိမ်မှုကိစတွေကို ဘယ်သူဘာလုပ်မယ်ဆိုတာ ကြိုတွေးထားပါ အကူအညီယူသင့်ရင်ယူပါ။
၉။
၁၀။နောက်ဆုံးအချက်ကတော့ Me time ယူပါ ကိုယ့်ကိုယ်ကိုယ် take care လုပ်နိုင်မှ မိသားစုကိုလည်း take care လုပ်နိုင်မှာပါ။
working mom ဖြစ်ရလို.လည်း ကလေးအတွက် စိတ်မကောင်းမဖြစ်ပါနဲ. ကိုယ့်ကလေးနဲ.ကိုယ့်အနာဂတ်အတွက် အကောင်းဆုံးလမ်းကိုရွေးချယ်ပါ။
Burmese American Home
ဖြည့်စွက်စာ ဘာစ ကြွေးကြမလဲ ဘယ်လိုကြွေးကြမလဲ
ဘယ် အစား အစာကို စပြီးကြွေးရမယ် ဆိုတာ မိသားစု တစ်စုနဲ့တစ် စု လူမျိုး တစ်မျိုး နဲ့ တမျိုး နေထိုင် စားသောက်ပုံ မတူနိုင်တဲ့ အတွက် တရားသေ သတ်မှတ်လို့ မရပါဘူး..
ပုံမှန်ရေဘူရဖြည့်စွက်စာ ဘယ် လောက် စကြွေးရမယ် ဆိုတာ အောက်ပါ ဇယား မှာဖော်ပြထားပါတယ်
ပထမဆုံး စကြွေးတဲ့ အစာဟာ အမယ် တစ်မျိုးထဲသာဖြစ်ရပါမယ် .. ဥပမာ ဆန်မှန့် လဘက်ရေဇွန်း တစ်ဇွန်းခန့် ကို အမေနို့ ဒါမှမဟုတ် ဖော်မြူလာ နို့ နဲနဲနဲ့ရောပြီး နို့တိုက်ပြီးတဲ့ အခါမှ စကြွေးသင့်ပါတယ်
၈လကျော်သွားပြီဆိုရင် တော့ တနေ့ကို အသီးအရွက် ဖျော်ရည် အနည်းဆုံး တစ်ခါ ကြွေးသင့်ပါတယ်..
လေ့လာတွေ့ရှိချက်များ အရ အသီးအရွက်ကို တစ်နေ့တခါ မကြွေးခဲ့တဲ့ ကလေူတွေဟာ ၆ နှစ်ကျော်တဲ့အခါ အသီးအရွက်သိပ်မစား ချင်တာကို တွေ့ရှိရပါတယ်..
ကိုယ်တိုင် အိမ်မှာ blender နဲ့ဖျော်တာ ပို ကောင်းသလို အလွယ် တကူ ကြွေးလို့ရတဲ့ ready made food jar လေးတွေဝယ်မယ် ဆိုရင်တော့ ဆားဓာတ်ပါဝင်မှု ရှိမရှိကို label ကို ဖတ်ကြည့်ပါ..၆ လမှ ၁ နှစ် ကလေး တစ်ယောက်ဟာ ဆား တစ်နေ့ကို ၃၇၀ မီလီဂရမ်ပဲစားသင့်ပါတယ်..
Purée ဖျော်ရည်များစကြွေးတဲ့ အခါ တစ်ခါကြွေးရင် အမယ်တစ်မျိုးတည်း ဖျော်ထားသောအသီးအရွက်များကို ၃ရက်လောက် ဆက်တိုက်ကြွေးပြီးမှ နောက် တမျိုးပြောင်းသင့်ပါတယ် ဒါမှ ကလေး ဘယ် အစာနဲ့ဓာတ်မတည့်လဲဆိုတာ သိသာစမှာ ဖြစ်ပါတယ်..
တမျိုးချင်းကြွေးလို့ ဘာပြဿနာမှ မရှိရင် နောက်ပိုင်း အသီး အရွက် အသား ဆန်မှန့် စတာတွေကို ရောကြွေးသွားလို့ရပါတယ်..
Purée အရည်ကို ကျဲကျဲဖျော်ရာမှ တဖြည်းဖြည်းချင်း ပြစ်အောင် ဖျော်သွားပြီး ကလေး ကောင်း ကောင်း ထိုင် နိုင်ပြီဆိုရင် အစာပျော့ပျော့ လေးတွေကို လက်ချောင်း လေးတွေနဲ့ကောက်စား လို့ရအောင် စီစဉ်ပေးပါ..
၈လကျော်သွားပြီဆိုရင်တော့ pasta ခေါက်ဆွဲ ထမင်းပျော့ပျော့ စတာတွေကို တိုးတိုးပြီးကြွေးသွားပေးပါ..
ပါးစပ် လှုပ်ရှားမှုစွမ်းရည်နဲ့ မြိုချတတ် အောင် texture ထိတွေမှု မတူတဲ့ အစာတွေကို တဖြည်းဖြည်းချငိး တိုးမြင့်ကျွေးသွားပါ.. နူးနေအောင်ပြုတ်ထာတဲ့ပန်းဖူး၊အာလူး ပြုတ် ၊ အသီးပျော့ပျော့လေးများ ငါးပြုတ်၊အသားလုံးများကို ခွဲစိတ်ပြီး ဖြစ်စေ ကလေးတွေစားလို့ရတဲ့ မုန့်ကြွပ် cracker လေးတွေ စသဖြင့် အမယ်စုံအောင် ကြွေးသင့်ပါတယ်..
၉ လကျော်သွားပြီဆိုရင်တော့ မိသားစု ထမင်းဝိုင်းမှာစားတဲ့ အစာတွေကိုတောင် လက်ညှိုးအရွယ် သေးသေးလေးတွေပိုင်းဖြတ်ပြီး ကြွေးသွားသင့်ပါတယ်။
Pacifier/ချိုလိမ်သုံးစွဲခြင်း ကောင်းကျိုး ဆိုးကျိုးများ
ကောင်းကျိုးများ
၁။ဂျီကျတဲ့ ကလေးကိုချက်ချင်းငြိမ်စေတယ်.. ဥပမာ တိတ်ဆိတ်တဲ့ နေရာဘုန်း ကြီးကျောင်းတို.လူများတဲ့ နေရာတို. မှာ ကလေးဂျီကျရင် ချက်ချင်း နို.ထုတ်တိုက်ဖို. မလွယ်ကူရင် ချိုလိမ်လေးတတ်ပေးတဲ့ အခါ အလေး အာရုံပြောင်းပြီး ခေတ္တာ ငြိမ်သက်စေပါတယ်။
၂။ အိပ် မပျော်တဲ့ ကလေး၊ နာကျင်နေတဲ့ကလေးတွေကို အိပ်ပျော်အောင် သက်တောင့်သက်သာရှိအောင်ကူညီပေးပါတယ်။ ကလေးတွေက နို.မဆာပေမေယ့် တခုခုကို စုပ်နေရတာ သူတို.အတွက် သက်တောင့်သက်တာရှိစေပါတယ် ဒီတော့ အမေနို. ဒါမှမဟုတ် ကိုယ့် လက်မ လက်ညိုးကိုစုပ် နေရတာ သူတို.အတွက်အရသာပါပဲ.. နေမကောင်းလို.ဖြစ်စေဒါမှ မဟုတ် ကာကွယ်ဆေးထိုးထားလို.နာကျင်နေတဲ့ ကလေးကို အမေနို. တချိန်လုံး တိုက်နေဖို. မဖြစ်နိုင်တဲ့ အခါ ချိုလိမ်က အစားထိုးလို. ကောင်းပါတယ.်
၃။ ချိုလိမ် က ကလေးရုတ်တရက် သေဆုံခြင်းမှ ကာကွယ်နိုင်ပါတယ် …လေ့လာတွေ့ရှိချက်များအရ ချိုလိမ် စုပ်ပြီ အိပ်တဲ့ ကလေးဟာ အသက်ရူ ဖို.မေ့ပြီး ရုတ်တရက် သေဆုံးခြင်းမှ ကာကွယ်နိုင်တယ်လို့ တွေ့ရှိရပါတယ်..
၎။ ချိုလိမ် ကို ကလေး အသက်ကြီးလာတဲ့ ဖြတ်ချင်ရင် အိမ် မှာ မရှိအောင်လွတ်ပစ် လို.ရတဲ့ အတွက်လက်မ တို.လက်ညိုးတို.စုပ် တဲ့ ကလေးတွေထက် ဖြတ် ပစ်ဖို.လွယ်ပါတယ်
ဆိုးကျိုးများ
၁။ ကလေးကို ၃-၄ ပတ် အောက်မှာ ချိုလိမ်စ ပေးရင် နို.တိုက်တဲ့ အခါ ခက်ခဲတတ်တယ် လို့ အချို. လေ့လောတွေရှိချက်တွေက ဆိုပါတယ် သို.သော် လည်း အချို. လေ့လာတွေရှိချက်တွေက ဒီအချက်ဟာ ပုံမှန် လစေ့ ပေါင်ပြည့် မွေး တဲ့ ကလေးတွေမှာ မတွေ.ရှိရဘူးလို.လည်း ဆိုထားပြန်ပါတယ်…
၂။ ကလေး ကို ချိုလိမ် တိုက်ပြီး အိပ်စေတဲ့ အခါ အကျင့်ဖြစ်ပြီး ညဘက် သန်းခေါင် နိုးတဲ့ အခါ ချိုလိမ် ပြန်တတ်ပေးမှ အိပ်တတ်တဲ့ အကျင့် ကိုဖြစ်စေပါတယ်..ဒါကတော့ အမေနို. တိုက်ပြီးမှ ပြန် အိပ်တတ်တဲ့ ကလေးလည်း အတူတူပါပဲ..
၃။ ချိုလိမ် တတ်တဲ့ကလေးမှာ နား ပြည်တည် ပိုးဝင် တာပိုများတာတွေ့ရပါတယ်။ ဒါပေမယ့် ကလေး ၆ လ အောက်မှာ ဆိုရင် နား ပြည်တည် ပိုးဝင်တဲ့ နှုန်းကတော့ ချိုလိမ် မသုံးတဲ့ ကလေးနဲ. အတူတူပဲ ဖြစ်ပြီး ကလေးရုပ်တရက် သေးဆုံး နှုန်းဟာ ၆လ အောက်မှာ ချိုလိမ် မသုံးတဲ့ ကလေးတွေမှာ များတဲ့ အတွက် မိဘ တွေအနေနဲ. ၆လ အောက်ကလေးတွေကို ပေးသုံးတာကို အနောက် နိုင်ငံများမှာ အားပေးကြပါတယ်..
ချိုလိမ် သုံးတော့မယ်ဆိုရင် သတိထားရမည့် အချက်များ
၁။ ကလေး က နို.ကောင်းကောင်း စို.တတ်တော့မှ ချိုလိမ်စသုံး ပါ ..၃ ပတ် မှ ၄ ပတ် အထိ စောင့်ပါ။
၂။ ကလေး ငိုတိုင်း ချိုလိမ် ထိုးထည့် မပေးပါနဲ. ..ဥပမာ အနေအထား ပြောင်းပေးတာပဲ ဖြစ်ဖြစ် လှုပ်ပြီး ချော့ပေးတာပဲဖြစ်ဖြစ် အရင် လုပ်ပေးပါ..
၃။ ပလက်စတစ် ချိုလိမ် မသုံးပါနဲ. စီလီကွန် ချိုလိမ် သုံးပါ အကွင်းလေးတွေနဲ. တွဲနေတဲ့ ပြုတ်ချိုထွက်နိုင်တဲ့ ချိုလိမ်မျိုး မသုံးပါနဲ. အကွင်းပြုတ်ထွက်ပြီး ကလေး chocking ဖြစ်နိုင်ပါတယ်။
၎။ အချို.ကလေးတွေက ချိုလိမ် မကြိုက်ပါဘူး.. မကြိုက်ရင် အတင်း မထိုးထည့်ပေးပါနဲ.
၅။ ချိုလိမ် ကို သန်.သန်. ရှင်းရှင်းထားပါ. ဆူပွက်နေတဲ့ ရေနွေးထဲကို မကြာခဏ ထည့်ပြီး ပိုးသတ်ပေးပါ။
၆။ ကလေး ချိုလိမ် စို့ချင်အောင် အချိုတွေသုတ်မပေးပါနဲ.
၇။ ကလေး အရွယ်နဲ့ သင့်တော်တဲ့ ချိုလိမ် အမျိုးအစားကိုသုံးပါ။ ဥပမာ ၆ လအောက်နဲ. ၆ လအေထက်မှာသုံးရမယ့်ချို လိမ်က အထူအပါးမတူပါဘူး ကလေးက ၆လကျော်ရင် ကလေးတွေကသွားလေးတွေပေါက်စပြုနေပြီ မို. အရွယ်နဲ.လိုက်တဲ့ အမျိုးအစားကိုသာရွေးသင့်ပါတယ်။
၈။ နို. ဆာနေတဲ့ ကလေးကို ချိုလိမ်ပေးပြီး မနှစ်သိပ်ပါနဲ. .နို.တိုက်ပြီး နို.၀မှ ချိုလိမ်ပေးပါ။
ကလေးတွေ အသက် ၂ နှစ်ကျော်ပြီဆိုရင်တော့ ချိုလိမ် ဖြတ်ပေးသင့်ပါတယ်။ ကလေးလည်း သိတတ်နေပြီမို. သူကြိုက်တာလေးတွေ ပြောပေး အစားထိုးပေးခြင်းဖြင့် ဖြတ်ပေးသင့်ပါတယ်.. ချိုလိမ် ဖြတ်ဖို.ခက်ခဲနေရင် ဆရာဝန်နဲ.တိုင်ပင်ပါ။
ref: Mayoclinic, uptodate,babycenter
၁ နှစ်အောက် ကလေးရှောင်ကျဉ်ရမည့် အစားအစာများ
မွေးခါစမှ ၄လ သို့ ၆လ အထိ မိခင်နို့ သို့ ဖော်မြူလာနို့ တမျိုးတည်းသာတိုက်ကျွေးသင့်ပါတယ်..
၎ လမှ ၁နှစ် အထိရှောင်ရမည့်အစားအစာများ
    ၁။ ပျားရည်- ပျားရည်မှာပါတဲ့ ပိုးတမျိုးဟာ အစာအိမ်ရောင်ရမ်းတဲ့ botulism ရောဂါကိုဖြစ်စေနိုင်ပါတယ်
    ၂။ နွား နို့ ပဲ နို့ – ဒီ နို့တွေထဲမှာပါတဲ့ protein ဓာတ်ကို ၁ နှစ်အောက်ကလေးတွေရဲ့ အစာအိမ်က မချေဖြတ်နိုင်တဲ့ အတွက် ကျောက်ကပ်ကိုပျက်စီးစေတတ်ပါတယ်
    ၃။ လက်မ ဝက် အရွယ် ရှိသော အစားအစာများ – လက်မဝက်ထက်ကြီးသော အစာများဟာ ကလေးလည်ချောင်းထဲမှာတစ်ဆို့ပြီး အသက်ရူမရဖြစ်တတ်တဲ့အတွက်စပျစ်သီး ဘယ်ရီသီး အသားတုံး အသီး အရွက်များကို သေးသေးလေးဖြစ်အောင်တုံးပြီးမှ ကြွေးသင့်ပါတယ်
    ၄။ အသီးအရွက်အစိမ်းများ- ပိုးသတ်ဆေးတွေကပ်နေနိုင်တဲ့အတွက်အသီးအရွက်အစိမ်းများကို ပြုတ်၍ သို့ ပေါင်း၍သာ ကြွေးသင့်ပါတယ်..
    ၅။ အခွံမာသီး ၏အဆံများနှင့် အစေ့များ -ချယ်ရီသီး ဖရဲသီး မက်မွန်သီး ဇီးသီး စတဲ့ အစေ့ ပါသော အသီးများကို အစေ့ဖယ်ပြီးမှကြွေးသင့်ပါတယ်..နေကြာစေ့ ဖရုံစေ့ စတာတွေက လည်ချောင်းထဲမှာကပါနေပြီး လေပြွန်ရောင်ရမ်းမှုတွေဖြစ်စေတတ်ပါတယ်
    ၆။ သကြားလုံး ပေါက်ပေါက်စုပ် ဂျယ်လီ သစ်သီချောက် စတာတွေကလည်း လည်ချောင်ထဲမှာကပ်နေတတ်တဲ့အတွက် သတိထားပြီးကျွေးသင့်ပါတယ်
    ၇။ ကပ်စေးနေတဲ့ penut butter မြေပဲထောပတ်လို ဟာမျိုးဟာ ကလေးတွေမျိုချဖို့ခက်ခဲတတ်တဲ့အတွက် အရည်နဲနဲကျဲအောင်ဖျော် သို့ မဟုတ် ပေါင်မှုန့်ကိုသုတ် ၍သာကျွေးသင့်ပါတယ်
    ၈။ ဖျော်ရည်မျိုးစုံ – သကြားဓာတ်ပါဝင်မှုများ၍ ၁ နှစ်အောက်ကလေးများကိုဖျော်ရည်တိုက်ခြင်းမှရှောင်ကြဉ်သင့်ပါတယ်
    ၉ ။ဝက်ပေါင်ချောက် ကြက်ဥချောင်း -ဆားဓာတ်နဲ့ အဆီတွေမှာ nitrate နဲ့ အခြား ဓာတုဇီဝပစ္စည်းတွေပါဝင်တဲ့အတွကါရှောင်ကြဉ်သင့်ပါတယ်
    မော်ဒန်မေမေ
    ref: baby center
ကလေး ၄လ အရွယ်မှာဘာတွေလုပ်နိုင်နေပြီလဲ
တံတောင်ထောက်ခြင်း
  • လူတွေသူ့ကိုပြုံးပြရင်ပြန်ပြုံးပြတတ်နေပြီ
  • ဗိုက်ဆာလို့ငိုတာနဲ့ ပျင်းလို့ငိုတာနဲ့ အီးအီးရူးရူးစိုလို့ငိုတဲ့ အသံမတူတော့ဘူး
  • ပါးစပ်ကလည်း အသံမျိုးစုံ စလုပ်တတ်နေပြီ
  • လက်တဖက်ထဲနဲ့ ပစည်းတွေကိုလှမ်းကိုင်တတ်နေပြီ
  • ခေါင်းကောင်းကောင်းထောင်နိုင်နေပြီ
  • မှောက်ပေးထားရင် တံတောင်နဲ့ထောက်တတ်နေပြီ
  • အချို့ကလေးတွေက မှောက်ထားရင် ရင်ကနေကျောဖက်ကို ပြန်လှန်တတ်နေပြီ
  • ဂျိုင်းကမပေးထားရင် ခြေထောက်ကို အပြားလိုက်ချတတ်နေပြီ
  • လူတွေကိုလိုက်ကြည့် ပစည်းတွေရွေ့တာကိုလိုက်ကြည့်တတ်နေပြီ
ခြေအပြားလိုက်ချခြင်း
လက်တဖက်နဲ့ပစည်းလှမ်းယူခြင်း
ကျောမှရင်သို့ပြန်လှန်ခြင်း. ပထမပုံ
ဒုတိယပုံ
တတိယပုံ
အသံမျိုးစုံ လုပ်ခြင်း
ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်
ပထမ ဆုံးကလေးရဲ. ပထမဆုံးအရာတွေကို မေမေတွေဘယ်တော့မှမေ့နိုင်လိမ့်မယ်မထင်ပါဘူး..
ကလေးတယောက်နဲ့တယောက်ဖွံ့ဖြိုးမှုနှုန်းမတူနိုင်တဲ့အတွက် အကြမ်းဖျင်းဘာပြီးဘယ်ဘာဖြစ်မယ်ပဲခန့်မှန်းပြောဆိုနိုင်မှာပါ..ဒီမှာတော့ ဘယ်အချိန်မှာကလေး ဘာတွေလုပ်တတ်နေပြီလဲဆိုတာ ဖြေထားတာတွေ့ရမှာပါ
၂လ အရွယ်ကလေး ဘာတွေလုပ်တတ်နေပြီလဲ
  • အမေကိုပြုံးပြတတ်နေပြီ
  • အမေကိုကြည့်တတ်နေပြီ
  • အသံလာရာကိုလိုက်ကြည့်တတ်နေပြီ
  • ဂူးဂူးဂါးဂါးအော်တတ်နေပြီ
  • ခေါင်းစထောင်တတ်နေပြီ
  • လက်စုတ်တတ်နေပြီ
ref: https://www.cdc.gov/ncbddd/actearly/milestones/milestones-2mo.html
ဖြည့်စွက်စာ ဘယ်တော့စကြွေးရမလဲ
Watch your baby, not the calendar!
ကလေးတော်တော်များများဟာ ၆လဆို ဖြည့်စွက်စားပြီဆိုပေမယ့် ၆လပြည့်တိုင်း အတင်းကြွေးစရာမလိုပါဘူး.. ကလေး မစားချင်ဘူးဆိုရင် ၁ ပတ်လောက်နေမှပြန်ကြွေးကြည့်ပါ.: အချို့ကလေးတွေက ၈ လ ၉ လ နေမှ ဖြည့်စွက်စာ စစားပါတယ်..
ဖြည့်စွက်စာ စစား ပြီးဆိုပေမယ့် အမေနို့ ဒါမှ မဟုတ် ဖော်မြူလာ နို့ဘူးကိုသာ ကလေး ၁ နှစ် မတိုင်မှီအထိ..ပုံမှန်ကလေးဆာတဲ့အချိန်တိုင်းတိုက်သင့်ပါတယ်
ဖြည့်စွက်စာ စစားပြီဆိုရင်လည်း တဖြည်းဖြည်းချင်းသာ အကြိမ်ရေနဲ့ ပမာဏကို ကလေးစားနိုင်သလောက်တိုးသွားသင့်ပါတယ်…ဘယ်လိုတိုးပြီးကြွေးရမယ်ဆိုတာ အောက်က ဇယားလေးမှာဖော်ပြထားပါတယ်
တစ်နှစ်အောက်ကလေးတွေကို ဖြည့်စွက်စားမကြွေးမီ ၁နာရီ အလိုလောက်မှာမိခင်နို့ကို အရင်တိုက်သင့်ပါတယ်..အမေနို့ရည်ထဲမှာပါတဲ့ အဟာရတွေက ကလေးပုံမှန်ဖွံ့ဖြိုးဖို့အတွက်လိုအပ်ပါတယ်..
နို့အရင်တိုက်ခြင်းဖြင့် ဖြည့်စွက်စာ အလွန်အကျွန်စားသုံးမိခြင်းမှလည်းကာကွယ်စေမှာဖြစ်ပါတယ်..
အရွယ်ရောက်တဲ့ကလေးက ဖြည့်စွက်စာ စားဖို့ငြင်းနေတဲ့အခါ ဘာလုပ်မလဲ???
အချို့ကလေးတွေဟာ ဖြည့်စွက်တဲ့အစာထဲမှာပါတဲ့ဓာတ် တမျိုးမျိုးနဲ့ မတဲ့တဲ့ရောဂါရှိတတ်ပါတယ် သူတို့လေးတွေရဲ့ အစာအိမ်က ဒီ အစာမျိုးကို လက်မခံနိုင်သေးတဲ့အတွက်ငြင်းဆိုနေခြင်းဖြစ်ပါတယ်
ကလေးပုံမှန် အလေးချိန်တက်နေသရွေ့ ရူးရူး အီးအီးပါနေသရွေ့ စိုးရိမ်စရာမလိုပါဘူး ကလေး ၁ နှစ်မပြည်မှီ အထိ အဓိက အဟာရ ဟာ မိခင်နို့ မှသာဖြစ်ပါတယ်..
မေမေတွေလုပ်ရမယ့် တာဝန်ကတော့ ဖြည့်စွက်စာကို ၆လကျော်တဲ့ဘအခါ စကြွေးကြည့်ပါ.. ကလေး ကစားဖို့စိတ်မဝင်စားသေးရင်လည်းသိပ်စိတ်မပူပါနဲ့..
အချို့ကလေးတွေက ကိုယ်တိုင်လက်နဲ့ကောက်စားနိုင်တဲ့အချိန်ရောက်ရင် စားပွဲပေါ်တင်လိုက်နဲ့ အစာတိုင်းကိုစား ချင်လာတတ်ပါတယ်..
ဖြည့်စွက်စာကို ဘယ်လိုကြွေးရမလဲ..
ဆန်မှုန့် ထမင်းပျော့ပျော့ စတဲ့ အစာခြေဖျက်ရလွယ်သော အစာများကို နို့နဲ့နဲနဲရောပြီးစကြွေးပါ..
နူးအိနေအောင်ပြုတ်ထားသောအသီးအရွက်များ ကို ဒုတိယအဆင့် အနေနဲ့ကြွေးပါ..
အသီး အရွက်များကို တမျိုးချင်းသာ ၃ ရက် ၄ ရက် တခါ ပြောင်းကြွေးသင့်ပါတယ်.. ဒါမှသာ ကလေးက ဘယ် အစာနဲ့ ဓာတ် မတဲ့ သလဲ ဘယ် အစာကို ပိုကြိုက်သလဲ သိနိုင်မှာဖြစ်ပါတယ်…
ဖြည့်စွက်စာကိုမနက် သို့ နေလည် စာ အနေနဲ့သာစ ကြွေးသင့်ပါတယ်..
  • ဖြည့်စွက်စာစစားဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာများ
    • ခေါင်း ခိုင်ပြီး မတ်မတ်ထောင်နိုင်ပြီ
      ပါးစပ်ထဲထည့်ပေးလိုက်ရင် ထွေးမထုတ်ပစ်တော့ဘူး
      ငုတ်တုတ်ထိုင်နိုင်ပြီ
      မွေးခါစ ကိုယ်အလေးချိန်ထက်၂ဆတက်လာပြီ..
      အသက် ၄လ ပြည့်ပြီးပြီ
      နိ့တနေ့ကို ၈ ခါမှ ၁၀ ခါထိသောက်နေပေမယ့် တချိန်လုံးဗိုက်ဆာတဲ့အရိပ်အယောင်တွေပြနေမယ်
      သင်တခုခုစားတဲ့အချိန်တိုင်း လိုက်ကြည့်စူးစမ်းနေမယ်
    စတဲလက္ခဏာတွေပြနေရင်တော့ ကလေးအရိပ်အခြေကိုကြည့်ပြီး သူသလိုသလောက်သာ လဖ္ကက်ရေဇွန် ၁ဇွန်း ၂ဇွန်းမှစကြွေးသင့်ပါတယ်..
    မော်ဒန်မေမေ
    Ref: Guidelines for implementing a baby led approach to the introduction of solid foods
    ကိုယ်ဝန်ဆောင်နေစဉ်စိတ်တိုဒေါသထွက်ခြင်း
    ကိုယ်ဝန်ဆောင်နေစဉ်အမျိုးသမီးတွေဟာဘာမဟုတ်တဲ့သေးသေးမွားမွားကိစ္စအတွက် စိတ်တိုလွယ်တတ်ကြပါတယ် အားငယ်လည်းလွယ်ကြပါတယ်.. ဒါဟာဘာကြောင့်လဲဆိုရင် ကိုယ်ဝန်ဆောင်နေစဉ်ထွက်တဲ့ ဟော်မုန်းကြောင့်ပဲဖြစ်ပါတယ်..
    ဒါဟာဖြစ်ရိုးဖြစ်ဆင် ဆိုပင်မယ့် နေ့ရှိသရွေ့ဖြစ်လာရင်တော့ မိမိခန္ဓာကိုယ်အတွက်မကောင်းသလိုသန္ဓေသားကိုလည်းဆိုးကျိုးဖြစ်စေပါတယ်.. မိခင်တွေရဲ့ဒေါသ စိတ်ဖိစီးမှုဟာ သန္ဓေသားကို cortisol ဆိုတဲ့ဟော်မုန်း တမျိုး ပို့လွှတ်စေပါတယ်.. ဒီဟောမုန်းကြောင့် ကလေး လမစေ့မွေးခြင်း ပေါင်မပြည့်မွေးခြင်းနဲ့အခြား မိခင်ရောရင်သွေးမှာပါ ဆိုးကျိုးရလဒ်တွေကိုဖြစ်ပေါ်စေပါတယ်..
    ဒီလို မဖြစ်ရအောင်အောက်ပါ အချက်တွေလိုက်နာကျင့်သုံးပြီးမိမိစိတ်ကိုထိန်းနိုင်ပါတယ်..
    ၁။ Rest အနားယူပါ
    အပြင်မှာအလုပ်လုပ်နေတဲ့မိခင်တွေအတွက်ခက်ခဲနိုင်ပေမယ့် ဒါကိုဂရုစိုက်ပြီးလုပ်ပေးစေချင်ပါတယ်
    ⁃ ၁နာရီမနားတိုင်းအလုပ်လုပ်ပြီးတိုင်း ၁၀ မိနစ်နားပါ
    ⁃ နေ့လည် နာရီဝက်ခန့် အိပ်စက်အနားယူပါ
    ⁃ ညဘက် အနည်းဆုံး ရနာရီမှ ၈ နာရီ အိပ်စက်အနားယူပါ
    ⁃ ၅ မိနစ်ခန့်တရားထိုင်တာပဲဖြစ်ဖြစ် yoga လုပ်တာပဲဖြစ်ဖြစ်လုပ်ပါ။
    ၂။ Recharge အားပြန်ဖြည့်ပါ
    ⁃ ကလေးရောလူကြီးအတွက်သင့်တင့်မျှတတဲ့ ကျမ်းမာရေးနဲ့ညီညွတ်တဲ့အသီးအနံများစားပါ။
    ⁃ မိနစ်၃၀ခန့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနေ့တိုင်းလုပ်ပါ (ရေကူးခြင်း ၊လမ်းလျှောက်ခြင်း)
    ⁃ အဟာရရှိတဲ့အစားအစာကို ပမာဏနည်းနည်း နှင့် တနေ့၅ခါမှ ၆ခါစားပါ.. တစ်ထိုင်တည်း ထမင်းဗိုက်ပြည့်အောင်စားမယ့်အစား
    ၃။ Reconnect ပြန်လည်ဆက်သွယ်ပါ
    ကိုယ်ဝန်ဆောင်နေစဉ်မှာကလေးအတွက်ပဲ စိတ်ထဲမှာရှိနေပေမယ့် ကိုယ့်ခင်ပွနး်ယောကျာင်္းကိုမေ့လျော့မထားပါနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်းမေ့လျော့မထားပါနဲ့.. ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေကိုလည်းမေးလျော့မထားပါနဲ့ (ဥပမာ စာအုပ်ဖတ်တာ၊ပန်းချီဆွဲတာ)
    ၄။ Remove conflict and stress အငြင်းပွားမှုတွေ စိတ်ဖိစီးမှုတွေကိုရှောင်ပါကိုယ့်ကိုဒေါသထွက်အောင်ဖြစ်စေမယ့်အရာတွေကိုတတ်နိုင်သမျှရှောင်ပါဒေါသထွက်လာရင် အာရုံလွှဲလိုက်ပါ လမ်းလျောက်ထွက်တာပဲဖြစ်ဖြစ် စာအုပ်ဖတ်တာ တရားထိုင်တာ စတာတွေလုပ်လိုက်ပြီးမေ့မေ့ပျောက်ပျောက်နေလိုက်ပါ..
    ၅။Release လွှတ်ချလိုက်ပါ
    တချိန်လုံး ၂၄နာရီတော့ပျော်ရွှင်နေဖို့ဆိုတာမဖြစ်နိုင်ပါဘူး.. အဲ့ဒီတော့ ဖြစ်ကိုဖြစ်ရမယ် ရကိုရရမယ် ပျော်ရွင်နေရမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေကိုတော့ဆုပ်ကိုင်မထားစေချင်ပါဘူး..ကိုယ်စိုးရိမ်နေတဲ့အရာတွေကိုချရေးပါ.. နေ့စဉ်စိတ်ခံစားမှုတွေကိုုမှတ်တမ်းပြုစုထားပါ.. ယုံကြည်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆွေးနွေးတိုင်ပင်ပါ….
    ၁။ Rest အနားယူပါ
    ⁃ ညဘက် အနည်းဆုံး ၇နာရီမှ ၈ နာရီ အိပ်စက်အနားယူပါ
    ကိုယ်ဝန်ဆောင်နေစဉ်မှာကလေးအတွက်ပဲ စိတ်ထဲမှာရှိနေပေမယ့် ကိုယ့်ခင်ပွန်းယောကျာင်္းကိုမေ့လျော့မထားပါနဲ့ မိတ်ဆွေသူငယ်ချင်းတွေကိုလည်းမေ့လျော့မထားပါနဲ့.. ကိုယ်ဝါသနာပါတဲ့ အလုပ်လေးတွေကိုလည်းမေးလျော့မထားပါနဲ့ (ဥပမာ စာအုပ်ဖတ်တာ၊ပန်းချီဆွဲတာ)
    တချိန်လုံး ၂၄နာရီတော့ပျော်ရွှင်နေဖို့ဆိုတာမဖြစ်နိုင်ပါဘူး.. အဲ့ဒီတော့ ဖြစ်ကိုဖြစ်ရမယ် ရကိုရရမယ် ပျော်ရွင်နေရမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေကိုတော့ဆုပ်ကိုင်မထားစေချင်ပါဘူး..ကိုယ်စိုးရိမ်နေတဲ့အရာတွေကိုချရေးပါ.. နေ့စဉ်စိတ်ခံစားမှုတွေကိုမှတ်တမ်းပြုစုထားပါ.. ယုံကြည်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆွေးနွေးတိုင်ပင်ပါ….
    ဖြစ်လာတဲ့စိတ်တွေအပေါ်မှာခံစားမနေပဲ စိတ်တိုလာပြီဆိုရင်ဒီအချက်ငါးချက်ကို သတိရလိုက်ပါ။
    ကိုယ်ဝန်ဆောင်တွေ တက်သင့်သော အလေးချိန်ပမာဏ
    မိမိကိုယ်ဝန်မရှိခင် ခန္ဓာကိုယ်အလေးချိန်နဲ့ အရပ်ဘယ်လောက်ရှည်တာလဲပေါ်မူတည်ပြီး ကိုယ်ဝန်ဆောင်နေစဉ် ဝိတ်ဘယ်လောက်တက်သင့်တယ် ဆိုတာတစ်ယောက်နဲ့တစယောက်ကွာခြားပါတယ်…. အလေးချိန်ကီလိုဂရမ်ကိုတည်ပြီး အရပ်မီတာ နှင့်စားလျင် BMI လို့ခေါ်တဲ့ကိုယ်အလေးချိန်ညွှန်းထားရပါတယ်… calculator link လေးပေးထားပါတယ်.
    ခန္ဓာကိုယ်ညွနှ်းထား BMI တွက်ဖို့ အောက်က လင့်ကိုနှိပ်ပါ
    https://www.cdc.gov/healthyweight/assessing/bmi/adult_bmi/english_bmi_calculator/bmi_calculator.html
    ခန္ဓာကိုယ်အလေးချိန်BMI 18.5 -24.9 ရှိတဲ့သူတွေကတော့ ပေါင်ချိန် ၂၅ မှ ၃၅ ထိတက်လာရင် ပုံမှန်ပါပဲ..
    ပထမ ၃လမှာ ၁ပေါင်မှ ၅ ပေါင်အထိတက်နိုင်ပြီး ဒုတိယအပိုင်း၃ လမှ မမွေးခင်ထ တစ်ပတ်တစ်ပေါင်နှုန်းတက်ရင်အကောင်းဆုံးပါပဲ..
    အဝလွန်တဲ့သူတွေနဲ့ ပိန်လွန်းတဲ့လူတွေ အတွက် တက်သင့်တဲ့ ဝိတ် ပမာဏကိုတော့ အောက်မှာဖော်ပြထားပါတယ်….
    သတ်မှတ်ထားတာထက်ပိုပြီးတက်ခြင်းလျော့ပြီးတက်ခြင်းများဟာ လမစေ့ကလေး မွေးခြင်းနဲ့ အလွန်ထွားတဲ့ကလေးတွေမွေးဖွားတတ်တာမို့ မွေးဖွားရခက်ခဲခြင်းတို့ကိုလည်းဖြစ်စေပါတယ်…မိခင်လောင်းများကိုယ်တိုင်လည်း ကိုယ်ဝန်ဆောင်ဆီးချိုသွေးတိုး စတာတွေဖြစ်တတ်တာမို့ အထူးပဲသတိထားစေချင်ပါတယ်…
    မော်ဒန်မေမေ
    ref: CDC, baby center
    ကလေး ကို ကတုံးတုံးပေးရင် ဆံပင်ပိုသန်နိုင်သလား ????
  • မိဘတိုင်းဟာကိုယ့်သားသမီးကိုအကောင်းဆုံးပဲဖြစ်စေချင်ရစေချင်ကြတာမို့ ဒီမေးခွန်းကို သမီးမွေးထားတဲ့ မေမေတော်တော်များများ မေးဖူးကြမှာပါ..ကိုယ်ပိုင်တဲ့သားသမီးမို့ မိမိစိတ်တိုင်းကျလုပ်နိုင်တယ်ဆိုပေမယ့် ဒီ အချက်လေးတွေသိထားတော့ ဟိုသူပြောယုံရမလိုဒီသူပြောယုံရမလိုမဖြစ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြမှာပါ..
  • သိပ္ပံနည်းပညာအရဖြေရင် ဂတုံးတုံးတိုင်းဆံပင်ပိုမသန်ပါ..ဆံပင်တစ်ချောင်းဆီဟာ ဦးရေအောက်မှာရှိတဲ့ဆံပင်အရင်းအမြစ် အစီဖုကနေရှင်သန်နေတာပါ.. ဂတုံးတုံးလိုက်ခြင်းဖြင့် ဦးရေအောက်မှာရှိတဲ့အစီဖုကို သက်ရောက်ခြင်းမရှိတဲ့အတွက် ဆံပင်လဲပိုမများလာနိုင်ပါဘူး
    ဆံပင် အဖျောင့် အကောက် အထူ အပါးဟာ မျိုးရိုးဘီဇနဲသာ ဆိုင်ပါတယ် ကတုံး ဘယ်နှစ်ခါတုံးသလဲဆိုတာနဲ့မဆိုင်ပါ
    တကယ်တမ်းကတော့ မွေးဆံပင်ဟာ အရှည်အတိုမညီပါဘူး နောက်ပြီး ဆံပင်အုန်းစားလို့ဖြစ်တဲ့ ပြောင်နေတဲ့နေရာတွေနဲ့ ကြည့်လို့မကောင်းလို့ ဂတုံးတုံးပေလိုက်တဲ့အခါ ဆံပင်တွေက တပြေးညီ တချိန်တည်းပြန်ပေါက်လာတဲ့အတွက် ထူတယ်လို့ထင်ရနိုင်တာပါ..
    သို့သော် မိဘတွေအနေနဲ့ ဆံပင် အရှည်ညီအောင် ဂတုံးတုံးပေးချင်တယ်ဆိုရင်လည်းဒီအချက်လေးတွေကိုဖတ်ပြီး လိုက်နာကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်..
    • ကလေး ခေါင်းခိုင်ပြီး ငုတ်တုတ်ထိုင်နိုင်တဲ့အရွယ်ရောက်မှတုံးပေးသင့်ပါတယ်…ဒါမှသာ မလိုလားအပ်တဲ့ ထိရှမှုတွေကိုကာကွယ်နိုင်မှာပါ..
    • ကလေးစိတ်ကြည်နေမှ ကတုံးတုံးပါ..
    • ကလေးမွေးဆံပင်တွေက အရမ်းရှည်နေရင် အရင်ဆုံးကပ်ကျေးနဲ့ညှပ်ပါ ပြီးမှဂတုံးတုံးပါ..
    • ဆံပင်ကိုခေါင်းလျော်ရှည်နဲ့ အရင် နယ်ပေးပါ ဂတုံးတုံးရတာပိုလွယ်ကူစေပါတယ်…
    • ဂတုံးတုံးပြီးရင် ဆံပင်တွေဖယ်ရှားပေးပြီးကျက်သီးနွေးရေနဲ့ရေစိမ်ချိုးပေးပါ…
    • ဘရိတ်ဓားနဲ့တုံးရင် ထိရှတဲ့ဒဏ်ရာသေးသေးလေးတွေကနေလည်းရောဂါပိုးဝင်နိုင်တာမို့ disinfectant ပိုးသတ်တဲ့ cream လိမ်းဆေးလေးလိမ်းပါ..
    • ယားယံခြောက်သွေ့ခြင်းမှကာကွယ်ရန် ဂတုံးကို အုန်းဆီ သို့ lotion လိမ်းပေးပါ
    မောဒန်မေမေ